Latest Movie :

Ash Vs Evil Dead Season 2 (2016) မြန်မာစာတန်းထိုး




Ash Vs Evil Dead TV Series (2016) မြန်မာစာတမ်းထိုး
Season 2

မင်္ဂလာပါ၊ Series ပေါင်းမြောက်များစွာ ထဲကမှ... Imdb 8.7 
Rotten tomatoes 98% နဲ့ Series ပေါင်းမြောက်မြားစွာကို ကျော်ဖြတ်ပြီး
ထိပ်တန်းစာရင်းဝင်နေတဲ့ Comediy Action (Ash vs. Evil Dead)
ကို အဆက်မပြတ်ကြည့်၇ှုနိုင်အောင် တစုတစည်းတည်း ရွေးချယ်တင်ဆက်ပေးလိုက်ပါပြီ ခင်ဗျာ။
ကျွန်တော်တို့ ငယ်စဉ်က အစားပျက်လောက်အောင် စွဲလန်းခဲ့ရတဲ့ The Evil Dead(1981) , Evil Dead II(1987), Army of Darkness (1992) အစရှိတဲ့
movies တွေကို အဆက်အစပ်ရှိစွာနဲ့ နောက်ဆက်တွဲ ပြန်လည်ဆန်းသစ်ထား
ခြင်း ဖြစ်ပါတယ်၊ (ဒီနေရာမှာ အဲဒီသုံးကားကို မကြည့်ရသေးရင်လဲ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ လက်တို့ တိုက်တွန်းချင်ပါတယ်။) ခေါင်းဆောင်မင်းသား Bruce Campbell ကိုယ်တိုင် ပြန်လည်ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်တာကြောင့်ရုပ်ရှင်ဝါသနာအိုးများ အနေနဲ့ မူလလက်ဟောင်း Evil dead ကို ထပ်ပေါင်းကြည့်ရှုရသလို ခံစားရမှာပါ။ Bruce Campbelll ဟာ ဒီ ဇါတ်လမ်းတွဲနဲ့ Best TV Actor awards ကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပြီး supporting actess များအနေနဲ့လဲ ဆုအသီးသီး ရရှိထားတာဖြစ်ပါတယ်ခင်ဗျ။
နှစ်ပေါင်း သုံးဆယ်တိုင်တိုင် အရာအားလုံးကို မေ့ဖျောက်ပြီး ဇါတ်မြှုပ်နေထိုင်နေတဲ့ Ash (Bruce Campbell) ဟာ လူသားမျိုးနွယ်တွေကို ခြိမ်းခြောက်လာတဲ့
Deadlite ကပ်ဆိုးကြီးရဲ့ ရန်စွယ်ကြောင့် လက်စွဲတော် လွှစက်ကို.. လက်မောင်းမှာ ပြန်လည်တပ်ဆင်ပြီး.. လူသားအပေါင်းရဲ့ Warrior အဖြစ် မားမားမတ်မတ် ရပ်တည်ဖို့... ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီရန်စွယ်တွေဟာ
အတိတ်က သူ သုတ်သင်ရှင်းလင်းခဲ့တဲ့... Army of darkness နဲ့ ပါတ်သက်
ဆယ်နွယ်မှုရှိနိုင်သလား.. သီးသန့် ရန်စွယ်တစ်ခုလား ဆိုတာ... ကို အစီအစဉ်
တကျ အားပါးတရ ကြည့်ရှုခံစားနိုင်ကြပါပြီခင်ဗျ။
Horror series လေးတွေ ကြိုက်နှစ်ကြတဲ့ ပရိသတ်တွေအတွက် gold channel team ရဲ့ ရွေးချယ်မှုတစ်ခုကို ကြည့်ရှုအားပေးနိုင်ကြပြီ ဖြစ်ကြောင်း
ပါခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Review by: Gemini Sugar
Encode by: Invoker


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger