Latest Movie :

မရဏဂစ်တာရှင် (သို့မဟုတ်) Desperado (1995)


IMDb : 7.2
Zorrow မင်းသားကြီး အန်တိုနီယို ဘန်ဒါးရက်စ် တစ်ယောက် ဂစ်တာတစ်လက် သေနတ်တစ်ဖက်ကိုင်ပြီး ကြမ်းခဲ့တဲ့ Desperado ဟာ 90’s Kids တွေအတွက် အမှတ်ရစရာပါပဲ။ ဆံပင်ရှည်ရှည် ဂျစ်တီးဂျစ်ကန်ရုပ်နဲ့ ညှို့အားပြင်းတဲ့ အကြည့်ပိုင်ရှင် မက္ကစီကန်သား သေနတ်သမားလေးဟာ နှုတ်ခမ်းနီမလေးတွေကြားမှာ အတော်လေး ရေပန်းစားခဲ့သလို လူဆိုးတွေနဲ့ သွေးသံရဲရဲ အသေအကြေသတ်ပုတ်ကြတဲ့ အခန်းတွေကလည်း ပီပြင်လှပါတယ်။ တကယ်တော့ ဒီကားဟာ El Mariachi ဆိုတဲ့ ရုပ်ရှင်ရဲ့ အဆက်လို့ပြောရင် ပိုမှန်ပါမယ်။ ပထမကားမှာ နယ်လှည့်ဖျော်ဖြေတဲ့ ဂီတသမားလေးတစ်ယောက်ကို လူဆိုးတွေက လူမှားပြီး လိုက်သတ်ကြပါတယ်။ သူ အသက်ရှင်ကျန်ခဲ့ပေမယ့် သူ့ချစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒီကားမှာတော့ အရင်ဇာတ်လမ်းကို အကျဉ်းချုပ်တင်ပြရင်း လူဆိုးတွေကို လိုက်လံရှာဖွေကာ သူ့ချစ်သူအတွက် ကလဲ့စားချေတဲ့အကြောင်း ဖြစ်ပါတယ်။ MPAA က ဒီကားကို အိပ်ယာပေါ်က အခန်းတွေကြောင့် အစက NC 17 သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တချို့အခန်းတွေဟာ မိသားစုကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေပါဝင်ပါတယ်လို့ သတိပေးလိုက်ပါရစေ။ ကောင်းဘွိုင်အက်ရှင်ဆန်ပြီး အကြမ်းပတမ်းပစ်ခတ်သတ်ပုတ်တာတွေ ကြိုက်ရင်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း။

Translate by: Wai Phyo Thu
Encode & Present by: Waiyan Philip
Quality 720P HD
Size 750MB

Pcloud Download 

Share this article :

+ comments + 1 comments

November 7, 2018 at 9:16 AM

link is death..

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger