Latest Movie :

The Babysitter (2007) မြန်မာစာတန်းထိုး

Imdb 5.7/10
မင်္ဂလာပါ၊ ငွေကြေးရဲ့ ကျေးကျွန်အဖြစ် ရုန်းကန်နေရတဲ့ ယနေ့ခေတ်လူတွေအကြားမှာ... လိုအင်ဆန္ဒတိုင်းကိုသာ ချုပ်တည်းမထားနိုင်ရင်ဖြင့် အမှောင်တကာ့ အမှောင်ဆုံး ချောက်နက်ကြီးထဲကို ရောက်မှန်းမသိရောက်သွားနိုင်တယ်ဆိုတာ အသိတရားရစရာတစ်ခုအဖြစ် ဟောဒီ Babysitter ဆိုတဲ့ Movie လေးက မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် အသိဥာဏ် မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေမှာ..ဆင်ခြင်တုံတရားဆိုတာ ဘယ်လောက်ထိအရေးပါသလဲဆိုတာ...  ရှုစားကြရမှာဖြစ်ပါတယ်။ Imdb ရဲ့ Parental Guide အဆင့် R အဖြစ်သတ်မှတ်ထားတဲ့အတွက် ၁၈ နှစ်အထက် သာကြည့်ရှုရမယ့် Scene လေးတွေ ပါဝင်ပါတယ်ဆိုတာ သတိပြုပေးပါခင်ဗျ။
၁၇ နှစ်သာ ရှိသေးတဲ့ အထက်တန်းကျောင်းသူလေး Shirley ဟာ ပညာရေး အတွက်ကျောင်းဆက်တက်နိုင်ဖို့ ကလေးထိန်းအလုပ်ကို လုပ်ကိုင်ရင်း ကျောင်းစရိတ်ကိုဖြည့်တင်းနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနောက်နိုင်ငံရဲ့ လူနေမှု ဓလေ့ထုံးစံအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဲဒီလို အချိန်ပိုင်း ငှားရမ်းထားတတ်ကြပါတယ်။ Shirley ဟာ. သူမတာဝန်ယူထိန်းကျောင်းရတဲ့ကလေးငယ်တစ်ယောက်ရဲ့ ဖခင်နဲ့ ငြိစွန်းပြီးခဲ့ကြတဲ့နောက်ပိုင်းမှာ.. သူမရဲ့ Customer types ဟာ ပြောင်းလဲလာပါတော့တယ်။ ငွေကြေးအတွက်၊ စားဝတ်နေရေးအတွက်၊ ဘယ်တော့မှ ဖြည့်ဆည်းလို့ မပြည့်တင်းလာနိုင်တဲ့ လိုအပ်ချက်တွေအတွက် Shirley ရဲ့ ဘ၀ နစ်မွန်းခဲ့ရပြီ ဖြစ်ပါတယ်။ ဘာကြောင့်များ ရိုးရိုးသားသား ကလေးထိန်းအလုပ်ကနေ ... အချိန်ပိုင်း ဆန္ဒဖြည့်ဆည်းပေးရတဲ့အလုပ်ကို Shirley ကလဲ ကျေကျေနပ်နပ် နဲ့ ကူးပြောင်းခံယူခဲ့တယ်လို့ ပရိသတ်ကြီး ယူဆပါသလားခင်ဗျ။ သူမအနေနဲ့ အဲဒီဘ၀မှာကျင်လည်လိုက်ရတယ်ဆိုတာ သူမရဲ့ အတိတ်က အရိပ်တွေရဲ့ ရိုက်ခတ်မှု တစ်ချို့လဲ ပါဝင်တယ်ဆိုတာကို Movie ကို ကြည့်ရှုရင်း ဖြည်းဖြည်းချင်း တွေ့ရှိစာနာမိလာမှာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ..  မပြည့်စုံတဲ့ မိန်းကလေးတွေရဲ့ ဘ၀ဟာ. ခြေလှမ်းတစ်ချက်မှားတာနဲ့. ပြန်လည်ပြင်ဆင်မရနိုင်အောင် အမှားကြီးမှားတတ်ကြောင်းကို ထင်ဟပ်ပြထားတဲ့ Movie တစ်ခုဖြစ်ပါတယ်လို့ ... ညွှန်းဆိုချင်ပါတယ်ခင်ဗျာ။

[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by:The Wai Hann
Encoded by:Hein Min Htete
Quality & Size: 720P Blueray -750MB
Share this article :

+ comments + 2 comments

September 2, 2018 at 9:25 AM

mctunmin@gmail.com

February 27, 2022 at 5:26 AM

Download ဆွဲနည်း ပြောပြပါ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger