Latest Movie :
Recent Movies
Underworld:Blood Wars(2016)မြန်မာစာတန်းထိုး
Super Hreo Movie ​တွေချည်းပဲ အပြိုင်​အဆိုင်​ရိုက်​​နေတဲ့ ​ခေတ်​ကြီးမှာ Vampire Vs Lycan ဆိုရင်​ပဲ လူတိုင်း​မျှော်​လင့်​တကြီးနဲ့ ကြည့်​ချင်​ကြပါတယ်​ (အရသာ အ​ပြောင်းအလဲ​လေး ​ပေးတာကိုး)။ Underworld ဟာဆိုရင်​ Vampire ​တွေနဲ့ Lycan ​တွေ ဘာ​ကြောင့်​ ထာဝရရန်​သူ​တွေဖြစ်​​နေရတာလဲဆိုတာကို ယုတ္တိတန်​စွာနဲ့ ဇာတ်​အိမ်​ခိုင်​မာစွာ ရှင်းပြခဲ့တဲ့ တစ်​ခုတည်း​သော ဇာတ်​လမ်းဖြစ်​ပါတယ်​(Twilight မှာ​တောင်​ တစ်​ခန်း နှစ်​ခန်းစာပဲ ပါတယ်​)။ ပြီး​တော့ Vampire Lycan ဆိုတာ​တွေဟာ Supernatural Creatures ​တွေ မဟုတ်​ပဲ သက်​ဆိုင်​ရာ Virus ​ကြောင့်​ဖြစ်​ရတာပါတဲ့(ကဲ မမိုက်​ဘူးလား၊ စိတ်​ကူးယဉ်​ဇာတ်​လမ်းကြီးကို သိပ္ပံနည်း မကျ ကျ​အောင်​ ဆွဲစိလိုက်​တာ)။ ခိုင်​မာတဲ့ ဇာတ်​အိမ်​​တွေနဲ့ ပရိသတ်​ကို ဆွဲ​ဆောင်​နိုင်​ခဲ့တဲ့ Underworld ဟာဆိုရင်​ဖြင့်​ အချစ်​အလွမ်းအကြမ်း ရသစုံ​ပေးနိုင်​ဖို့ ခပ်​မိုက်​မိုက်​ရိုက်​ချက်​​တွေနဲ့ ခရီးဆက်​ခဲ့တာ ယခု ငါးကား​မြောက်​ ထွက်​ရှိလာတဲ့အထိပါပဲ(​ခြောက်​ကား​မြောက်​လည်း လာဦးမှာပါ စီစဉ်​​နေပြီတဲ့)။
Underworld: Blood Wars အ​ကြောင်းမ​ပြောခင်​ ​ရှေ့ကား​လေး​တွေ ပြန်​​နွှေးကြည့်​ရ​အောင်​။
(1)**ပထမဆုံးက​တော့ Underworld ပါပဲ(​နောက်​မှ ဘာ extension မှကိုမပါတာ)။ ပထမဆုံး​သော introduction ဖြစ်​တာနဲ့ အညီ Vampire Lycan ​တွေအ​ကြောင်း အကျဉ်းနဲ့ အဓိကဇာတ်​​ကောင်​ Selene ရဲ့ မိသားစုအတွက်​ ​သွေး​ကြွေးဆပ်​ရန်​ကြိုးစားပုံ Lycan ဖြစ်​တဲ့ Micheal နဲ့ ချစ်​ခဲ့မိပုံ​တွေနဲ့ ဇာတ်​အိမ်​ဖွဲ့ထားပါတယ်​။
(2)**Underworld: Evolution မှာ​တော့ သူတို့ ချပြချင်​တဲ့ ဇာတ်​အိမ်​ဖွဲ့မှု​တွေကို အ​သေးစိတ်​ချယ်​မှုန်းလာပါပြီ။ Vampire ​တွေရဲ့ ​အစပထမဖြစ်​တဲ့ စွမ်းအားအကြီးဆုံး ​ခေါင်း​ဆောင်​​တွေက အလှည့်​ကျ အုပ်​ချုပ်​​နေတာတဲ့။ မှားယွင်းတဲ့ ​ခေါင်း​ဆောင်​ Viktor ကိုထိန်းချုပ်​ဖို့ အနားယူ​နေတဲ့ Markus ကို သူတာဝန်​ယူရမယ့်​ ရာစုနှစ်​မတိုင်​ခင်​​စောနှိုးလိုက်​ပါတယ်​။ ​နောက်​မှ သိလိုက်​ရတာက Markus ဟာ ပထမဆုံး​သော Vampire ဖြစ်​တဲ့အပြင်​ ပထမဆုံး​သော Lycan ဖြစ်​တဲ့ William နဲ့  အမွှာညီအစ်​ကို ဖြစ်​​နေတာပါပဲ။ အရှုပ်​အ​ထွေး​တွေ လျှို့ဝှက်​ချက်​​တွေကို ရှင်းရင်းနဲ့ Viktor Marcus William ဆိုတဲ့ ရန်​သူ​တော်​သုံးဦးကို Selene နဲ့ Micheal တို့ ရင်​ဆိုင်​ရပါ​တော့တယ်​။ အဆုံးသတ်​​တော့ Micheal က Vampire Lycan hybrid ဖြစ်​သွားပြီး Selene က​တော့ Markus နဲ့ William တို့မရှိ​တော့တဲ့​နောက်​ သူတို့ ဖခင်​ဖြစ်​တဲ့ Alexander Corvinus ရဲ့ မျိုးစိတ်​နှစ်​ခုလုံးရဲ့ အစပထမ Pure Blood ကိုဆက်​ခံသူဖြစ်​လာတယ်​။
(3)**Underworld: Rise of the Lycans က​တော့ X Men: First Class ပုံစံမျိုးပါ။ ဟိုးအတိတ်​ ရာစုနှစ်​များစွာက Vampire နဲ့ Lycan ​တွေ မဟာရန်​ဖက်​ဖြစ်​လာရတဲ့ အ​ကြောင်းရင်းကို အ​ခြေခံပြီး ဇာတ်​အိမ်​တည်​ထားပါတယ်​။
(4)**Underworld: Awakening မှာ​တော့ Vampire ​တွေ Lycan ​တွေရဲ့ အန္တရာယ်​ကိုမြင်​လာတဲ့ လူသား​တွေဟာ မျိုးနွယ်​နှစ်​ခုလုံးကို အဆုံးသတ်​ဖို့ ကြိုးစားလာပါတယ်​။ လူသား​တွေရဲ့ ဖမ်းဆီးမှုကို ခံရပြီး​နောက်​ ထွက်​​ပြေးရာမှာ Selene တစ်​​ယောက်​ Micheal နဲ့ လူစုကွဲပြီး David ဆိုတဲ့ Vampire ရယ်​ Eve ဆိုတဲ့​ကောင်​မ​လေးတစ်​​ယောက်​ရယ်​နဲ့ဆုံ​တွေ့ခဲ့ပါတယ်​။ ​နောက်​ပိုင်းမှ Eve ဟာ Selene နဲ့ Micheal တို့ရဲ့ သမီးဖြစ်​​နေပြီး မျိုးနွယ်​နှစ်​ခုလုံးအတွက်​ ကုထုံးသာမက ​ကြောက်​စရာအ​ကောင်းဆုံး လက်​နက်​ပါဖြစ်​လာနိုင်​တဲ့ စွမ်းအားဗီဇ​တွေ ရှိ​နေတာ သိလာရပါတယ်​။ သမီးအတွက်​ Vampire ၊ Lycan ၊ Human ဆိုတဲ့ Race သုံးခုလုံးလက်​က လွတ်​​အောင်​ကြံ​ဆောင်​ရပါ​တော့တယ်​။
ယခု Underworld: Bloodwars မှာ​တော့ Lycan ​တွေအတွက်​ Marius ဆိုတဲ့​ခေါင်း​ဆောင်​တစ်​​ယောက်​ ​ပေါ်ထွက်​လာပါတယ်​။ ထူးဆန်းတာက သူ့မှာ ​ပျောက်​ဆုံး​နေတဲ့ Micheal ရဲ့ Hybrid ability မျိုးရှိ​နေတာပါပဲ။ Marius ရဲ့ ဦး​ဆောင်​မှုနဲ့ Lycan ​တွေဟာ စနစ်​တကျ တပ်​ဖွဲ့ပြီး Dark Age တစ်​​လျှောက်​ တစ်​ခါမှ မရှိဖူးခဲ့တဲ့ အင်​အားမျိုးနဲ့ Vampire ​တွေကို ထိုးစစ်​ဆင်​လာပါတယ်​။ အ​ခြေစိုက်​စခန်း​တွေ တစ်​ခုပြီးတစ်​ခု ​ချေမှုန်းခံလာရတဲ့ Vamp ​တွေအ​နေနဲ့လဲ Selene ရဲ့ Viktor ကိုသတ်​ခဲ့တဲ့ ပြစ်​ဒဏ်​ကို ဆိုင်းငံ့ပြီး အင်​အားဖြည့်​တင်း​ပေးဖို့ အကူအညီ​တောင်းရပါ​တော့တယ်​။ Race နှစ်​ခုလုံးက အလိုရှိ​နေတဲ့ သမီးကို ကာကွယ်​ဖို့ကြိုးစားရင်း Marius တင်​မက ကိုယ်​နဲ့မျိုးနွယ်​တူ သစ္စာ​ဖောက်​ကိုပါရင်​ဆိုင်​ရပါ​တော့တယ်​။ ပျင်းရိချိန်​မရှိ​လောက်​​အောင်​ ဇာတ်​ကွက်​စိပ်​လွန်းသလို ​ပျောက်​ဆုံး​နေတဲ့ Micheal ၊ Selene ကိုယ်​တိုင်​​တောင်​ ဘယ်​​ရောက်​​နေမှန်းမသိတဲ့ သမီးဖြစ်​သူ Eve ၊ David ရဲ့ ဘယ်​သူမှမသိ​သေးတဲ့ လျှို့ဝှက်​ချက်​ အစရှိတဲ့ အရှုပ်​အ​ထွေး​တွေကြားထဲက Marcus ၊ Viktor ၊ Amelia ​ခေတ်​လွန်​ Vampire ကမ္ဘာကို အုပ်​စိုးသူ မည်​သူဖြစ်​လာမှာလဲဆိုတာကို အပီအပြင်​ရိုက်​ကူးပုံ​ဖော်​ထားပါတယ်
ရှားရှားပါးပါးထွက်​ရှိလာတဲ့ Dark Age ကား​ကောင်း​လေးတစ်​ကားမို့ လက်​မလွတ်​တမ်း ကြည့်​ရှုကြပါဦးလို့ တိုက်​တွန်းရင်းနဲ့ပဲ........
Review & Translate by hTaG
Encoded by Hein Min Htet
Quality-webDl 720p
Size -660mb-360mb
Download Big Size(660mb)
Small size is soon
Jennifer’s Body (2009) 
IMDb : 5.1 
ဂျနီဖာဆိုတာ ကျောင်းမှာ သိပ်ဟော့တဲ့ Cheerleader မိန်းကလေး။ ခန္ဓာကိုယ်ကောက်ကြောင်းတွေ ပေါ်လွင်အောင် Sexy ကျတယ်။ လှတယ်။ သဘောကောင်းတယ်။ နက်ဒီကတော့ မျက်မှန်ထူထူနဲ့ စာကြမ်းပိုးမလေးပေါ့လေ။ ဒီလို ဆန့်ကျင်ဖက်နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြတာလည်း ရဲတင်းတဲ့ ဂျနီဖာကြောင့်ပေါ့။ ယောင်္ကျားလေးတိုင်း သဘောကျတဲ့ ဂျနီဖာ့ကို နက်ဒီက သိပ်အားကျတယ်။ ဒီလို လှတပတ သူငယ်ချင်းမကြောင့် ဘယ်နေရာမဆို မျက်နှာပွင့်တာပေါ့။ ဒါပေမယ့် အလှဟာ တစ်ခါတစ်ရံမှာ ဘ၀ပျက်စေအောင် ကြောက်မက်ဖွယ်ကောင်းတာ ဂျနီဖာရော နက်ဒီပါ မသိခဲ့ဘူး။ တစ်ညမှာ သူတို့မြို့လေးကို နယ်လှည့်ဖျော်ဖြေတဲ့ ဂီတသမားတစ်ဖွဲ့ ရောက်လာခဲ့တယ်။ နက်ဒီတောင် ကြိတ်ကြွေသွားမိတဲ့ တီးဝိုင်းခေါင်းဆောင် ခပ်မိုက်မိုက်ချာတိတ် နီကိုလိုင်က ဂျနီဖာ့ကို ချိန်းနေတာ တွေ့တော့ အလွန်အကျွံ့မဖြစ်ဖို့တောင် မှာမိသေးရဲ့။ ဒါပေမယ့် နက်ဒီထင်မှတ်ထားတဲ့ အလွန်အကျွံ့ဟာ ဂျနီဖာ ကြုံလိုက်ရတာနဲ့ မတူပါဘူး။ နောက်နေ့က စပြီး ဂျနီဖာ အမူအယာတွေ သိသိသာသာ ပြောင်းလဲလာတယ်။ ကောင်လေးတွေကို ပိုပြီး မြူဆွယ်ဖျားယောင်းလာတတ်ပြီး ရက်စက်ကြမ်းတမ်းလာတဲ့ ဂျနီဖာ့ကို နက်ဒီ မျက်ဝါးထင်ထင် တွေ့လိုက်ပြီးတဲ့နောက် အချစ်ဆုံးသူငယ်ချင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရတော့မယ်။ အဲဒီလျှို့ဝှက်ချက်ဟာ နက်ဒီ ထင်မှတ်ထားတာထက် ပိုမိုဆိုးဝါးကြောက်မက်ဖွယ်ကောင်းနေတဲ့အခါ အချစ်ဆုံးသူငယ်ချင်းအတွက် လက်စားချေဖို့ ဆုံးဖြတ်လိုက်တော့တယ်။ Jennifer’s Body ဟာ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျောင်းသားကားတစ်ကားဖြစ်ရုံမျှမက ကိုကိုတို့အသည်းကျော် Megan Fox နဲ့ Amanda Seyfreid တို့နှစ်ယောက်ကို ကြည့်နေရတာနဲ့တင် တန်လွန်းပါတယ်။ Megan ရဲ့ ညှို့အားပြင်းအကြည့်တွေနဲ့ ၀တ်လစ်စလစ် ခန္ဓာကိုယ်အလှတွေ၊ Amanda ရဲ့ ဖြူဖြူစင်စင် အပြုံးလေးတွေကြားမှာ မျောနေတုန်း ဟင်ခနဲ ဟာခနဲ ကြက်သီးထသွားစေအောင် လုပ်ပေးကြပါလိမ့်မယ်။
 Translated by KHINE NI NI SHEIN
 Encoded by WAIYAN PHILIP
 Filesize – 770 MB
Download Here
Southbound (2015) 
 IMDb : 5.9 
Rotten Tomatoes : 81%
အတိတ်ရဲ့ အရိပ်ဆိုးတွေကနေ ထွက်ပြေးလာတဲ့ လူနှစ်ယောက်၊ ပွဲတစ်ခုဖျော်ဖြေဖို့သွားတဲ့ ဂီတသမား ကောင်မလေး သုံးယောက်၊ အိမ်ပြန်တဲ့ ဟိုင်းဝေးလမ်းမှာ မိန်းကလေးတစ်ယောက်ကို ကားနဲ့တိုက်မိရာက အဖြစ်ဆိုးနဲ့ ကြုံရတဲ့ လုပ်ငန်းရှင်တစ်ယောက်၊ ပျောက်ဆုံးနေတဲ့ ညီမကို လိုက်ရှာနေတဲ့ အစ်ကို တစ်ယောက်၊ ပျော်ပွဲစားထွက်လာတဲ့ ထွက်လာတဲ့ မိသားတစ်စု စတဲ့ မတူညီတဲ့ အဖြစ်အပျက်ငါးခု တစ်နေရာတည်း လာဆုံကြတာ ကံဆိုးတာလား၊ ကံကောင်းတာလား။ သေချာတာကတော့ သူတို့အားလုံး ပြန်လမ်းမဲ့သွားကြမယ့်ပုံ ပေါ်ပါတယ်။ ဟိုင်းဝေးလမ်းမပေါ်မှာ မတူညီစွာ မက်ခဲ့ရတဲ့ စိတ်နယ်လွန် အိပ်မက်ဆိုးတွေရဲ့ ဆုံမှတ်လို့ခေါ်ရမယ့် နေရာတစ်ခုမှာ ဘယ်သူတွေ လွတ်မြောက်မှာလဲ။
Southbound ကို IMDb မှာ Fantasy, Horror, Thriller လို့ ဖော်ပြထားပြီး ဝေဖန်ရေးသမားတွေကတော့ Indie Film စစ်စစ်ပါလို့ မှတ်ချက်ချပေးခဲ့တယ်။ ရုပ်ရှင်တစ်ကားတည်းမှာ The Guest, V/H/S, The Pact, Devil’s Due စတဲ့ ဒါရိုက်တာ ၇ ယောက်က လက်စွမ်းပြထားတာကလည်း ထူးခြားတဲ့ အချက်ပါ။ 3 AM, Phobia စတဲ့ အာရှဇာတ်ကားတွေကို အနောက်တိုင်းစတိုင်နဲ့ ကြည့်ရသလိုမျိုး ဖန်တီးထားတာကြောင့် trailer ကြည့်ရုံနဲ့တော့ နားလည်မှာ မဟုတ်သလို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကြောင့် ပရိသတ်များ အကြိုက်တွေ့မှာတော့ အသေအချာပါပဲ။
Quality : Blu-Ray 720p
Size : 765 MB 
Download Here
မရဏဂစ်တာရှင် (သို့မဟုတ်) Desperado (1995)
IMDb : 7.2
Zorrow မင်းသားကြီး အန်တိုနီယို ဘန်ဒါးရက်စ် တစ်ယောက် ဂစ်တာတစ်လက် သေနတ်တစ်ဖက်ကိုင်ပြီး ကြမ်းခဲ့တဲ့ Desperado ဟာ 90’s Kids တွေအတွက် အမှတ်ရစရာပါပဲ။ ဆံပင်ရှည်ရှည် ဂျစ်တီးဂျစ်ကန်ရုပ်နဲ့ ညှို့အားပြင်းတဲ့ အကြည့်ပိုင်ရှင် မက္ကစီကန်သား သေနတ်သမားလေးဟာ နှုတ်ခမ်းနီမလေးတွေကြားမှာ အတော်လေး ရေပန်းစားခဲ့သလို လူဆိုးတွေနဲ့ သွေးသံရဲရဲ အသေအကြေသတ်ပုတ်ကြတဲ့ အခန်းတွေကလည်း ပီပြင်လှပါတယ်။ တကယ်တော့ ဒီကားဟာ El Mariachi ဆိုတဲ့ ရုပ်ရှင်ရဲ့ အဆက်လို့ပြောရင် ပိုမှန်ပါမယ်။ ပထမကားမှာ နယ်လှည့်ဖျော်ဖြေတဲ့ ဂီတသမားလေးတစ်ယောက်ကို လူဆိုးတွေက လူမှားပြီး လိုက်သတ်ကြပါတယ်။ သူ အသက်ရှင်ကျန်ခဲ့ပေမယ့် သူ့ချစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒီကားမှာတော့ အရင်ဇာတ်လမ်းကို အကျဉ်းချုပ်တင်ပြရင်း လူဆိုးတွေကို လိုက်လံရှာဖွေကာ သူ့ချစ်သူအတွက် ကလဲ့စားချေတဲ့အကြောင်း ဖြစ်ပါတယ်။ MPAA က ဒီကားကို အိပ်ယာပေါ်က အခန်းတွေကြောင့် အစက NC 17 သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တချို့အခန်းတွေဟာ မိသားစုကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေပါဝင်ပါတယ်လို့ သတိပေးလိုက်ပါရစေ။ ကောင်းဘွိုင်အက်ရှင်ဆန်ပြီး အကြမ်းပတမ်းပစ်ခတ်သတ်ပုတ်တာတွေ ကြိုက်ရင်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း။
Translate by: Wai Phyo Thu
Encode & Present by: Waiyan Philip
Quality 720P HD
Size 750MB
Pcloud Download 
Lake Erie (2016)မြန်မာစာတန်းထိုး
GC ပရိတ်သတ်ကြီးထဲက Friday night မှာ horror ကားကို တစ်ယောက်ထဲကြည့်ရဲပါတယ်ဆိုတဲ့သူတွေအတွက် 2016 သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးချင်ပါတယ်
Lake Erie ဆိုတာကတော့ North America မှာရှိတဲ့ အကြီးဆုံးရေကန် ငါးခုထဲက လေးခုမြောက်ကန်ဖြစ်ပါတယ် အမျိုးသားရုတ်တရက် ဆုံးရှုံးလိုက်ရပြီး စိတ်ကောလူကော ပြန်ကျန်းမာလာဖို့ကြိုးစားနေတဲ့ မုဆိုးမတစ်ဦးဟာ Lake eerie မှာ ရှိတဲ့ အိမ်ဟောင်းတစ်ခုကိုပြောင်းရွှေ့လာပြီးနောက် အမှောင်ထုရဲ့ လျှို့ဝှက်ချက်တွေကို တွေ့ရှိလာပြီး Lake eerie မှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာ သိရှိသွားတဲ့အခါ သွေးပျက်ကြောက်လန့်စရာတွေကို ကြည့်ရှုရမယ့် horror/ thriller ကားလေးကိုတင်ဆက်လိုက်ရပါတယ်
တစ်ယောက်ထဲမကြည့်ရဲရင်လည်း လူစုပြီးကြည့်ကြပါလို့ ... ;) ။
Review by: ဆလတ်ရွက်
Translate by: War So
Encode by: Hein Min Htet
Size - 740 MB
Quality -WebRip 720P
Download Pcloud link
Banjo (2016) မြန်မာစာတန်းထိုး
ဒီ Banjo ဆိုတဲ့ Bollywood ကားလေးကတော့ မွန်းဘိုင်းမြို့
ဂီတလောကတစ်ခုရဲ့ စံပြုစရာကောင်းလှတဲ့ ဘင်ဂျိုတီးသမား
(Reteish Deshmakh)ဆိုတဲ့ ဘင်ဂျိုတီးသမားလေးဟာ တက်သစ်စအဆိုတော်ဖြစ်တဲ့ ခရစ်စ် (Nargis Fakhri) ကို
ရှာရင်းနဲ့ စထားတယ်... ခရစ်စ် ဟာလည်း နယူးယောက်မြို့ ကနေ မွန်ဘိုင်းဆိုတဲ့ အိန္ဒိယမြို့ လေးကို ခက်ရာခဲဆစ် မိဘတွေသဘောမတူ အပြောဆိုခံထိနေတဲ့ကြားထဲကနေ မဖြစ်ဖြစ်အောင်အရောက်လာခဲ့ပြီး သူမနဲ့ စိတ်တူကိုယ်တူဖြစ်မယ့် (တာရက်လို) တမူထူးခြားဆန်းသစ်တဲ့ ဘင်ဂျိုတီးသမားကိုရှာဖို့ ပါ...
ခရစ်စ်ရဲ့ အိပ်မက်ကတော့ ဆန်းသစ်လှတဲ့ ဂီတတွေကိုဖန်တီးပြီး နိုင်ငံတကာကို ထိုးဖောက်ချင်ခဲ့တယ်...ပြီးတော့ ထူးခြားချက်အနေနဲ့ ဒီ Banjo ဇတ်ကားလေးမှာ ပါဝင်တဲ့ (သရုပ်ဆောင်တွေအကုန်လုံး ) အထူးသဖြင့် မင်းသားကြီး Reteish Deshmakhကို မြင်နေကျ Fresh ဖြစ်တဲ့ ပုံစံကနေ ကွဲထွက်ပြီး ဆင်းရဲနွမ်းပါးလှတဲ့ ဆင်ခြေဖုံးရပ်ကွက်ထဲက ဘင်ဂျိုတီးသမားအဖြစ်တွေ့ မြင်ရမှာဖြစ်တယ် ဆင်းရဲပြီး လမ်းဘေးဂီတသည်သမားဆိုတဲ့ ဘဝကို ချမပြဘဲ သီးသန့် နေလာခဲ့တဲ့ သနားစရာကောင်းတဲ့ ဘင်ဂျိုသမားတစ်ဦး ... တာရက်ဟာလူတကာက လမ်းဘေးဂီတသည် ဘင်ဂျိုသမားတွေကို ဘယ်သူမှ လူရာမသွင်းတဲ့ ဘဝ ကိုအသားပေးပြီး ပီပြင်စွာသရုပ်ဆောင် ခဲ့တယ် တာရက်ဟာလည်း တကယ်တော့ သူ့ ဘင်ဂျိုဂီတကို နိုင်ငံတကာချပြချင်တဲ့ စိတ်ကူးလေးရှိခဲ့ပါတယ် ...နောက်ဆုံး ခရစ်စ်ဟာ
တာရက်ကို ရှာတွေပေမယ့်လည်း မွန်ဘိုင်းမြို့ ဆင်းရဲသား
Review & Translate by: Anny Sharr
Encode by: Sai Ko
Quality -720P HD
Size 1.1GB
Download PCloud Link 1.1GB
The Grudge 2 (2006) (မြန်မာစာတန်းထိုး)
Imdb 5/10
The grudge 1အပြီး 2မှာဆိုရင်ဖြင့် ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင် ပထမပိုင်း မီးလောင်သွားတဲ့အိမ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ Karen ကို ဆေးရုံမှာထိန်းသိမ်းထားတဲ့အခြေအနေ။အဲ့မှာ USA မှာကျန်နေတဲ့ သူ့အမေက သူ့ကိုပြန်ခေါ်ဖို့ သူ့အစ်မ Aubrey ကို Tokyo ကိုလွှတ်လိုက်တယ်...ကံဆိုးစွာနဲ့ပဲ အမဖြစ်သူနဲ့ပြန်တွေ့တဲ့အချိန်မှာပဲ သူ့ကို kayako သတ်လိုက်ပြီ..အဲ့နောက်မှာ Aubrey က သူ့ညီမဘာကြောင့်သေသွားခဲ့လဲဆိုတာ စုံစမ်းဖို့စတင်ခဲ့တော့တယ်..ထိုအချိန် အထက်တန်းကျောင်းက ကောင်မလေး ၃ယောက်ကလဲ အဲ့အိမ်ကြီးထဲခိုးဝင်ခဲ့ကြပြီး ကျောင်းသူလေးတယောက်ကို ဘီဒိုထဲဝင်ခိုင်းပြီး စနောက်ခဲ့ကြတယ်...တစ်ဖက်မှာလဲ Chicago မှာ Trish တို့မိသားစုက တိုက်ခန်းတစ်ခန်းကို ပြောင်းလာခဲ့တယ်...သူတို့ အိမ်နီးချင်းရဲ့အခန်းက ထူးဆန်းတဲ့အသံတွေကြားကြားနေရပြီး နောက်ဆုံး ဘယ်လိုဖြစ်မယ် Kaako ကလဲ ဘယ်လိုတွေကြောက်စရာကောင်းအောင်လိုက်ခြောက်လဲဆိုတာကို the grudge2လေးမှာ ဆက်လက်ရင်တထိတ်ထိတ်ခံစားလိုက်ပါဦးနော်
review & translate by Phoo Phoo
Encode by: Hein Min Htet
Quality 720P Br-Rip
Size 800MB
Pcloud LInk
OPenload Link
Two Weeks (2013) မြန်မာစာတန်းထိုး
Two Weeks (2013) မြန်မာစာတန်းထိုး
ပျိုမေတို့အသည်းစွဲ လီဂျွန်ကီရဲ့ လှုပ်လှုပ်ရှားရှား ၂၀၁၃ ခုနှစ်က ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ထယ်ဆန်းဟာ လူဆိုးဂိုဏ်းတစ်ခုမှာပါဝင်ပတ်သက်နေတဲ့လူတစ်ယောက်ပါ။ အင်ဟေးဆိုတဲ့အမျိုးသမီးလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီး သူမကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ အခြားလူတစ်ယောက်
သတ်ထားတဲ့ လူသတ်မှုကို သူက ကိုယ်စားဝင်ခံရဖို့အခြေအနေတစ်ခုကြုံတွေ့လာရပါတယ်။ လူသတ်မှုကို သူကိုယ်စားအပြစ်မခံယူခဲ့ရင် အင်ဟေးကို သတ်ပစ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ပါ။ ဒီလိုနဲ့ သူထောင်ကလွတ်လာတဲ့အခါ သူ့မှာသမီးလေးရှိနေခဲ့ပြီး သမီးလေးမှာ သွေးကင်ဆာရောဂါ
ခံစားနေရတာကိုသိလိုက်ရတဲ့အခါ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့ အချိန်နှစ်ပတ်ပဲကျန်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူဟာ လူသတ်မှုတစ်ခုနဲ့ထပ်မံအဖမ်းခံလိုက်ရတဲ့အခါမှာတော့...
အခုနောက်ပိုင်း သုံးပွင့်လေးပွင့်ဆိုင်တွေထပ်လာချိန်မှာ ဒီကားလေးကိုပြန်ကြည့်သင့်တဲ့စာရင်းထဲထည့်ကြည့်သင့်တယ်လို့ထင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေ၊ အသက်လုရုန်းကန်လှုပ်ရှားမှုတွေနဲ့ ဇာတ်အိမ်အချိုးအပြောင်းတွေကြောင့်
ပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်လမ်းတွဲလေးဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါ။
Translate by: Star Let
Reviewed by:Scarlet Phoenix
Encoded by: Sinn Sinn
Size: 400MB
Storks (2016) မြန်မာစာတန်းထိုး
ပရိသတ်တွေအကြီးအကျယ်အားပေးခဲ့တဲ့ The Lego Movie ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ အနားယူနေရာကနေ ပြန်လည်အသက်ဝင်လာခဲ့တဲ့ Warner Animation Group ရဲ့ဒုတိယမြောက်ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။နာမည်ကြီးဟာသရုပ်ရှင် Forgetting Sarah Marshall ကိုရိုက်ကူးပေးထား သလို လက်ရှိအချိန်မှာလည်း Neighbors 2: Sorority Rising ဟာသဇာတ်ကားကိုရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Nicholas Stoller နဲ့ Pixar ရဲ့ Animated Short Film တွေထဲကနာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ Presto ( မျက်လှည့်ဆရာနဲ့သူ့ကိုမုန်လာဥမကျွေးလို့ပြပွဲမှာ ပြဿနာရှာတဲ့ယုန်ကလေးတို့ရဲ့ဟာသဇာတ်လမ်းဖြစ်ပါတယ်) ကိုဖန်တီးရိုက်ကူးပေးထားတဲ့ Doug Sweetland ( သူ့အတွက်ဒါရိုက်တာအဖြစ်ပွဲဦးထွက်လာတဲ့လက်ရာပါ ) တို့ကပူးပေါင်းရိုက်ကူးပေးထားတာဖြစ်ပါတယ်။ Hotel Transylvanian ဇာတ်ကားတွေမှာ ဂျိုနသန်အဖြစ်အသံသရုပ်ဆောင်ထားတဲ့ Andy Samberg ကအဓိကဇာတ်ကောင် ဌက်ကြား ဂျူနီယာရဲ့နေရာမှာ အသံသရုပ်ဆောင်ပေးလာမှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ငှက်ကြားတွေက ကလေးငယ်လေးတွေကိုချီချီလာပြီးမိခင်တွေဆီကို ပေးပို့ပေးတဲ့ဇာတ်ဝင်ခန်းတွေကိုမြင်တွေ့ဖူးကြမှာပါ။ ဒါဟာဥရောပတိုက်ကစတင်ခဲ့တဲ့ယူဆချက်လေးဖြစ်ပြီး ဒီဇာတ်ကားကတော့အဲဒီအကြောင်းလေးကိုစိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ယခင်ကတည်းကကလေးတွေကိုပို့ဆောင်ပေးခဲ့တဲ့ ငှက်ကြားတွေဟာယခုအချိန်မှာတော့ ကလေးပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ငန်းကြီးတစ်ခုအနေနဲ့ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ဂျူနီယာလို့အမည်ရတဲ့ ငှက်ကြားဟာညွှန်ကြားချက်မရဘဲကလေးတစ်ယောက်ကိုဖန်တီးမိလိုက်တာကြောင့် ဒီပြဿနာကိုဘယ်သူမှမသိရှိခင်ကြိတ်ဖြေရှင်းဖို့ ကြိုးစားရပုံကိုရိုက်ကူးပုံဖော်ထားတဲ့ ကာတွန်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရွှေရုပ်ရှင်ပရိတ်မျာျးမြင်ခံစားနိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်။
Review credit 5 cartoon
Translate by: Aung Sid Thway
Encode by: Hein Min Htet
Quality -720 BlueRay
Size 680MB
Inferno (2016) မြန်မာစာတန်းထိုး
Imdb - 6.4/10
2016 update မှ update တွေစောင့်မျှော်နေတဲ့ ကျွန်တော်တို့ရဲ့ ရွှေရုပ်ရှင်ပရိတ်သတ်တွေအတွက် ၂၀၁၆ အောက်တိုဘာလက ထွက်ရှိထားတဲ့ မင်းသားကြီး Tom Hanks ရဲ့ ဇာတ်ကားအလန်းကြီး Inferno ကိုတင်ဆက်ပေးလိုက်ပါပြီ။ Liberty University ရဲ့ professor Robert Longdon အဖြစ် Tom Hanks ရဲ့ Davinci code နဲ့ Angels and demons ရဲ့နောက်ဆက်တွဲ လျှို့ဝှက်သည်းဖို မှုခင်းကားပဲဖြစ်ပါတယ်။
အီတလီကဆေးရုံတစ်ရုံမှာ မေ့မြောနေရာက သတိရလာတဲ့ Prof. Longdon ဟာ မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရ မမှတ်မိတော့ပါဘူး သူ့ကိုပြန်သတိရလာစေဖို့ Dr.Sienna Brooks (Felicity Jones) ကကြိုးစားပေးနေတုန်းမှာပဲ သူ့ကိုလိုက်သတ်နေတဲ့ လူသတ်သမားတွေနဲ့ ရန်ကထွက်ပြေးရဖို့ဖြစ်လာပါတယ် Longdon နဲ့ Sienna တို့ လူသတ်သမားတွေလက်က ရှောင်ပုန်းရင်း သူတို့တွေ့ရှိတဲ့ သင်္ကေတတွေ ကိန်းဂဏန်းတွေ ပဟေဠိတွေကနေ ကမ္ဘာလူဦးရေ တစ်ဝက်လောက်ကို မျိုးဖြုတ်ပစ်မယ့် ဗိုင်းရပ်စ်ပိုးရန်ကြီး အကြောင်းကို သိရှိသွားပြီး ဘယ်လိုကာကွယ်ဖို့ကြိုးစားကြမလဲဆိုတာ စိတ်လှုပ်ရှားစရာရသနဲ့ လျှို့ဝှက်သည်းဖို ပဟေဠိတွေကို ခံစားကြည့်ရှုနိုင်ကြပါစေလို့..... ။
Reviewed by: ဆလတ်ရွက်
Translated by: Chit Mee
Encoded by: Hein Min Htet
Quality: HDrip 720p 950MB/350MB
The Admiral (2014) မြန်မာစာတန်းထိုး
Imdb 7.1/10
မင်္ဂလာပါ ပရိသတ်ကြီး၊ သမိုင်းဝင်စစ်ပွဲတွေကို အခြေပြုပြီး ၇ိုက်ကူးထားတဲ့ အာရှရုပ်ရှင်ကား တွေဟာ ခုနောက်ပိုင်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ နေရာကောင်းတစ်ခု ရယူလာနိုင်ပြီဖြစ်ပါတယ်။ အဲဒီလို စစ်ကားကောင်းကောင်းလေးတွေအများကြီးထဲကမှ... The Admiral ဆိုတဲ့
Korean Movie တစ်ခုကို. ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။
ရုပ်ရှင်ဝေဖန်ရေးသမားအချို့က..The Admiral ဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အကောင်းဆုံးသော သမိုင်းဝင်ရုပ်ရှင်ကား တစ်ကား ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကို လွန်လွန်ကျူးကျူး ညွှန်းဆို ထားကြပါတယ်။ တစ်ဖက်က ကျွန်တော်တို့ လိုပဲ Lao Tzu တို့ Zhuge Liang တို့လို Strategist တွေအကြောင်း စိတ်ဝင်စားတတ်ကြတယ်ဆိုရင် The Admiral ရဲ့ ဇါတ်ကောင် Yi Sun-Sin လို
Korea ရဲ့ နာမည်ကျော် စစ်သေနာပတိ တစ်ဦးကိုလဲ လေ့လာတွေ့ရှိကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီ ဇါတ်လမ်းမှာ 1597 ခုနှစ်က Korea သမိုင်းဝင် နာမည်ကျော် မြောင်ဂါယန်း တိုက်ပွဲ (Battle of Myeongryang)မှာ Japan ရေတပ်အင်အား အဖွဲ့ပေါင်း 330 ကို ကျန်ရှိတဲ့စစ်သင်္ဘော ၁၂ စီးနဲ့ Admiral Yi တစ်ယောက် ဘယ်လိုခုံခံတိုက်ခိုက်ခဲ့တယ် ဘယ်လို နည်းဗျူဟာတွေကို အသုံးပြုခဲ့တယ်... ဆိုတာကို ပရိသတ်ကြီး ရှုမြင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။
Drama ပိုင်နိုင်တဲ့ Korean တွေရဲ့ သမိုင်းဝင်တိုက်ပွဲတစ်ခုကို ဘယ်လိုဖော်ကျူးထားတယ်ဆိုတာ ခံစားကြည့်ရှုပေးပါဦးခင်ဗျ။Translator Hnin Hnin မှ Goldchannel ပရိသတ်ကြီးအတွက် မြန်မာဘာသာ ပြန်ဆိုထားပြီး Encoder Bro Hein Min Htet မှ... အဆင်ပြေကောင်းမွန်စွာကြည့်ရှုခံစားနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Review by:  Sugar
Translate by: Hinin Hnin
Encode by: Hein Min Htet
The Ant Bully (2006) မြန်မာစာတန်းထိုး
Imdb - 5.9/10
လူးကပ်စ် လို့ခေါ်တဲ့ ကောင်လေးဟာ ကျောင်းမှာ အရှုံးသမားတစ်ယောက်အဖြစ် အမြဲအနိုင်ကျင့်ခံနေရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.။ အနှိမ်ခံ အနိုင်ကျင့်ခံ ရာမှဖြစ်ပေါ်လာတဲ့ ဒေါသတွေနာကျည်းမှု့တွေကို သူ့အိမ်ခြံဝင်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေ အပေါ်ကိုပုံချပြီး ပုရွက်ဆိတ်တွေရှိတဲ့တောင်ပို့ကြီးကို ရေသေနတ်နဲ့ပစ် ခြေထောက်နဲ့ နင်းချေစသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးလေ့ရှိပါတယ်.။
     လူးကပ်စ်ရဲ့ ဒုက္ခပေးမှု့ကို ခံရပါများလာတဲ့ ပုရွက်ဆိတ်တွေဟာ မခံမရပ်နိုင်တဲ့ အဆုံးမှာ ပြန်လဲကလဲ့စားချေဖို့လုပ်ဆောင်ကြပါတော့တယ်.။
ပုရွက်ဆိတ်တွေရဲ့ မှော်ဆေးရည်အစွမ်းနဲ့လူးကပ်စ်ကို ပုရွက်ဆိတ်အရွယ်အစားဖြစ်အောင် ပြုစားလိုက်ကြပြီး ပုရွက်ဆိတ်ကမ္ဘာမှာ လူးကပ်စ် ဘ၀အတွက်သင်ခန်းစာတွေကို စသင်သင်ကြားရပါတော့တယ်.။
ဟာသ ဘ၀သင်ခန်းစာ အက်ရှင် စတာတွေနဲ့ ရောမွေထားတဲ့ Ant Bully ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို ခံစားရင်း ဘ၀အမောတွေပြေနိုင်ကြပါစေ..။
Translate by: Showy Shane
Encode by: Hein Min Htet
Quality -720P HD
Size 800MB
The Grudge (2004) မြန်မာစာတန်းထိုး
Imdb - 5.4/10
မင်္ဂလာပါခင်ဗျာ၊ The Grudge ဟာ Horror Movie fan တွေရဲ့အကြားမှာ မကြည့်ဖူးသူ မရှိလောက်အောင် ဒိတ်ဒိတ်ကြဲ အောင်ပွဲခံခဲ့တဲ့ ခြောက်ခြားစရာ Horror Movie တစ်ခုဖြစ်ပါတယ်း။ Parody တွေအနေနဲ့တောင် ပြန်လည်နောက်ပြောင်ရိုက်ကူးကြတဲ့အထိ အောင်မြင်မှုရခဲ့တဲ့ The Grudge ဟာ sequel အနေနဲ့..  နှစ်နှစ်ခြားစီ 2 နဲ့ 3 ကို ဆက်လက်ရိုက်ကူးပြသခဲ့ပါတယ်။ အခါအခွင့်သင့်မယ်ဆိုရင်ဖြင့် The Grudge 2 နဲ့ The Grudge 3 ကိုလဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ မူရင်း ဂျပန်ဇါတ်လမ်း Ju On- The Grudge ကိုပဲ ဇါတ်ညွှန်းပြန်ခွဲပြီး ရိုက်ကူးထားတဲ့အတွက် နဂိုဇါတ်လမ်းအတိုင်း Japan နိုင်ငံ Tokyo မြို့မှာ ဇါတ်လမ်းကို အခြေတည်ထားပါတယ်။ နာမည်ကျော် ရုပ်ရှင်ကားဟောင်းတစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုပြီးတဲ့သူတွေအတွက် ဇါတ်လမ်းကို ပြန်နွှေးပေးရင်းနဲ့ မကြည့်ရသေးတဲ့ပရိသတ်တွေအပါ တစ်လက်စတည်း မိတ်ဆက်သဘော ဖော်ပြပါရစေခင်ဗျ။ Karen ဆိုတဲ့ အမေရိကန်သူနာပြုဆရာမလေးဟာ... Tokyo မြို့ကို အလုပ်အကိုင်နဲ့ ပြောင်းရွှေ့လာပါတယ်။ ပထမဦးဆုံးသော သူမ ပြုစုစောင့်ရှောက်ရမယ့် လူနာနဲ့ အဲဒီလူနာရဲ့အိမ်မှာ...  ရက်စက်ကြမ်းကြုတ်တဲ့ မကျွတ်မလွတ် ပရလောကသား တစ္ဆေတစ်ကောင်ရဲ့ ရက်ရက်စက်စက် ခြောက်လှန့်မှုတွေဟာ.. စိတ်နှလုံးမခိုင်တဲ့သူတွေအဖို့ အတော်လေးကို သွေးပျက်စရာကောင်းလှပါတယ်ခင်ဗျ။ ဥပမာ တစ်ခုအနေနဲ့... ပွဲဦးထွက် အခန်းမှာတင် အိမ်ဖော်မလေးတစ်ယောက် အမှောင်ထဲမှာ ဖယောင်းတိုင်မီးလေးနဲ့.. လှည့်ပါတ်စူးစမ်းနေချိန်မှာ ရုတ်တရက် ပေါ်ပေါက်လာမယ့် Kayako ရဲ့ ပြကွက်မျိုးဟာ ကျောစိမ့်စရာ ကြက်သီးတွေ ဖျဉ်းခနဲ ထသွားမယ့် scene မျိုး ဖြစ်ပါတယ်။ Kayako ဟာ ဘာကြောင့် အဲ့ဒီအိမ်ကြီးထဲမှာ မကျွတ်မလွတ်ဘဲ စွဲလန်းတွယ်ကပ်နေရသလဲ၊ ဘာကြောင့် လာသမျှ လူတိုင်းကို အနှောင့်အယှက် တွေပေး၊ ပူးဝင်နေရသလဲဆိုတာ ပထမပိုင်းမှာကြောက်လန့်စရာတစ်ခုဖြစ်နေပမယ့် နောက်ကြောင်းကို ပြန်လည်ပြသချိန်မှာတော့ သူမရဲ့ ကရုဏာသက်စရာ အတိတ်ဟောင်းကို သနားစရာ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ Horror Movie fan များနဲ့ The Grudge ရဲ့ အရသာကို ပြန်လည်ခံစားလိုသူများအတွက် အမှတ်တရ ကျွန်တော်တို့ Goldchannel မှ တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by:Phyo Ko Ko
Encoded by: Hein Min htet
Quality & Size: BRrip 720p 700 MB
Chongqing Hot Pot (2016) မြန်မာစာတန်းထိုး
မင်္ဂလာပါ
ဒီတစ်ခါတော့ Gold channel ပရိသတ်ကြီးအတွက် IMDB - 6.7 ရထားတဲ့ တရုတ်ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြည့်လိုက်တော့ ''ချုံချင်းဟော့ပေါ့'' ဆိုတော့ ဇာတ်ကားနာမည်ကိုက စိတ်ဝင်စားဖို့မကောင်းလိုက်တာဆိုပြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ နောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရလောက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
ဇာတ်လမ်းကတော့ ချုံချင်း ဆိုတဲ့ တရုတ်ပြည်မြို့လေးတစ်မြို့မှာ ဟော့ပေါ့ဆိုင်တစ်ဆိုင် စပ်တူဖွင့်ထားတဲ့ လူငယ်သုံးယောက်ကို အခြေတည်ထားပါတယ်။
အလယ်တန်းကျောင်းကတည်းက တစ်တန်းတည်းအတူတူတက်ခဲ့ကြတဲ့
လူဘို ရှုထောင် နဲ့ လေးလုံးတို့က ကျောင်းပြီးတဲ့နောက်မှာလည်း အိုင်ဒီယာဆန်းဆန်းလေးတွေနဲ့ လိုဏ်ဂူတစ်ခုရဲ့အဝမှာ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်စပ်တူဖွင့်ခဲ့ကြပါတယ်။ သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဆိုတာထက်ကိုပိုပြီး ညီရင်းအကိုတွေလို နေလာခဲ့ကြပါတယ်။ သူတို့ထဲက လူဘိုကတော့ လောင်းကစားဝါသနာထုံတဲ့သူပေါ့။ လောင်းကစားသမားပီပီ ချေးထားတဲ့အကြွေးတွေကလည်းရှိနေတာပေါ့။
အပြိုင်အဆိုင်တွေအရမ်းများလာတဲ့အခါ သုံးယောက်ပေါင်းဖွင့်ပေမယ့် နှစ်ယောက်က ဆိုင်ကိုသိပ်အာရုံတစိုက်မရှိလှတဲ့အတွက် ရငွေနဲ့အရင်းမကာမိဖြစ်လာတဲ့အချိန်…………
လူဘို့ကို ပိုက်ဆံချေးထားတဲ့ သူဌေးကလည်း ဇွတ်အတင်းအကြွေးတောင်းရင်း ပထမတစ်ခါချိန်းတဲ့ရက်မှာမပေးနိုင်လို့ တပည့်တပန်းတွေနဲ့ ကောင်းကောင်းဝိုင်းဆုံးမခံလိုက်ရတဲ့အချိန်………
အဲ့ဒီအခြေအနေမှာ သူတို့ဆိုင်လေးကို လိုဏ်ဂူဧရိယာချဲ့ရင် သူဌေးတစ်ယောက်က လိုအပ်တဲ့ငွေပမာဏနဲ့ လာရင်းနှီးမယ်လို့ပြောတဲ့အတွက် အပိုမကုန်ရအောင် သူငယ်ချင်းတစ်တွေ ကိုယ်တိုင် လိုဏ်တူးရင်း မရည်ရွယ်ပါဘဲနဲ့
ဘဏ်တစ်ခုရဲ့ ငွေတိုက်ခန်းကို ဖောက်မိသွားတဲ့အချိန်မှာ………
ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါ အခြိမ်းခြောက်ခံနေရချိန်
ဘေးကြပ်နံကြပ် ပြသနာကြုံနေရချိန်မှာ…
ကိုယ်ကျင့်သိက္ခာဆိုတဲ့အရာကို ဘယ်လောက်ထိထိန်းသိမ်းထားနိုင်မလဲ?
လောဘရဲ့သွေးဆောင်မှု အခက်အခဲတွေရဲ့တွန်းအားပေးမှုကို
ဘယ်လောက်အထိရုန်းကန်နိုင်မလဲဆိုတာတွေအပြင်
ညီအကိုတစ်ပိုင်းလိုကို ချစ်ခဲ့ကြတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းစိတ်ဓာတ်တွေကိုပါ ဒါရိုက်တာ Qing Yang က လှလှပပလေးထည့်သွင်ူရိုက်ကူးပြသွားတဲ့ ဒီဇာတ်ကားမှာ
Baihe Bai, Hao Qin နဲ့ Kun Chen တို့သရုပ်ဆောင်ထားပါတယ် …။
ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်လိုက်ဖြစ်သူ လူဘိုရဲ့နေရာကို အစားဝင်ပြီး ငါသာဆို ဘယ်လိုများရွေးမိမှာလဲဆိုတဲ့အတွေးနဲ့ ပြီးတဲ့အထိ မထတမ်းကြည့်ချင်သွားမယ့်… အချိန်ပေးရကျိုးနပ်မယ့်… bill ကုန်ခံ down ရကျိုးနပ်မယ့်… ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ GC ပရိသတ်တွေရေ။
Review & Translated by: Thorny Phyoe
Size -780mb
Quality - 720P Bluray
Castaway On The Moon (2009) မြန်မာစာတန်းထိုး
Imdb - 8.2/10
မင်္ဂလာပါ၊ ပထမဦးစွာ ကြိုတင်ပြီး အကြံပြုလိုတာကတော့ Korean Movie fan တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ... ဒီ Castaway on the moon ဟာ ပထမဦးစားပေးကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။ South Korea မှာ ၀င်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် Creative ဖြစ်လွန်းတဲ့ ဇါတ်ညွှန်းရဲ့ စေစားမှုကြောင့် ဝေဖန်ရေးဆရာတွေ ဘ၀င်ကျခဲ့ရတဲ့ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ Tom Hanks ရဲ့ Castaway ကနေ idea ရသွားသယောင်ယောင်ပဲလို့ တွေးမိပါတယ်။ :D ဒါပေမယ့် Tom Hanks ရဲ့ Castaway ဟာ သမုဒ္ဒရာထဲက ကျွန်းကလေးတစ်ကျွန်းအပေါ်မှာ အခြေတည်ပြီး ဒီ Movie မှာတော့ .. မြို့လည်ခေါင်မှာ ထီးတည်း တည်ရှိနေတဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ဇါတ်ကောင်ကို နေရာချထားပါတယ်။ ဒါပေမယ့် ဇါတ်လမ်းရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံတွေမှာ လုံးဝကို ကွဲပြားခြားနားနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျ။
အချစ်ရေး၊ လူမှုရေး၊ အဘက်ဘက်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လူရွယ်တစ်ယောက်ဟာ ဘ၀ကို လက်လွှတ်အရှုံးပေးတဲ့အနေနဲ့ တံတားတစ်ခုပေါ်ကနေ သူ့ကိုယ်သူ ခုန်ချ အဆုံးစီရင်ပစ်လိုက်ပါတယ်။ သတိမေ့သွားခဲ့ပြီး သူပြန်လည်နိုးထလာတဲ့အချိန်မှာ သေနေ့မစေ့သေးဘူးဆိုတဲ့စကားနဲ့အညီ ကျွန်းကလေးတစ်ကျွန်း ရဲ့ ကမ်းခြေပေါ်ကို သူရောက်ရှိနေခဲ့ပါတယ်။ ကျွန်းကနေ မြို့ဆီကို ပြန်ကူးဖို့အတွက် လှေတစ်စင်းရှိမှ အဆင်ပြေမယ်ဆိုတာ သူသိရှိထားပါတယ်။ ဒါပေမယ့် လှေလဲ မရှိ၊ ဘာဆိုဘာမှမရှိတဲ့ကျွန်းငယ်လေးပေါ်မှာ သူ့အတွက်တစ်ခုတည်းသောရွေးချယ်မှုက ကျွန်းကလေးပေါ်မှာပဲ ကယ်သူမလာမချင်း စတည်းချနေထိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့.. တောကြီးမျက်မည်းထဲမှာ ယနေ့ခေတ်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ခက်ခက်ခဲခဲ တွေ ဖြတ်သန်းနေထိုင်မလဲဆိုတာ ကို အတွေးဆန်းဆန်းလေးတွေနဲ့ tricks လေးတွေ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီိလို တစ်ကိုယ်ရည် အထီးကျန်နေတဲ့သူ့ကို တစ်ခါတစ်ရံမှာ မှန်ဘီလူးနဲ့ မြို့ထဲကနေ ကြည့်ရှု အကဲခတ်နေတဲ့သူ တစ်ယောက်ရှိနေပါတယ်။ အကဲခတ်နေတဲ့သူ ရဲ့ စိတ်အထင်မှာ..  ကျွန်းကလေးပေါ်က ဇါတ်ကောင်ဟာ သူ့အတွက် အာကာသထဲကနေ ပေးပို့လိုက်တဲ့ သူငယ်ချင်း alien တစ်ယောက်လို့ ထင်မှတ်မှားနေတယ်ဆိုတာကို ပရိသတ်ကြီး သိရှိလာရပါလိမ့်မယ်ခင်ဗျာ၊ ကျွန်းကလေးပေါ်က အထီးကျန်လူတစ်ယောက်နဲ့ မိုင်တွေခြားနေတဲ့ တစ်ဖက်စွန်းက သူ့လို အထီးကျန်နေသူတစ်ယောက်တို့ ဘယ်လို ဆုံစည်းကြမလဲ၊ သူတို့အချင်းချင်း ဘယ်လို commuicate လုပ်ကြမလဲ ဆိုတာလေးတွေက ဇါတ်လမ်းဖန်တီးသူရဲ့ အံ့အားသင့်စရာ ဇါတ်လမ်းလှည့်ကွက်လေးတွေဖြစ်ပါတယ်။ 2009 ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ Movie လေးတစ်ခုဖြစ်တဲ့အတွက်.. ချစ်ပရိသတ်ကြီး အတွက် မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Translated by: May Moe Myint
Encoded by: Hein Min Htet
Quality & Size: BRrip 720p 850MB
Wish (2013) မြန်မာစာတန်းထိုး
Wish(Hope)2013
ဒီကားလေးဟာဆိုရင်ဖြင့်
ခုလက်ရှိ ကျွန်တော် တို့ဆီမှာ လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးဇာတ်ကားလေးတစ်ကားပါ
မိဘတိုင်းကြည့်ထားသင့်တဲ့ ဇာတ်လမ်းလေးပါ။ ကိုရီးယား ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားပြီး ပိရိသတ်အားပေးမှု Rating * 8.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဆုတွေ တသီကြီးရရှိထားပြီး ပရိသတ်ရဲ့ ရင်ထဲကို massage တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။
ဇာတ်လမ်းလေးကတော့....
အရမ်းအလုပ်ရှုပ်တဲ့ လင်မယားနှစ်ယောက်မှာ ဆူရမ်ဆိုတဲ့ ၈နှစ်အရွယ် ချစ်သရာသမီးငယ်လေး တစ်ယောက်ရှိပါတယ်...
အလုပ်ကိုယ်စီနဲ့မို့ သမီးငယ်လေးကိုလည်း ထင်သလောက် ဂရုမစိုက်နိုင်အားပဲ ဆူရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့ကလေးမလေးပါ။
မိုးတွေသည်းနေတဲ့တနေ့....ဆူရန်ကျောင်းနောက်ကျနေလို့ ကျောင်းကိုသွားရမယ့် လမ်းအတိုင်းမသွားပဲ ဖြတ်လမ်းကနေ သွားပါတော့တယ်။ ဆူရန် သွားနေတဲ့ လမ်းလေးမှာ....မထင်မှတ်ပဲ တွေ့လိုက်ရသူကတော့ အရက်တွေမူးနေအောင် သောက်ထားတဲ့ အိမ်ယာမဲ့သမားတစ်ဦးပါ.....။
သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခု တက်လာခဲ့တာကတော့ ကျောင်းဖြတ်လမ်းက အဆောက်အဦး ပျက်ထဲမှာ ၈နှစ်အရွယ် မိန်းကလေးတစ်ဦး လူမဆန်စွာ အစော်ကားခံရပြီး မျက်နှာတစ်ခုလုံးလည်း ရိုက်နှက်ခံထါးရလို့ ဖူးယောင်နေပြီး သတိလစ်မေ့မျောနေတယ် ဆိုတဲ့ သတင်းပါ။  ကြားသိရတဲ့သတင်းဆိုးကြောင့် ဆူရန့်မိဘတွေ ရင်ကွဲရပါတော့တယ်။
ဆူရန်မှာ အရွယ်နဲ့မမျှအောင် ခံစားလိုက်ရတဲ့... အသိစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် ဆူရန့်ခမျာ ဖခင်ရင်းကိုတောင် အနားမကပ်ခံတောင်ပဲ အကြောက်ကြီးကြောက်သွားပြီး ဘဝကို အရမ်း ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံ မေးငေါ့သံ စကားသံတွေကို ဆူရန်လေး... ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး.... ဖြစ်ရတဲ့ မိဘနှစ်ပါးရဲ့ သောက....
အရက်မူးနေလို့ အသိစိတ်မရှိလို့ ဒီလိုဖြစ်ရတာပါဆိုပြီး....တရားခံရဲ့လျှောက်လဲချက်....
မတရားတဲ့.... လျှောက်လဲချက်တွေ...ပြစ်ဒဏ်ချမှတ်မှုတွေ.....
ခု ကျွန်တော်တို့ လတ်တလော မြင်တွေ့နေရတဲ့... သက်ငယ်မုဒိမ်းမှု...
ကျွန်တော်တို့တွေ ဖြစ်စေချင်နေချင်ကြတဲ့... ပြစ်ဒဏ်ချမှတ်မှု....
အားလုံး...အားလုံးကို... ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားရမှာပါ...😢😢😢
ပန်းများအားလုံး မွှေးပျံပါစေ....
ပန်းဖူးလေး ဘဝကနေပြီး အန္တရာယ်ကင်းစွာနဲ့ ဖူးပွင့်ကြစေဖို့ ဥယျာဉ်မှူး တို့ကလည်း သတိလေးနဲ့ စောင့်ရှောက်ကြပါဗျာ 😪😪😪😪
သိပ်မကြာခင် မှာ GCGoldchannel မှာ တင်ဆက်ပေးတော့မှာပါ 😊
Review by May Satt Thu
Translate by Winnie Ngoon & Phyo Thant
Encoded by Hein Min Htet
size & quality: 880mb\350mb
Download & Watch အကြီး
Download & Watch အသေး
The Babysitter (2007) မြန်မာစာတန်းထိုး
Imdb 5.7/10
မင်္ဂလာပါ၊ ငွေကြေးရဲ့ ကျေးကျွန်အဖြစ် ရုန်းကန်နေရတဲ့ ယနေ့ခေတ်လူတွေအကြားမှာ... လိုအင်ဆန္ဒတိုင်းကိုသာ ချုပ်တည်းမထားနိုင်ရင်ဖြင့် အမှောင်တကာ့ အမှောင်ဆုံး ချောက်နက်ကြီးထဲကို ရောက်မှန်းမသိရောက်သွားနိုင်တယ်ဆိုတာ အသိတရားရစရာတစ်ခုအဖြစ် ဟောဒီ Babysitter ဆိုတဲ့ Movie လေးက မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် အသိဥာဏ် မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေမှာ..ဆင်ခြင်တုံတရားဆိုတာ ဘယ်လောက်ထိအရေးပါသလဲဆိုတာ...  ရှုစားကြရမှာဖြစ်ပါတယ်။ Imdb ရဲ့ Parental Guide အဆင့် R အဖြစ်သတ်မှတ်ထားတဲ့အတွက် ၁၈ နှစ်အထက် သာကြည့်ရှုရမယ့် Scene လေးတွေ ပါဝင်ပါတယ်ဆိုတာ သတိပြုပေးပါခင်ဗျ။
၁၇ နှစ်သာ ရှိသေးတဲ့ အထက်တန်းကျောင်းသူလေး Shirley ဟာ ပညာရေး အတွက်ကျောင်းဆက်တက်နိုင်ဖို့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ကျောင်းစရိတ်ကိုဖြည့်တင်းနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနောက်နိုင်ငံရဲ့ လူနေမှု ဓလေ့ထုံးစံအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဲဒီလို အချိန်ပိုင်း ငှားရမ်းထားတတ်ကြပါတယ်။ Shirley ဟာ. သူမတာဝန်ယူထိန်းကျောင်းရတဲ့ကလေးငယ်တစ်ယောက်ရဲ့ ဖခင်နဲ့ ငြိစွန်းပြီးခဲ့ကြတဲ့နောက်ပိုင်းမှာ.. သူမရဲ့ Customer types ဟာ ပြောင်းလဲလာပါတော့တယ်။ ငွေကြေးအတွက်၊ စားဝတ်နေရေးအတွက်၊ ဘယ်တော့မှ ဖြည့်ဆည်းလို့ မပြည့်တင်းလာနိုင်တဲ့ လိုအပ်ချက်တွေအတွက် Shirley ရဲ့ ဘ၀ နစ်မွန်းခဲ့ရပြီ ဖြစ်ပါတယ်။ ဘာကြောင့်များ ရိုးရိုးသားသား ကလေးထိန်းအလုပ်ကနေ ... အချိန်ပိုင်း ဆန္ဒဖြည့်ဆည်းပေးရတဲ့အလုပ်ကို Shirley ကလဲ ကျေကျေနပ်နပ် နဲ့ ကူးပြောင်းခံယူခဲ့တယ်လို့ ပရိသတ်ကြီး ယူဆပါသလားခင်ဗျ။ သူမအနေနဲ့ အဲဒီဘ၀မှာကျင်လည်လိုက်ရတယ်ဆိုတာ သူမရဲ့ အတိတ်က အရိပ်တွေရဲ့ ရိုက်ခတ်မှု တစ်ချို့လဲ ပါဝင်တယ်ဆိုတာကို Movie ကို ကြည့်ရှုရင်း ဖြည်းဖြည်းချင်း တွေ့ရှိစာနာမိလာမှာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ..  မပြည့်စုံတဲ့ မိန်းကလေးတွေရဲ့ ဘ၀ဟာ. ခြေလှမ်းတစ်ချက်မှားတာနဲ့. ပြန်လည်ပြင်ဆင်မရနိုင်အောင် အမှားကြီးမှားတတ်ကြောင်းကို ထင်ဟပ်ပြထားတဲ့ Movie တစ်ခုဖြစ်ပါတယ်လို့ ... ညွှန်းဆိုချင်ပါတယ်ခင်ဗျာ။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by:The Wai Hann
Encoded by:Hein Min Htete
Quality & Size: 720P Blueray -750MB
Circle of Atonement (2015) မြန်မာစာတန်းထိုး
Circle of Atonement (2015) မြန်မာစာတန်းထိုး
Imdb - 6.2/10
မင်္ဂလာပါ၊ Crime film တွေ တောင့်တနေတဲ့ ချစ်ပရိသတ်ကြီးအတွက် Korean Movie လေးတစ်ခု လာပါပြီခင်ဗျာ။ Hollywood ကို Inspire ယူဟန်ရှိတဲ့ Korean Directorရဲ့ ဇါတ်လမ်းဖွဲ့စည်းပုံ၊ အချိုးအကွေ့ တွေက နာမည်ကြီး Bruce Willi တို့ Liam Neeson တို့ရဲ့ Crime film တွေနဲ့ ဆင်တူနေသယောင်ရှိပါတယ်။  ဒါက ကျွန်တော်တို့ အမြင်ပါ။ 2015 မှာ ထွက်ရှိခဲ့တဲ့ Circle of Atonement ဟာ...  ဖခင်နဲ့ သမီးဖြစ်သူအကြား က သံယောဇဉ်နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ မိဘတွေအပေါ် မြင်တဲ့သဘောထားအစရှိသဖြင့် လူသားတွေအကြားက ကူးလူးဆက်နွယ်မှုတွေကို Drama ဆန်ဆန် ဦးစားပေးတင်ပြထားတာဖြစ်ပါတယ်။ အဖေဖြစ်သူ Lee Sang-won နဲ့ ဆယ်ကျော်သက်သမီးပျိုလေး Jeong-hyeon တို့ရဲ့အကြားက ခံစားချက်အားပြိုင်မှုတွေက ဇါတ်ရှိန်ကို ပိုမိုမြင့်တက်စေပါတယ်။ ဆရာအဖြစ်ငှားရမ်းခဲ့တဲ့ Cheol-woong ကိုမှ မေတ္တာသက်ဝင်မိခဲ့တဲ့ Jeong-hyeon အတွက် ရတက်မအေးရတဲ့ ရဲအရာရှိ Sang-won ဟာ အပေါင်းအသင်းလုပ်ငန်းခွင်မှာ တည်ငြိမ်ပြီး ဘယ်အရာမဆိုအားထားနိုင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ... သမီးကလေးအပေါ်မှာတော့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ သမီးရဲ့ ချစ်သူ Cheol-woong ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့အခါမှာ .. ၄င်းဟာ သူ မဖော်ထုတ်နိုင်ဘဲ ပိတ်သိမ်းခဲ့ရတဲ့ လူသတ်မှု တစ်ခု နဲ့ ပါတ်သက်ဆက်စပ်မှု ရှိနေတယ် ဆိုတာကို မထင်မှတ်ဘဲ သိရှိခဲ့ရပါတယ်။ တကယ်လို့များ သမီးကလေးရဲ့ ချစ်သူဟာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် သမီးလေးကို သူ ဘယ်လိုဖွင့်ပြောရမလဲ၊ ဘယ်အရာမဆို ဖခင်အပေါ် အဆိုးမြင်ပြီး စိတ်ထင်ရာလုပ်တတ်တဲ့ သမီးငယ်လေးက ရော သူပြောတာ လက်ခဲ့မှာတဲ့လား..အစရှိတဲ့ သောကတွေနဲ့ ပူလောင်နေတဲ့ Sang-won နဲ့ သံသယတရားခံ Cheol-woong တို့ရဲ့အကြားက ချစ်စိတ်မွှန်နေတဲ့ Cheol-woong ... သူတို့ သုံးယောက်အကြားက ထင်မှတ်မထားတဲ့ လှည့်ကွက်လှလှလေးတွေ ပေါက်ဖွားလာပါတော့တယ်။ ပရိသတ်ကြီးအတွက် ဇါတ်လမ်းကို အမြည်းသဘောအနေနဲ့ ရှပ်ပြီးရေးသားထားတာဖြစ်တဲ့အတွက်... မူရင်း ရုပ်ရှင်ရဲ့ ဇါတ်အိမ်က ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်..  သူ့နေရာနဲ့သူ မြှုပ်ကွက်ကလေးတွေ ပါရှိနေသေးတယ်ဆိုတာ....  ပရိသတ်ကြီး တွေ့ရှိရပါလိမ့်မယ်ခင်ဗျ။ Thriller ဘက်ကို သယ်ဆောင်မသွားဘဲ Crime/Drma ဘက်ကို ငြိမ့်ငြိမ့်လေး သယ်ဆောင်သွားမယ့် Movie တစ်ခုဖြစ်တဲ့အတွက်...  စိတ်ကျေနပ်စရာ ရုပ်ရှင်တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by: Minn Htet
Encoded by: Sinn Sinn
Quality: 720P HD
The Crone (2013) မြန်မာစာတန်းထိုး
The Crone (2013) မြန်မာစာတန်းထိုး
GC ပရိတ်သတ်ကြီး  ဒီနေ့ည မအိပ်ခင် စောင်ပုံထဲမှာ ကွေးပြီး သည်းထိတ်ရင်ဖို Horror လေးကြည့်ရှုခံစားဖို့အတွက် The Crone ဂျပန်သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားဟာ IMDb rate 4 သာရရှိထားပေမယ့် ထိတ်လန့်စရာ horror ရသကိုတော့ အပြည့်အဝပေးနိုင်မယ့် ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းကတော့ "Jersey Girls" ဆိုတဲ့ မိန်းကလေးသုံးဦးပါဝင်တဲ့ Idol group လေးဟာ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးဖို့ TV အစီအစဉ်တစ်ခုမှာ ဖိတ်ခေါ်ခံရတာကနေ အစပြုပါတယ် အစီအစဉ်ရိုက်ကူးရာ စွန့်ပစ်ထားတဲ့ လူအိုရုံကြီးတစ်ခုမှာ မိန်းကလေးတွေဟာ ဘယ်သူက သတ္တိအကောင်းဆုံးနဲ့ မှတ်တမ်းအတင်နိုင်ဆုံးသူဖြစ်မလည်းဆိုတာ ပြိုင်ဆိုင်ခဲ့ကြပါတယ် ဒါပေမယ့် သူတို့ကိုယ်တိုင် သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရချိန်မှာတော့ ဘယ်လိုသွေးပျက်စရာ အဖြစ်အပျက်တွေ တွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ တသ်ဆက်လိုက်ရပါတယ်။
Translate by-Chit Mee
Review by: ဆလတ်ရွက်
Encode by: Hein Min Htet
Quality -BR-Rip 720P
Size - 500MB
Defiance (2008) မြန်မာစာတန်းထိုး
မင်္ဂလာပါပရိတ်သတ်ကြီးတို့ရေ ခုတစ်ခါမိတ်ဆက်ပေးမှာကတော့ Defiance  စစ်ကားလေးပဲဖြစ်ပါတယ်
ဒီကားလေးဟာဆိုရင်ဖြင့် January 14 ,2009 ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး လူအများနှစ်ခြိုက်အားပေးမှုကို တစ်ခဲနက်ရခဲ့တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးဟာဆိုရင်
နာစီဝါဒကို အောင်မြင်စွာဖီဆန်တော်လှန်နိုင်ခဲ့တဲ့ "Belarus"ကဂျူးလူမျိုးအုပ်စုတွေရဲ့ဖြစ်ရပ်မှန်ကြေကွဲနာကြည်းဝမ်းနည်းစရာဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ထားတာပဲဖြစ်ပါတယ် ဂျူးလူမျိုးများ၏အနှိမ်ခံ အသတ်ဖြတ်ခံဘဝများမှ လွတ်မြောက်အောင်တောထဲမှာ ပုန်းရှောင်ခဲ့ရသူတို့ရဲ့ အနိုင်မခံအရှုံးမပေး ရွတ်ရွတ်ချွန်ချွန်ကြိုးစား အားထုတ်ထား တာလေးတွေကို အားကျအတုဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် တောထဲမှာပုန်းရှောင်နေရသူ လူနည်းစု ဂျူးလူမျိုး၅၀ခန့်က၄င်းတို့ရဲ့အဖွဲ့ဝင်များထဲမှ အချို့သော ၁၂၀၀ခန့်ကိုဆုံးရှုံးခဲ့ရတဲ့အချိန်မှာ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်အောင်တောထဲမှနေပြီးတော်လှန်ခဲ့ကြပုံကို ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်   ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းပေးလိုက်ရပါတယ်ရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ရှင့်
Translate by: Chue Chue
Encode by: Hein Min Htet
Quality -brrip 720
Size -979MB
Powered by Blogger.
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger