Latest Movie :

Age of youth (2016) (သို့မဟုတ်) ဖူးပွင့်ငုံစချစ်သမျှ




Age of youth (2016) (သို့မဟုတ်) ဖူးပွင့်ငုံစချစ်သမျှ Korea Drama Series

ငယ်ဘ၀ရဲ့ လွတ်လပ်မှု ပေါ့ပါးပျော်ရွှင်မှုတွေဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ အဖိုးမဖြတ်နိုင်စရာအမှတ်တရတွေပါ။ ပြီးတော့ ငယ်ရွယ်နုပျိုခြင်းမှာ တဆက်တည်းပါလာတဲ့ ကြိုးစားမှု၊ လှုပ်ရှားရုန်းကန်မှု အချစ်နဲ့ ဘ၀ထဲက အခက်အခဲတွေနဲ့ပဲ လူငယ်တွေဟာ နေ့စဉ်ဘ၀မှာ ပျံသန်းဖို့ကြိုးစားနေဆဲအပျံသင်ငှက်တွေလိုပါပဲ။ ဒီဇာတ်ကားလေးထဲမှာ ငယ်ရွယ်သူတွေရဲ့တက်ကြွတဲ့ခြေလှမ်းတွေပါတယ်။
အချစ်နဲ့သက်ဆိုင်တဲ့ ပျော်ရွှင်မှု ကြည်နူးမှုတွေပါတယ်။ ပြီးတော့ မထင်မှတ်ထားတဲ့ မြှုပ်ကွက်အချို့နဲ့ ဘ၀မှာရှောင်လွှဲမရနိုင်တဲ့ အခက်အခဲအချို့။
 လက်မခံချင်ပဲ လက်ခံထားရတဲ့အမှန်တရားအချို့တွေကိုလည်းပြသထားပါတယ်။
တက္ကသိုလ်ကျောင်းသူလေး ငါးယောက်၊ တစ်အိမ်တည်းမှာ အတူနေကြရင်း အကျင့်တွေ စရိုက်တွေတစ်မျိုးစီနဲ့ သူတို့တွေရဲ့ နေ့စဉ်ဘ၀လေးကို တင်ဆက်ထားတဲ့ဇာတ်လမ်းတွဲလေးပါ။ ငွေရေးကြေးရေးအတွက် အစွမ်းကုန်ကြိုးစားရင်းပညာသင်နေသူတစ်ယောက်၊ အချစ်အတွက်ပဲ လုံးပန်းနေသူတစ်ယောက်၊ အရက်ကြိုက်တတ်ပြီး ဥာဏ်ကောင်းသွက်လက်သူတစ်ယောက်၊ အလှအပအတွက်ပဲ ပြင်ဆင်နေတဲ့ မိန်းမလှလေးတစ်ယောက်၊ ပြီးတော့ အင်မတန်ရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ပါ။ မတူညီတဲ့ဇာတ်ကောင်တွေ တွဲဖက်တင်ဆက်ထားပြီး လူငယ်ဘ၀မှာကြုံရမြဲဖြစ်တဲ့ပြသနာတွေကြားက လူငယ်ဘ၀ကိုပြသထားတာမို့ လူငယ်ပရိသတ်တွေအတွက်
အထူးရည်ရွယ်ပြီးတင်ဆက်လိုက်ပါတယ်။


Reviewed & Translated by : Scarlet Phoenix

Encoded by : Sugar & HanVickie


Share this article :

+ comments + 1 comments

May 4, 2018 at 9:40 PM

episode 11 lay pyan tin pay pr

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger