Latest Movie :

Jennifer’s Body (2009) 

IMDb : 5.1 

ဂျနီဖာဆိုတာ ကျောင်းမှာ သိပ်ဟော့တဲ့ Cheerleader မိန်းကလေး။ ခန္ဓာကိုယ်ကောက်ကြောင်းတွေ ပေါ်လွင်အောင် Sexy ကျတယ်။ လှတယ်။ သဘောကောင်းတယ်။ နက်ဒီကတော့ မျက်မှန်ထူထူနဲ့ စာကြမ်းပိုးမလေးပေါ့လေ။ ဒီလို ဆန့်ကျင်ဖက်နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြတာလည်း ရဲတင်းတဲ့ ဂျနီဖာကြောင့်ပေါ့။ ယောင်္ကျားလေးတိုင်း သဘောကျတဲ့ ဂျနီဖာ့ကို နက်ဒီက သိပ်အားကျတယ်။ ဒီလို လှတပတ သူငယ်ချင်းမကြောင့် ဘယ်နေရာမဆို မျက်နှာပွင့်တာပေါ့။ ဒါပေမယ့် အလှဟာ တစ်ခါတစ်ရံမှာ ဘ၀ပျက်စေအောင် ကြောက်မက်ဖွယ်ကောင်းတာ ဂျနီဖာရော နက်ဒီပါ မသိခဲ့ဘူး။ တစ်ညမှာ သူတို့မြို့လေးကို နယ်လှည့်ဖျော်ဖြေတဲ့ ဂီတသမားတစ်ဖွဲ့ ရောက်လာခဲ့တယ်။ နက်ဒီတောင် ကြိတ်ကြွေသွားမိတဲ့ တီးဝိုင်းခေါင်းဆောင် ခပ်မိုက်မိုက်ချာတိတ် နီကိုလိုင်က ဂျနီဖာ့ကို ချိန်းနေတာ တွေ့တော့ အလွန်အကျွံ့မဖြစ်ဖို့တောင် မှာမိသေးရဲ့။ ဒါပေမယ့် နက်ဒီထင်မှတ်ထားတဲ့ အလွန်အကျွံ့ဟာ ဂျနီဖာ ကြုံလိုက်ရတာနဲ့ မတူပါဘူး။ နောက်နေ့က စပြီး ဂျနီဖာ အမူအယာတွေ သိသိသာသာ ပြောင်းလဲလာတယ်။ ကောင်လေးတွေကို ပိုပြီး မြူဆွယ်ဖျားယောင်းလာတတ်ပြီး ရက်စက်ကြမ်းတမ်းလာတဲ့ ဂျနီဖာ့ကို နက်ဒီ မျက်ဝါးထင်ထင် တွေ့လိုက်ပြီးတဲ့နောက် အချစ်ဆုံးသူငယ်ချင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရတော့မယ်။ အဲဒီလျှို့ဝှက်ချက်ဟာ နက်ဒီ ထင်မှတ်ထားတာထက် ပိုမိုဆိုးဝါးကြောက်မက်ဖွယ်ကောင်းနေတဲ့အခါ အချစ်ဆုံးသူငယ်ချင်းအတွက် လက်စားချေဖို့ ဆုံးဖြတ်လိုက်တော့တယ်။ Jennifer’s Body ဟာ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျောင်းသားကားတစ်ကားဖြစ်ရုံမျှမက ကိုကိုတို့အသည်းကျော် Megan Fox နဲ့ Amanda Seyfreid တို့နှစ်ယောက်ကို ကြည့်နေရတာနဲ့တင် တန်လွန်းပါတယ်။ Megan ရဲ့ ညှို့အားပြင်းအကြည့်တွေနဲ့ ၀တ်လစ်စလစ် ခန္ဓာကိုယ်အလှတွေ၊ Amanda ရဲ့ ဖြူဖြူစင်စင် အပြုံးလေးတွေကြားမှာ မျောနေတုန်း ဟင်ခနဲ ဟာခနဲ ကြက်သီးထသွားစေအောင် လုပ်ပေးကြပါလိမ့်မယ်။

 Translated by KHINE NI NI SHEIN
 Encoded by WAIYAN PHILIP
 Filesize – 770 MB

Download Here

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger