Latest Movie :

Take Off 2 (2016) မြန်မာစာတန်းထိုး

Imdb - 4.9/10
ကိုရီးယားကားလေးတွေဟာ series တွေသာမက movie အနေနဲ့ပါ ပရိတ်သတ်စိတ်ဝင်စားမှုကို အပြည့်အဝယူထားနိုင်တယ်ဆိုတာ ဒီ Take off ဇာတ်ကားလေးက ပြနေပါတယ် ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိထားပြီး ကိုရီးယားမှာ ဒုတိယလူကြည့်အများဆုံးကားအဖြစ် မှတ်တမ်းဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ကိုရီးယားနိုင်ငံဖွား အမေရိကန်ကောင်လေး Bob ခေါ်  Cha Heon-tae ဟာ သူ့အစ်မနဲ့အတူအမေရိကန်မိဘတွေက မွေးစားထားခြင်းခံထားရသူပါ သူဟာကိုရီးယား တီဗီအစီအစဉ်တစ်ခုကနေတဆင့် သူ့အမေရင်းကို ရှာတဲ့အချိန်မှာ ကျွမ်းကျင်တဲ့ စကိတ်စီးသမားဖြစ်တဲ့သူ့ကို နည်းပြ Bang ကခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပါတယ် သူဟာ ၁၉၉၈ ခုနှစ် ဆောင်းတွင်းအိုလံပစ်ကစားပွဲမှာ အမျိုးသားနှင်းလျှောစီးအဖွဲ့အဖြစ် အောင်နိုင်ဖို့ရည်ရွယ်ပြီး Cha Heon-tae အပြင် တခြားလူငယ်လေးတွေနဲ့ အသင်းဖွဲ့စည်းလိုက်ပါတယ် သူတို့အသင်းက အားလုံးအရည်အချင်းရှိကြပေမယ့် လေ့ကျင့်မှုကင်းကွာနေတဲ့အတွက်  ပြိုင်ပွဲနီးလာတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့နေရာတွေဖြစ်တဲ့ ကားတွေပေါ်နဲ့ ကစားကွင်းက ရိုလာကိုစတာတွေလိုနေရာတွေမှာ လေ့ကျင့်ကြပါတယ် နောက်ဆုံးသူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိသွားပေမယ့် အဖွဲ့ဝင်တစ်ဦး ခြေထောက်ဒဏ်ရာရသွားတဲ့အခါမှာတော့ နိုင်ငံဂုဏ်ဆောင်ဖို့ သူတို့ရဲ့ရည်မှန်းချက်တွေကို ဘယ်လိုဆက်အကောင်အထည်ဖော်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ
ဒီဇာတ်ကားဟာ IMDb rate 4.9 ရရှိထားပြီး အားကစားနဲ့ဒရာမာကားကောင်းလေးဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။
Reviewed by: ဆလတ်ရွက်
Translated by: Hnin Hnin
Encoded by: Hein Min Htet
Quality & Size : HDRip 720p 900MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger