One Piece မြန်မာစာတန်းထိုး
ပင်လယ်ဓားပြဘုရင်ကြီးGold Rogerရဲ့ One pieceရတနာကို သေခါနီးမှာ
ချန်ရစ်ခဲ့တယ်ဆိုတဲ့သတင်းကြောင့် လူတော်တော်များများပင်လယ်ထဲ
မှာ One Piece အရှာထွက်ကုန်ကြပါတယ်..။ ကောက်ရိုးဦးထုပ်လို့
လူသိများတဲ့Luffyဟာလည်း အိပ်မက်ကိုယ်စီရှိတဲ့ အဖွဲ့ဝင်၈ယောက်ကိုစုစည်းပြီး
ကမ္ဘာသစ်မှာစွန့်စားခန်းတွေကိုရင်ဆိုင်နေပါတော့တယ်..။
One pieceကားတွန်ဟာ စထွက်ခဲ့တဲ့အချိန်ကစပြီး
ခုချိန်ထိလူကြိုက်အများဆုံးဂျပန်ကာတွန်းဆယ်ကားထဲမှာ
ထိပ်ဆုံးကနေ အမြဲရပ်တည်လျှက်ရှိပါတယ်..။
One pieceကာတွန်းဟာ အရာရာကိုမဆုတ်မနစ်ကြိုးစားချင်တဲ့စိတ်၊
အချင်းချင်းစည်းစည်းလုံးလုံးနဲ့ကိစ္စတွေကိုဖျက်ကျော်လိုတဲ့စိတ်ဓာတ်တွေ၊
ခွန်အားတွေပေးနိုင်တာအမှန်ပါ One piece ဖန်တီးသူEiichiro Odaဟာ
စဖန်တီးတုန်းကအပိုင်း၁၀၀လောက်ပဲရေးဆွဲမယ်လို့ရည်ရွယ်ခဲ့ပေမယ့်
မထင်မှတ်ပဲလူကြိုက်များအောင်မြင်မှုရခဲ့တာကြောင့် စထွက်တဲ့အချိန်ကစပြီး
ခုချိန်အထိ နှစ်ပေါင်း၁၉နှစ်အတွင်း အပိုင်း၇၀၀ကျော်အထိထွက်ရှိခဲ့ပါပြီ
Eiichiro Odaကိုယ်တိုင်ကလည်း ဇာတ်သိမ်းပိုင်းရောက်ဖို့နောက်ထပ်သုံးပုံတစ်ပုံကျန်သေးတယ်
လို့ဝန်ခံထားပါတယ်..။
ကျနော်တို့Fanတွေကိုယ်တိုင်လည်းဇာတ်လမ်းအဆုံးကို သိချင်ပေမယ့် one piece
ဇာတ်လမ်းဆုံးသွားမှာကိုလည်းစိုးရိမ်မိတာအမှန်ပဲဒါပေမယ့် Eiichiro Odaရဲ့
ကျန်းမာရေးဟာတဖြည်းဖြည်းချွတ်ယွင်းလာတာကြောင့် one pieceဇာတ်လမ်းလည်း
မကြာခင်ပြီးဆုံးတော့မယ်လို့ကောလဟာလတွေထွက်နေပါတယ်..။
ဇာတ်လမ်းပြီးဆုံးသွားရင်တောင် One Pieceကားတွန်းကားလေးကိုကျနော်တို့တွေအမှတ်ရပြီး
ကျန်နေခဲ့မယ်ဆိုတာအသေအချာပါပဲ ..။ အခုတော့ Wano Kingdmom Arc ရဲ့ အစပိုင်းဖြစ်တဲ့
Episode 753 ကနေစပြီး တင်ဆက်ပေးလိုက်ရပါတယ်.။ အပတ်စဉ် Update လုပ်ပေးသွားမှာလဲဖြစ်ပါတယ်.။
Translate by:ဟိန်းထက် Dr.Nyan
Encode by: Dr.Nyan
+ comments + 7 comments
ကျေးဇူးပါအကိုတို့
One peace ကားဝယ်လို့ရလား bro
751 နဲ့ 752 လေး တင်ပေးပါ့လား bro အဲ့အပိုင်းလေးတေကြည့်ဖို့ကျန်နေသေးလို့
751 နဲ့ 752 လေး တင်ပေးပါ့လား bro အဲ့အပိုင်းလေးတေကြည့်ဖို့ကျန်နေသေးလို့
ep 155 စပြီး downloads link ချပေးအုံး မင်မင်
Ep 546 ကစplinkလုပ်ပေးပါလခင်ဗျ
ဆက်မတင်တော့ဘူးလားဗျ
Post a Comment