Latest Movie :

The Pursuit of Happyness (2006) (မြန်မာစာတန်းထိုး)

The Pursuit of Happyness (2006)  (မြန်မာစာတန်းထိုး)
Biography, Drama
Plot
Christopher Gardner ဆိုတဲ့လူဟာ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် အမေရိကန် နိုင်ငံမှာ နေထိုင်ခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့ရဲ့ မိန်းမ Linda နဲ့ရထားတဲ့ Christopher လို့ပဲနာမည်ပေးထားတဲ့ ငါးနှစ်အရွယ်သားလေး တစ်ယောက်ရှိတယ်။ Chris တို့မိသားစုဟာ အမှန်တော့ တော်တော်လေး ရုန်းကန်နေရတဲ့ မိသားစုလေးပါ။ ၁၉၈၀ ခုနှစ်များက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပျက်ကပ်ကို ခါးဆီးခံခဲ့ရတဲ့ အောက်ခြေလူတန်းစားတွေထဲမှာ Chris တို့မိသားစုအပါအဝင်ပေါ့။ အိမ်လခလည်း မှီအောင်မပေးနိုင်၊ အခွန်လည်း မဆောင်နိုင်၊ ကားတစ်စီးရှိတာတောင်မှ Parking ကြေးတွေ မပေးနိုင်တော့လို့ အသိမ်းခံရ၊ ဒီလို ဒုက္ခတွေကြားထဲမှာ Chris ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကတော့ သူ့ရဲ့အဖေသူ့ကိုပြစ်သွားခဲ့သလိုမျိုး သူရဲ့သားငယ်လေး Christopher ကို ဘယ်တော့မှ မစွန့်ပစ်ခဲ့ဖို့ပါ။ တစ်စ တစ်စ ပိုမိုခက်ခဲလာပြီး လုံးဝနောက်ဆုံးအခြေအနေထိရောက်နေတဲ့ Chris တစ်ယောက်ဟာ ဘယ်လို စိတ်ဓာတ်၊ ဘယ်လို အားမန်တွေနဲ့ ဘဝကိုပြောင်းလဲပစ်မလဲ။ တစ်ကယ်ရှိခဲ့တဲ့ Christopher Gardner ရဲ့ ဘဝမှာ အဆိုးရွားဆုံးအခြေအနေတွေကို ရုပ်ရှင်အဖြစ် the Pursuit of Happyness ဆိုတဲ့ကားလေးမှာတွေ့ရမှာပါ။
Review
ဒီကားရဲ့ ဇာတ်လမ်းကတော့ success story တစ်ပုဒ်ပါပဲ။ အောင်မြင်သွားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အထုပတ္ထိကို ရုပ်ရှင်ပြန်လည် ရိုက်ကူးလေ့ရှိတဲ့အတိုင်း ရိုက်ကူးထားပါတယ်။ ဒါပေမယ့် တစ်ခြား success story တွေလို အစက အကျကြီးပဲသွားပြီး နောက်ဆုံးမှ အပေါ်ဆုံးရောက် သွားတာမျိုးမဟုတ်ပဲနဲ့ တစ်ကားလုံး အတက်အကျလေးထိန်းပြီး စိတ်ခံစားချက်ရသတွေကို ပြီးထဲအထိဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။
ဒီလိုဆွဲခေါ်နိုင်ဖို့ဆိုတာမှာ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ ရိုက်ကွင်းတွေအားလုံးရဲ့ လုပ်ဆောင်ချက်ကြောင့် ဆွဲခေါ်နိုင်ခဲ့တာပါ။
အဲဒီ့အထဲကမှ အကောင်းကိုပြောရမယ်ဆိုရင်တော့ ဒီကားရဲ့ အဓိက မင်းသားနှစ်ယောက်ဖြစ်တဲ့ Will နဲ့ Jaden Smith သားအဖအတွဲကို ပြောရမှာပါ။ သဘာရင့်မင်းသားကြီး Will ဟာ ကျရာဇာတ်ရုပ်ကို အမြဲကြိုးစားပြီး သဘာဝကျကျသရုပ်ဆောင်တတ်တဲ့ ညဉ်အတိုင်း ဒီကားမှာလည်း သူရဲ့ ဇာတ်ကောင်ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲ၊ ဇာတ်ကောင်ရဲ့ စိတ်ဓာတ် တွေကိုအကောင်းဆုံးပုံဖော်သွားနိုင်ခဲ့ပါတယ်။ Will ရဲ့ မင်းသားလုပ်သက်တစ်လျှောက်မှာ အကောင်းဆုံးသရုပ်ဆောင်မှုတွေထဲမှာတော့ ဒီကားပါမယ်ထင်ပါတယ်။
သူ့ရဲ့သား Jaden Smith ရဲ့ career မှာတော့သေချာပါတယ်။ ဒီကားအကောင်းဆုံးပါပဲ။ ဒီသားအဖအတွဲဟာ နောက်ပိုင်းကားတွေမှာ သိပ်နာမည်မရဘူးဆိုပေမယ့် ဒီကားမှာတော့ တော်တော်လေးကို ပီပြင်တယ် ဗျာ။ Jaden ကလည်းငယ်သေးလို့လားမသိဘူး တော်တော်လေးချစ်ဖို့ကောင်းတယ်။ Will နဲ့ Jaden ကြားက chemistry ကလည်း afterearth ထဲမှာလို ခပ်လွဲလွဲကြီးဖြစ်မနေပဲ Will နဲ့ Jaden သာမက Chris နဲ့ Christopher တို့ကလည်း တစ်ကယ့် သားအဖ အစစ်တွေလိုပါပဲ။
နောက်တစ်ချက်ကတော့ ဒီကားရဲ့ ဇာတ်ဝင်ခန်းတိုင်းက ပေးချင်တဲ့ ရသကို ရအောင် ပီပီပြင်ပြင်ပေးနိုင်တာပဲ။ မိသားစုအဆင်မပြေတဲ့အပိုင်းတွေဆို လည်း တစ်အားကြီးဝုန်းဒိုင်းကြဲပြနေတာမဟုတ်ပဲ ကြည့်နေတဲ့သူကိုယ်တိုင် ဇာတ်ကောင်တွေကြားထဲက တင်းမာမှုကိုခံစားရတယ်။
ကြည်နူးတဲ့အခန်းတွေပြုံးရသလို ဇာတ်ကောင်တွေအနိမ့်ကျဆုံးအချိန်မှာလည်း ကြည့်နေသူနှလုံးသားဟာ ဟိုးအောက်ဆုံးမှာပဲ။
နောက်တစ်ချက်ကတော့ ရိုက်ကွင်းလုပ်ထားတာ တော်တော်အသေးစိတ်နိုင်တယ်။ Hollywood ကားကြီးတော်တော်များက တော့ ရိုက်ကွင်းကောင်းပြီးသားဆိုပေမယ့် ဒီကားမှာ ၁၉၈၀ San Francisco ကိုပြထားတာ Taxi ဆိုင်းဘုတ်တွေမှာကြော်ငြာထားတဲ့ Robert De Niro ရဲ့ Taxi Driver Poster ကအစပါတယ်။
အကုန်လုံးဘာမှအပြစ်ပြောစရာမရှိတဲ့ ကားတွေထဲမှာ The Pursuit of Happyness အပါအဝင်ပါ။ တစ်ခါတစ်လေတော့ Chris ရဲ့ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကိုဖော်ပြရာမှာ အတင်းကြီးထိုးကျွေးနေသလို ခံစားရတယ်။
Chris ကနေ Christopher အပေါ်မှာထားတဲ့ ဖခင်မေတ္တာကို အဓိက ဖော်ကျူးထားတဲ့ the Pursuit of Happyness ဆိုတဲ့ကားလေးဟာ Smith တို့သားအဖနှစ်ယောက်ကြားမှာရှိတဲ့ အချိတ်အဆက်နဲ့ သရုပ်ဆောင်မှုကို ပိုင်နိုင်စွာအားယူထားပြီး ကျန်တဲ့အစိတ်အပိုင်းအားလုံးကို သေသေသပ်သပ် ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ အကယ်၍ မိမိမှာသာ ကလေးရှိခဲ့ရင်တော့ ဒီကားထဲက Chris ရဲ့ ဖခင်မေတ္တာနဲ့ မိမိရဲ့ ကလေး အတွက် အရာရာရင်ဆိုင်ရဲတဲ့ မိဘမေတ္တာကို အကြွင်းမဲ့ ခံစားစေမယ်လို့ ယုံကြည်ပါတယ်။
Rating
Datshin : 4.0/5.0
Rotten Tomatoes: 67%
IMDb: 8/10
Credit to - Admin #Andy (Datshin.com)
Translate by: War War Myint
Encode by: Eric MK 

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger