Latest Movie :
Southbound (2015) 

 IMDb : 5.9 
Rotten Tomatoes : 81%







အတိတ်ရဲ့ အရိပ်ဆိုးတွေကနေ ထွက်ပြေးလာတဲ့ လူနှစ်ယောက်၊ ပွဲတစ်ခုဖျော်ဖြေဖို့သွားတဲ့ ဂီတသမား ကောင်မလေး သုံးယောက်၊ အိမ်ပြန်တဲ့ ဟိုင်းဝေးလမ်းမှာ မိန်းကလေးတစ်ယောက်ကို ကားနဲ့တိုက်မိရာက အဖြစ်ဆိုးနဲ့ ကြုံရတဲ့ လုပ်ငန်းရှင်တစ်ယောက်၊ ပျောက်ဆုံးနေတဲ့ ညီမကို လိုက်ရှာနေတဲ့ အစ်ကို တစ်ယောက်၊ ပျော်ပွဲစားထွက်လာတဲ့ ထွက်လာတဲ့ မိသားတစ်စု စတဲ့ မတူညီတဲ့ အဖြစ်အပျက်ငါးခု တစ်နေရာတည်း လာဆုံကြတာ ကံဆိုးတာလား၊ ကံကောင်းတာလား။ သေချာတာကတော့ သူတို့အားလုံး ပြန်လမ်းမဲ့သွားကြမယ့်ပုံ ပေါ်ပါတယ်။ ဟိုင်းဝေးလမ်းမပေါ်မှာ မတူညီစွာ မက်ခဲ့ရတဲ့ စိတ်နယ်လွန် အိပ်မက်ဆိုးတွေရဲ့ ဆုံမှတ်လို့ခေါ်ရမယ့် နေရာတစ်ခုမှာ ဘယ်သူတွေ လွတ်မြောက်မှာလဲ။
Southbound ကို IMDb မှာ Fantasy, Horror, Thriller လို့ ဖော်ပြထားပြီး ဝေဖန်ရေးသမားတွေကတော့ Indie Film စစ်စစ်ပါလို့ မှတ်ချက်ချပေးခဲ့တယ်။ ရုပ်ရှင်တစ်ကားတည်းမှာ The Guest, V/H/S, The Pact, Devil’s Due စတဲ့ ဒါရိုက်တာ ၇ ယောက်က လက်စွမ်းပြထားတာကလည်း ထူးခြားတဲ့ အချက်ပါ။ 3 AM, Phobia စတဲ့ အာရှဇာတ်ကားတွေကို အနောက်တိုင်းစတိုင်နဲ့ ကြည့်ရသလိုမျိုး ဖန်တီးထားတာကြောင့် trailer ကြည့်ရုံနဲ့တော့ နားလည်မှာ မဟုတ်သလို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေကြောင့် ပရိသတ်များ အကြိုက်တွေ့မှာတော့ အသေအချာပါပဲ။


Quality : Blu-Ray 720p
Size : 765 MB 


Download Here



 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger