Super Hreo Movie တွေချည်းပဲ အပြိုင်အဆိုင်ရိုက်နေတဲ့ ခေတ်ကြီးမှာ Vampire Vs Lycan ဆိုရင်ပဲ လူတိုင်းမျှော်လင့်တကြီးနဲ့ ကြည့်ချင်ကြပါတယ် (အရသာ အပြောင်းအလဲလေး ပေးတာကိုး)။ Underworld ဟာဆိုရင် Vampire တွေနဲ့ Lycan တွေ ဘာကြောင့် ထာဝရရန်သူတွေဖြစ်နေရတာလဲဆိုတာကို ယုတ္တိတန်စွာနဲ့ ဇာတ်အိမ်ခိုင်မာစွာ ရှင်းပြခဲ့တဲ့ တစ်ခုတည်းသော ဇာတ်လမ်းဖြစ်ပါတယ်(Twilight မှာတောင် တစ်ခန်း နှစ်ခန်းစာပဲ ပါတယ်)။ ပြီးတော့ Vampire Lycan ဆိုတာတွေဟာ Supernatural Creatures တွေ မဟုတ်ပဲ သက်ဆိုင်ရာ Virus ကြောင့်ဖြစ်ရတာပါတဲ့(ကဲ မမိုက်ဘူးလား၊ စိတ်ကူးယဉ်ဇာတ်လမ်းကြီးကို သိပ္ပံနည်း မကျ ကျအောင် ဆွဲစိလိုက်တာ)။ ခိုင်မာတဲ့ ဇာတ်အိမ်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ Underworld ဟာဆိုရင်ဖြင့် အချစ်အလွမ်းအကြမ်း ရသစုံပေးနိုင်ဖို့ ခပ်မိုက်မိုက်ရိုက်ချက်တွေနဲ့ ခရီးဆက်ခဲ့တာ ယခု ငါးကားမြောက် ထွက်ရှိလာတဲ့အထိပါပဲ(ခြောက်ကားမြောက်လည်း လာဦးမှာပါ စီစဉ်နေပြီတဲ့)။
Underworld: Blood Wars အကြောင်းမပြောခင် ရှေ့ကားလေးတွေ ပြန်နွှေးကြည့်ရအောင်။
(1)**ပထမဆုံးကတော့ Underworld ပါပဲ(နောက်မှ ဘာ extension မှကိုမပါတာ)။ ပထမဆုံးသော introduction ဖြစ်တာနဲ့ အညီ Vampire Lycan တွေအကြောင်း အကျဉ်းနဲ့ အဓိကဇာတ်ကောင် Selene ရဲ့ မိသားစုအတွက် သွေးကြွေးဆပ်ရန်ကြိုးစားပုံ Lycan ဖြစ်တဲ့ Micheal နဲ့ ချစ်ခဲ့မိပုံတွေနဲ့ ဇာတ်အိမ်ဖွဲ့ထားပါတယ်။
(2)**Underworld: Evolution မှာတော့ သူတို့ ချပြချင်တဲ့ ဇာတ်အိမ်ဖွဲ့မှုတွေကို အသေးစိတ်ချယ်မှုန်းလာပါပြီ။ Vampire တွေရဲ့ အစပထမဖြစ်တဲ့ စွမ်းအားအကြီးဆုံး ခေါင်းဆောင်တွေက အလှည့်ကျ အုပ်ချုပ်နေတာတဲ့။ မှားယွင်းတဲ့ ခေါင်းဆောင် Viktor ကိုထိန်းချုပ်ဖို့ အနားယူနေတဲ့ Markus ကို သူတာဝန်ယူရမယ့် ရာစုနှစ်မတိုင်ခင်စောနှိုးလိုက်ပါတယ်။ နောက်မှ သိလိုက်ရတာက Markus ဟာ ပထမဆုံးသော Vampire ဖြစ်တဲ့အပြင် ပထမဆုံးသော Lycan ဖြစ်တဲ့ William နဲ့ အမွှာညီအစ်ကို ဖြစ်နေတာပါပဲ။ အရှုပ်အထွေးတွေ လျှို့ဝှက်ချက်တွေကို ရှင်းရင်းနဲ့ Viktor Marcus William ဆိုတဲ့ ရန်သူတော်သုံးဦးကို Selene နဲ့ Micheal တို့ ရင်ဆိုင်ရပါတော့တယ်။ အဆုံးသတ်တော့ Micheal က Vampire Lycan hybrid ဖြစ်သွားပြီး Selene ကတော့ Markus နဲ့ William တို့မရှိတော့တဲ့နောက် သူတို့ ဖခင်ဖြစ်တဲ့ Alexander Corvinus ရဲ့ မျိုးစိတ်နှစ်ခုလုံးရဲ့ အစပထမ Pure Blood ကိုဆက်ခံသူဖြစ်လာတယ်။
(3)**Underworld: Rise of the Lycans ကတော့ X Men: First Class ပုံစံမျိုးပါ။ ဟိုးအတိတ် ရာစုနှစ်များစွာက Vampire နဲ့ Lycan တွေ မဟာရန်ဖက်ဖြစ်လာရတဲ့ အကြောင်းရင်းကို အခြေခံပြီး ဇာတ်အိမ်တည်ထားပါတယ်။
(4)**Underworld: Awakening မှာတော့ Vampire တွေ Lycan တွေရဲ့ အန္တရာယ်ကိုမြင်လာတဲ့ လူသားတွေဟာ မျိုးနွယ်နှစ်ခုလုံးကို အဆုံးသတ်ဖို့ ကြိုးစားလာပါတယ်။ လူသားတွေရဲ့ ဖမ်းဆီးမှုကို ခံရပြီးနောက် ထွက်ပြေးရာမှာ Selene တစ်ယောက် Micheal နဲ့ လူစုကွဲပြီး David ဆိုတဲ့ Vampire ရယ် Eve ဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်နဲ့ဆုံတွေ့ခဲ့ပါတယ်။ နောက်ပိုင်းမှ Eve ဟာ Selene နဲ့ Micheal တို့ရဲ့ သမီးဖြစ်နေပြီး မျိုးနွယ်နှစ်ခုလုံးအတွက် ကုထုံးသာမက ကြောက်စရာအကောင်းဆုံး လက်နက်ပါဖြစ်လာနိုင်တဲ့ စွမ်းအားဗီဇတွေ ရှိနေတာ သိလာရပါတယ်။ သမီးအတွက် Vampire ၊ Lycan ၊ Human ဆိုတဲ့ Race သုံးခုလုံးလက်က လွတ်အောင်ကြံဆောင်ရပါတော့တယ်။
ယခု Underworld: Bloodwars မှာတော့ Lycan တွေအတွက် Marius ဆိုတဲ့ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာပါတယ်။ ထူးဆန်းတာက သူ့မှာ ပျောက်ဆုံးနေတဲ့ Micheal ရဲ့ Hybrid ability မျိုးရှိနေတာပါပဲ။ Marius ရဲ့ ဦးဆောင်မှုနဲ့ Lycan တွေဟာ စနစ်တကျ တပ်ဖွဲ့ပြီး Dark Age တစ်လျှောက် တစ်ခါမှ မရှိဖူးခဲ့တဲ့ အင်အားမျိုးနဲ့ Vampire တွေကို ထိုးစစ်ဆင်လာပါတယ်။ အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု ချေမှုန်းခံလာရတဲ့ Vamp တွေအနေနဲ့လဲ Selene ရဲ့ Viktor ကိုသတ်ခဲ့တဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ပြီး အင်အားဖြည့်တင်းပေးဖို့ အကူအညီတောင်းရပါတော့တယ်။ Race နှစ်ခုလုံးက အလိုရှိနေတဲ့ သမီးကို ကာကွယ်ဖို့ကြိုးစားရင်း Marius တင်မက ကိုယ်နဲ့မျိုးနွယ်တူ သစ္စာဖောက်ကိုပါရင်ဆိုင်ရပါတော့တယ်။ ပျင်းရိချိန်မရှိလောက်အောင် ဇာတ်ကွက်စိပ်လွန်းသလို ပျောက်ဆုံးနေတဲ့ Micheal ၊ Selene ကိုယ်တိုင်တောင် ဘယ်ရောက်နေမှန်းမသိတဲ့ သမီးဖြစ်သူ Eve ၊ David ရဲ့ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက် အစရှိတဲ့ အရှုပ်အထွေးတွေကြားထဲက Marcus ၊ Viktor ၊ Amelia ခေတ်လွန် Vampire ကမ္ဘာကို အုပ်စိုးသူ မည်သူဖြစ်လာမှာလဲဆိုတာကို အပီအပြင်ရိုက်ကူးပုံဖော်ထားပါတယ်
ရှားရှားပါးပါးထွက်ရှိလာတဲ့ Dark Age ကားကောင်းလေးတစ်ကားမို့ လက်မလွတ်တမ်း ကြည့်ရှုကြပါဦးလို့ တိုက်တွန်းရင်းနဲ့ပဲ........
Review & Translate by hTaG
Encoded by Hein Min Htet
Quality-webDl 720p
Size -660mb-360mb
Download Big Size(660mb)
Small size is soon