Latest Movie :

Pinocchio Korea TV Series (မြန်မာစာတန်းထိုး) အစအဆုံး

ကဲ GC ပရိသတ်ကြီးရေ..
အခုနောက်ထပ် Korean Seriesးလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ရှင့်
ပရိသတ်ကြီးရဲ့ အသည်းကျော်မင်းသားလေး W- Two worlds ကမင်းသားလေးဂန်ချောမှတ်မိကြသေးတယ်ဟုတ် 😃😃 ... ဟုတ်ပါတယ်ရှင့် ခုတင်မဲ့ကားက 2014  korea မှာထုတ်လွှင့်ခဲ့တဲ့ Lee Jong suk နဲ့ ကိုရီးယားမင်းသမီးချောလေး Park Shin Hye တို့သရုပ်ဆောင်ထားတဲ့ Drama , Romance Series ကာင်းလေးတစ်ခု ဖြစ်ပါတယ်ရှင့်။ ဇါတ်လမ်းလေးကို ပရိသတ်ကြီးနဲ့ အနည်းငယ်ထိတွေ့ပေးရမယ်ဆိုရင်
မင်းသားကီဟာမြောင်ရဲ့အဖေဟာ ပြည်သူ့မီးသတ်အဖွဲ့ကိုဦးဆောင်တဲ့ မီးသတ်သမားကောင်းတစ်ယောက် ဖြစ်ပါတယ်။ တနေ့မှာ မီးလောင်မှု တစ်ခုရဲ့ စနက်ကြောင့်းမီးသတ်တပ်ဖွဲ့ဝင်အားလုံးသေဆုံးကြရပြီး မင်းသားကီမြောင်ဟာရဲ့အဖေအလောင်းကိုရှာမတွေ့ခဲ့ကြပါဘူး။
သတင်းထောက် ဆုန်ချာအုတ်က သူများနဲ့အပြိုင်အဆိုင်သတင်းယူရင်း ကီဟာမြောင်ရဲ့အဖေဟာ ဒီကိစ္စအားလုံးကို အစီအစဉ်စွဲခဲ့တဲ့သူဖြစ်ပါတယ်ဆိုပြီး သတင်းလွှင့်ခဲ့တဲ့အတွက်  ကီမိသားစုဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာ.. နေရေးထိုင်ရေးအကျပ်အတည်းတွေ ဖြစ်လာကြရပါတယ်။ စိတ်ဖိစီးမှုဒါဏ်ကြောင့်အမေဖြစ်သူက ကိုယ့်ကိုယ်အဆုံးစီရင်ပြီးနောက် မင်းသားကီမြောင်ဟာကလဲ ပင်လယ်ထဲကို ကိုယ့်ကိုယ်ကို အဆုံစီရင်တဲ့အနေနဲ့ ခုန်ချခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့   အယ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဖိုးအိုချွဲဂုန်ဖီဟာ သူ့ရဲ့သေဆုံးသွားတဲ့သားအကြီးဆုံးချွဲဒယ်ပိုနဲ့တူတယ်ဆိုပြီး မင်းသားကို ကျွန်းကလေးတစ်ခုကနေ ကယ်တင်ခဲ့ပါတယ်
အဲ့နောက်မှာအဖိုးအိုရဲ့သားအငယ်နဲ့သမီးချွဲအင်ဟာ တို့ကျွန်းကို ရောက်ရှိလာခဲ့ကြပါတယ်...ချွဲအင်ဟာမှာလိမ်ပြောရင် ကြို့ထိုးတတ်တဲ့ Pinocchio လို့ခေါ်တဲ့ရောဂါရှိပါတယ်။ အဖိုးအိုဟာ မင်းသားနာမည်ကိုချွဲဒယ်ပိုလို့ပေးပြီအားလုံကိုးလေးလေးစားစားဆက်ဆံစေတယ်.. တရက်မှာတော့ ချွဲအင်ဟာလေးဟာသူ့အမေသတင်းထောက်ဆုန်ချာအုတ်သတင်းကြေညာတာကိုတီဗီမှာလွှင့်နေတာကိုကြည့်နေတဲ့အချိန်မှာ မင်းသားကီမြောင်ဟာက ချွဲအင်ဟာကသတင်းထောက်ဆုန်ချာအုတ်သမီးဆိုတာသိရှိသွားခဲ့ပါတယ်
နောက်နှစ်တွေကြာလာတော့သူတို့နှစ်ယောက်ကျွန်းမှာရှိတဲ့ကျောင်းမှာအတူတူတက်ကြပါတယ်
ဒယ်ပိုက စာတော်ရဲ့သားနဲ့စာမလုပ်ဘဲ အတန်းထဲမှာသုညရအောင်ဖြေတော့အားလုံးကအထင်သေးကြတယ် တနေ့သူတို့ညဏ်စမ်းပြိုင်မှာမင်းသားဒယ်ပိုသွားပြိုင်ပြီးသူများတွေအံ့အားသင့်လောက်အောင် အနိုင်ရှိခဲ့ပါတယ် ပြိုင်ပွဲကအပြန်မှာသူ့မိသားစုကိုဒုက္ခပေးခဲ့တဲ့သတင်းထောက်ဆုန်ချာအုတ်ကိုတွေ့ပြီးကလဲ့စားချေဖို့သတင်းထောက်လုပ်ရန်ဆုံးဖြတ်ချက်ချခဲ့တယ်
အဲ့မှာပဲကလဲ့စားချေဖို့သတင်းထောက်ဖြစ်ချင်တဲ့မင်းသားချွဲဒယ်ပိုရယ် သူမအမေလိုသတင်းထောက်ဖြစ်ချင်တဲ့ Pinocchioမင်းသမီးချွဲအင်ဟာဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကို Download clickလေးနှိပ်ပြီးကြည့်ရှုလိုက်ကြပါဦးလို့.. တိုက်တွန်းလိုက်ပါရစေရှင်။
Reviewed by: Alice Ei Phyu
Translated by:Star Let
Encoded by: Invoker
Size -250MB
720P HD Update Soon

QUALITY 480P

Share this article :

+ comments + 2 comments

November 25, 2016 at 6:53 AM

ep 20 ကျေးဇူးပြုပြီးတသ်ပေးမယ် အကို တို့ရယ် နော်

February 2, 2022 at 11:16 AM

michael keke

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger