Resident Evil : Damnation (2012) မြန်မာစာတန်းထိုး
*******************************************************

မင်္ဂလာပါ၊ 2017 မှာ ထွက်ရှိလာမယ့် Resident Evil : Vandetta ကိုစောင့်မျှော်ရင်း.. ပြီးခဲ့တဲ့ Sequel အဟောင်းလေးတွေ ခံစားကြည့်ရှုနိုင်စေဖို့ ရည်ရွယ်ပြီး Goldchannel မှ Resident Evil movie တွေကို sequel လိုက်တင်ဆက်ပေးနေပါတယ်ခင်ဗျ။
Capcom နဲ့ Sony Picture ရဲ့ ပေါင်းစပ်မှုနဲ့ Resident evil : Damnation ကို 2012 မှာ ရိုက်ကူးခဲ့ပြီး playstation , Pc game ဖြစ်တဲ့.. Resident evil 6 မထွက်ခင်မှာ အကြို မိတ်ဆက်သဘောအနေနဲ့... ခင်းကျင်းထားတာဖြစ်ပါတယ်ခင်ဗျ။ ကောင်းမွန်တဲ့ Animation အရည်အသွေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ရိုက်ချက်တွေကြောင့် Imdb rating 6.5 အထိ ရရှိခဲ့ပြီး rotten tomatoes မှာ audience 71% နဲ့ ပေါက်ပေါက်ဆုပ်တွေ အပြည့်ဆွတ်ခူးခဲ့ပြန်ပါတယ်။ Resident Evil ရဲ့
ပင်တိုင်ဇါတ်ကောင် Leon ဟာ Damnation မှာတော့.. European War Zone မှာ အသုံးပြုနေပြီဖြစ်တဲ့ Bio Organic Weapon တစ်ခုကို U.S အစိုးရကို ဆန့်ကျင်ပြီး ဖြိုခွင်းရမယ့် အပိုင်းကို ကြည့်ရှုကြရမှာဖြစ်ပါတယ်ခင်ဗျ။
Videogame adaptation Movie တစ်ခုအနေနဲ့ ဆိုရင် best of the one လို့ ညွှန်းဆိုရမှာ ဖြစ်သလို Game တွေနဲ့ အလှမ်းဝေးတဲ့ ညီအစ်ကိုမောင်နှမများအနေနဲ့ ဆိုရင်တော့ Resident Evil ဟာ animation ကောင်းကောင်းနဲ့ ဇါတ်လမ်း စ ဆုံး ဆွဲဆောင်သွားနိုင်မယ့် Horror Action Movie ကောင်းကောင်း တစ်ခု ဖြစ်ကြောင်း လက်တို့လိုက်ပါတယ်ခင်ဗျ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Gemini Sugar
Translated by: Snowy Shane (Wuntho)
Encoded by: Sinn Sinn
Quality: 1080P HD
+ comments + 1 comments
ကျေးဇူးတင်ပြီး
အားပေးနေတယ်
gold channel
Post a Comment