Latest Movie :

The Place Promised in Our Early Days (2004) မြန်မာစာတန်းထိုး


The Place Promised in Our Early Days (2004) မြန်မာစာတန်းထိုး
Imdb - 7.3/10

မင်္ဂလာပါ ခင်ဗျာ..၊ ကြည့်ရှုပြီးသူတိုင်း တသသဖြစ်စေမယ့် Anime Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Anime တွေသာမက Japanese film အတော်များများဟာ လူသားတွေရဲ့ စရိုက်ကို ထင်ဟပ်ပြရာမှာ အခြားသော Movie များထက် ပိုမိုပြီး realistic ကျတယ်ဆိုတာ.. Movie fan တွေသတိထားမိကြမှာပါ။ အဲဒီလိုပဲ ခု ဒီ Anime လေးမှာလဲ သံယောဇဉ် မေတ္တာအနှောင်အဖွဲ့တွေနဲ့.. ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာ .. ရင်နင့်စရာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

1996 Japan ဟာ US ရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် နယ်မြေတစ်ခြမ်းစီ ခွဲပြီးအုပ်ချုပ်နေရတဲ့အချိန်ကာလ တစ်ခုအနေနဲ့... ဇါတ်လမ်းကို အခြေတည်ထားပါတယ်။ ဟိုကိုင်းဒို ကျွန်းစုကတော့ ဂျပန်လက်အောင်မှာပဲ တည်ရှိနေပြီး အခြားတောင်ပိုင်းကျွန်းစုတွေကိုတော့ US တွေက စိုးမိုးထားပါတယ်တဲ့ခင်ဗျ။ အဲဒီလို အချိန်ကာလမှာ ဟိုကိုင်းဒိုး ကျွန်းပေါ်မှာ အလွန်အင်မတန်မြင့်မားတဲ့ Tower ကြီးတစ်ခုကို ပေါ်ထွန်းလာပါတယ်။ မိုးထိအောင်ထိုးထွက်နေတဲ့ Tower ကြီးဟာ Tokyo မြို့ပေါ်က လှမ်းကြည့်ရင်တောင် ထီးထီးကြီး မင်ြနေရပါသတဲ့။အလယ်တန်းကျောင်းသားလေး သုံးယောက်ဟာ လက်လုပ်လေယာဉ်လေးတစ်စင်း နဲ့ အဲဒီ Tower ကြီးကို တစ်နေ့မှာ အနီးကပ်သွားကြည့်နိုင်ဖို့ ...  နွေဦးပေါက်မှာ ကတိထားခဲ့ကြပါတယ်။ သူတို့ရဲ့ အစီအစဉ်လေး အကောင်အထည်မဖေါ်နိုင်ခင်မှာပဲ သုံးယောက်ထဲက မိန်းကလေးဖြစ်တဲ့..  Sayuri ဟာ.. ရုတ်တရက် ထူးထူးဆန်းဆန်း နေမကောင်းဖြစ်ပြီး ဆေးကုသမှု ခံယူဖို့.. Tokyo ကို ရွှေ့ပြောင်းခဲ့ရပါတယ်။ သူတို့ရဲ့ စိတ်ကူးယဉ် စီမံကိန်းလေးလဲ Sayuri မရှိတော့တာနဲ့ အလိုအလျောက် ဖျက်သိမ်းလိုက်သလို ဖြစ်သွားခဲ့ရပါတော့တယ်။ နှစ်တွေကြာညောင်းလာတဲ့နောက်... Hiroki ဟာ.. Sayuri တစ်ယောက် သူတို့နဲ့ ကွဲကွာပြီးတဲ့နောက်ပိုင်း coma ရောဂါ ခံစားနေရတယ်ဆိုတာ ကို စုံစမ်းသိရှိလိုက်ရတဲ့အခါ.. သူငယ်ချင်း.. Takuya နဲ့အတူ... Sayuri ကိုကယ်တင်နိုင်မယ့် နည်းလမ်းကို အပြင်းအထန်စ တင်ရှာဖွေပါတော့တယ်။  နောက်ပိုင်းမှာ.. သူတို့ရဲ့ ငယ်ဘ၀ အိပ်မက်လေး အကောင်အထည်ပေါ်လာမလား၊ Sayuri တစ်ယောက် coma ခံစားနေရတဲ့ အဖြစ်က လွတ်မြောက်နိုင်မလား.. Hiroki က ဘယ်လိုကယ်တင်သွားမှာလဲဆိုတာ...  Anima Drama တွေ ကြိုက်နှစ်သက်မယ်၊ Disney က romantic animation လေးတွေ တကူးတက ကြည့်ရှုခံစားတတ်တယ်ဆိုရင်ဖြင့်...  ဒီ Anime လေးက..  ရင်ထဲကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေနိုင်မယ့် Movie တစ်ခုဆိုတာ...  ပရိသတ်ကြီးတွေ့ရှိခံစားကြရမှာဖြစ်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by: Sugar
Translated by: KZKK
Encoded by: Sinn Sinn
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger