Latest Movie :

Westworld (2016) (မြန်မာစာတန်းထိုး)



Genre : Scifi, Western, Drama,
Rating
IMDb 9.3/10
Rotten Tomato 83%

Westworld ဆိုတာ အပန်းဖြေရာနေရာတစ်ခု ..
Westworld ဆိုတာ ကိုယ်တိုင်ပါဝင် ကစား လို့ရတဲ့ ဂိမ်းကစားကွင်းကြီး …
Westworld ဆိုတာ ရာစုနှစ်အသစ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ Amusement Park ကြီး …
.
.
Westworld ဆိုတဲ့ ဇာတ်လမ်းတွဲ ကို စတင်ခံစားကြည့်မိတဲ့ သူတွေဟာ ..
အပေါ်က ပြောထားသလို Westworld ကို အဓိပ္ပာယ်ဖွင့်ကြမှာ မလွဲပဲ ..
ကျွန်တော် က တော့ Westworld ဆိုတာ လူ့စိတ်ရဲ့ အရင်းခံ ကို အမှန်အတိုင်း ဖွင့်ပြလို့ရမယ့်နေရာလို့
ဖွင့်ဆိုချင်ပါတယ် ..
.
Westworld ဆိုတဲ့ နေရာ က Virtual World တစ်ခုပါ ..
အဲ့ဒီ Virtual World ဆိုတာ ငွေကို ရေလိုသုံးနိုင်တဲ့ သူတွေအတွက် အပန်းဖြေလို့ ကောင်းတဲ့
နေရာမျိုးပေါ့ …
ဘယ်လို အပန်းဖြေကြမလဲ …
.
Westworld ကို Western ခေတ်က ပုံစံအတိုင်း တည်ဆောက်ထားတဲ့ အပြင် Western ခေတ်ကလိုပဲ
မြင်းစီးတာ .. သေနတ်နဲ့ယှဉ်ပစ်တာ .. ဆုငွေထုတ်ထားတဲ့ Outlaw တွေကို ဥပဒေဘက်တော်သားတွေကို
ကူညီပြီး လိုက်ဖမ်းတာ .. ဒုက္ခရောက်နေတဲ့ ကောင်မလေးကို ကယ်တင်ပေးတာ ..
ကုန်ကုန်ပြောရရင် .. ကောင်မလေး တွေနဲ့ စိတ်လွတ်လက်လွတ် ပျော်ပါးတာမျိုးအထိ
ခံစားလို့ရတဲ့ နေရာမျိုးပါ .. အဲ့ဒီလိုမျိုး ခံစားရမှာလဲ တကယ့် လက်ရှိဖြစ်ပျက်နေတဲ့အတိုင်း အရသာမျိုး ရနိုင်ဖို့ အာမခံထားပါတယ် .. အဲ့ဒီ နေရာမှာ လူနှစ်မျိုးပဲ ရှိမယ် .. Host လို့ခေါ်တဲ့ ဇာတ်ဆောင် တွေရယ် .. ငွေပေးပြီး
လာရောက်လည်ပတ်ကြတဲ့ ဧည့်သည် Guest တွေရယ် .. Host တွေကို လူအစစ်နီးပါးတူအောင် အသေးစိတ်
တည်ဆောက်ထားပြီး  A.I (Artificial Intelligence)သွင်းပေးထားတယ် .. ပြီးတော့ ကိုယ်ပိုင်ဇာတ်လမ်းတွေ
Programme တွေနဲ့ ဧည့်သည်တွေနဲ့ အပြန်အလှည်ဆက်ဆံနိုင်တယ် .. တစ်ခုရှိတာက အဲ့ဒီ Host တွေ အကုန်လုံး
ဟာ ဧည့်သည်တွေကို ဘာအန္တရာယ်မှ မပြုနိုင်ဘူး .. မထိခိုက်နိုင်ဘူးပေါ့ ..
အဲ့လို အဖက်ဖက် က ပြည့်စုံနေတဲ့ နေရာကို .. ပြည့်စုံသထက်ပြည့်စုံအောင်ဖြည့်ဆည်းဖို့ Westworld ထဲမှာ Run နေတဲ့ Host အချို့ ကို Version Upgrade လုပ်မိတဲ့ အခါမှာတော့ Westworld ကြီး
တစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုတွေ ဘယ်လိုများ ရှိလာနိုင်မလဲ ..
.
.
Westworld ကို HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပြီးတော့ series တစ်ခုလုံး ကို ကုန်ကျစရိတ် $58 Million ထိ အကုန်ကျခံပြီး ရိုက်ကူးခဲ့ပါတယ် .. Visual Scene တွေ .. အ၀တ်အစား အပြင်အဆင် ကအစ စိတ်ကျေနပ်မှု အပြည့်ပေးနိုင်မယ့် စီးရီးကောင်းဆိုတာ ငြင်းနိုင်ဖွယ်မရှိပါဘူး .. ဒါရိုက်တာ J.J.Abrams ရိုက်ကူးထားပြီး Producer အနေနဲ့ ရုပ်ရှင်ဂုရုကြီး Christopher Nolan ရဲ့ ညီဖြစ်သူ  Jonathan Nolan နဲ့ သူ့ဇနီး Lisa Joy Nolan တို့ ဖြစ်ပါတယ် ..
သရုပ်ဆောင်အားဖြင့် ပြောရရင်လည်း Anthony Hopkins .. Ed Harris .. Evan Rachel Wood .. Jeffrey Wright .. Thandie Newton .. James Marsden တို့လို ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းပါ ..
..
.
Western နဲ့ Sci fi ကို အချိုးညီညီရောစပ် ထားတဲ့ ဇာတ်လမ်း
ဝါရင့် သရုပ်ဆောင်တွေ ရဲ့  ပီပြင်တဲ့ သရုပ်ဖော်ကျူးမှု
နာမည်ကျော် ဒါရိုက်တာ နဲ့ အသစ်အဆန်းတွေကို မှပုံဖော် တတ်တဲ့ Producer တို့ ရဲ့ ပူးပေါင်းဖန်တီးမှု
အရှိန်အ၀ါရှိတဲ့ ရုပ်သံထုတ်လွှတ်ရေး တို့ ပေါင်းစပ် ဖော်ကျူးထားတဲ့
Westworld ဆိုတဲ့ ဒီဇာတ်လမ်းကောင်းကို အချိန်နဲ့ တပြေးညီ ကြည့်ရှူ ခံစားနိုင်ရန်
ညွှန်းဆို ရေးသားလိုက်ရပါတယ် …
.
.
Review by: MgKaung …
Translate by: Scarlet Phoenix
Encode by: Gemini Sugar

Share this article :

+ comments + 2 comments

October 11, 2016 at 11:15 AM

Very good series i like it

October 11, 2016 at 11:15 AM

Very good series i like it

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger