Latest Movie :

The Admiral (2014) မြန်မာစာတန်းထိုး

Imdb 7.1/10

မင်္ဂလာပါ ပရိသတ်ကြီး၊ သမိုင်းဝင်စစ်ပွဲတွေကို အခြေပြုပြီး ၇ိုက်ကူးထားတဲ့ အာရှရုပ်ရှင်ကား တွေဟာ ခုနောက်ပိုင်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ နေရာကောင်းတစ်ခု ရယူလာနိုင်ပြီဖြစ်ပါတယ်။ အဲဒီလို စစ်ကားကောင်းကောင်းလေးတွေအများကြီးထဲကမှ... The Admiral ဆိုတဲ့
Korean Movie တစ်ခုကို. ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။
ရုပ်ရှင်ဝေဖန်ရေးသမားအချို့က..The Admiral ဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အကောင်းဆုံးသော သမိုင်းဝင်ရုပ်ရှင်ကား တစ်ကား ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကို လွန်လွန်ကျူးကျူး ညွှန်းဆို ထားကြပါတယ်။ တစ်ဖက်က ကျွန်တော်တို့ လိုပဲ Lao Tzu တို့ Zhuge Liang တို့လို Strategist တွေအကြောင်း စိတ်ဝင်စားတတ်ကြတယ်ဆိုရင် The Admiral ရဲ့ ဇါတ်ကောင် Yi Sun-Sin လို
Korea ရဲ့ နာမည်ကျော် စစ်သေနာပတိ တစ်ဦးကိုလဲ လေ့လာတွေ့ရှိကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီ ဇါတ်လမ်းမှာ 1597 ခုနှစ်က Korea သမိုင်းဝင် နာမည်ကျော် မြောင်ဂါယန်း တိုက်ပွဲ (Battle of Myeongryang)မှာ Japan ရေတပ်အင်အား အဖွဲ့ပေါင်း 330 ကို ကျန်ရှိတဲ့စစ်သင်္ဘော ၁၂ စီးနဲ့ Admiral Yi တစ်ယောက် ဘယ်လိုခုံခံတိုက်ခိုက်ခဲ့တယ် ဘယ်လို နည်းဗျူဟာတွေကို အသုံးပြုခဲ့တယ်... ဆိုတာကို ပရိသတ်ကြီး ရှုမြင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။
Drama ပိုင်နိုင်တဲ့ Korean တွေရဲ့ သမိုင်းဝင်တိုက်ပွဲတစ်ခုကို ဘယ်လိုဖော်ကျူးထားတယ်ဆိုတာ ခံစားကြည့်ရှုပေးပါဦးခင်ဗျ။Translator Hnin Hnin မှ Goldchannel ပရိသတ်ကြီးအတွက် မြန်မာဘာသာ ပြန်ဆိုထားပြီး Encoder Bro Hein Min Htet မှ... အဆင်ပြေကောင်းမွန်စွာကြည့်ရှုခံစားနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Review by:  Sugar
Translate by: Hinin Hnin
Encode by: Hein Min Htet

Share this article :

+ comments + 1 comments

December 12, 2018 at 11:16 PM

link dead

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger