Latest Movie :

The King and The Clown (2005) မြန်မာစာတန်းထိုး 18+




****************************************
လူ့အခွင့်အရေး အတွေးအခေါ်၊ အပြောင်းအလဲနဲ့ပါတ်သက်လာရင် Korean တွေဟာ. အခြားသော အာရှသားတွေထက် အမြဲလိုလို ခြေတစ်လှမ်းစောပြီး တော်လှန်တတ်လေ့ ရှိတာကို ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ နဖူးတွေ့ဒူးတွေ့ သိရှိနေခဲ့ရပြီးဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ လွန် ခုနှစ်များဟာ.. အရှေ့တိုင်းနိုင်ငံအတော်များများမှာ လိင်တူချစ်ခွင့်ဆိုတာ ကြားတာနဲ့တင် နှာခေါင်းရှုံ့နေကြဆဲဖြစ်နေကြတဲ့အချိန်မှာ.. Korean တွေဟာ Gay right တွေ ကိုရဲရဲဝံ့ဝံ့ ချပြနေခဲ့ပြီး သတိထားမိရသလောက် Korea ပြီးရင် နောက်က ဒုတိယ ကပ်လိုက်တာ အနောက်တိုင်းယဉ်ကျေးမှု အတော်များများ မွေးစားလေ့ရှိတဲ့ အယုဒ္ဓယ ပါပဲ။ လူ့အခွင့်အရေးကို အလေးပေးတန်ဖိုးထားတတ်ကြတဲ့သူတွေအတွက် Gay ဆိုတာ ပြသာနာ တစ်ခု မဟုတ်ပေမယ့်.. .. လိင်ပညာပေး အားနည်းတဲ့ အထူးသဖြင့် Human Right ရယ်လို့ ဟုတ်တိပါတ်တိ လှုပ်ရှားမှုအားနည်းတဲ့ နေရာဒေသတွေမှာ.. Gay ပြသာနာ ဟာ ... မိဘမျက်နှာ အိုးမည်းသုတ်တာ နီးနီးလောက်ကို Risk ကြီးပါတယ်။ အမှန်တကယ်တမ်း Gay ဖြစ်ခြင်းဟာ. ရှက်စရာတစ်ခုမဟုတ်သလို .. ဘေးပါတ်ဝန်းကျင်အနေနဲ့လဲ... ဒါဟာ အထူးတလည် သတိထား စကားတင်းဆိုနေရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ အတင်းကြီးဖိနှိပ်ထားရင် ဘယ်အရာမဆို ရုန်းကန်ပေါက်ကွဲတတ်တဲ့သဘောရှိစမြဲမို့.. Sexual Orientation (လိင်စိတ်တိမ်းညွှတ်မှု) ဟာ အချိန်တန်တော့ ဘူးပေါ်သလို ပေါ်လာတဲ့အခါ.. မဖြစ်သင့် မဖြစ်အပ်တဲ့ လူမှုရေးပြသာနာတွေ ပေါ်ပေါက်လာရပါတော့တယ်။ လောလောဆယ် Gayright အကြောင်း အာရိုက်နေတာကိုခဏရပ်ပြီး Movie ဘက်ကို ခြေဦးပြန်လှည့်ပါမယ်။ Gayright တွေကို Media က တဆင့်.. နည်းလမ်းအသွယ်သွယ် နဲ့ ပညာပေးကြတဲ့အထဲမှာ Movieတွေ Song တွေဟာလဲ တခန်းတကဏ္ဍက အရေးပါ အရာရောက်တယ်ဆိုတာ Apple CEO Tim Cook ရဲ့ itune Free download song list ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သက်တံ့ရောင်လွှမ်းတဲ့ ရုပ်ရှင်ကားတွေဟာ လူ့အခွင့်အရေးမြတ်နိုးသူတွေကြားထဲမှာလဲ အတော်လေးကိုရေပန်းစားခဲ့ကြပါတယ်။ ဥပမာ Hollywood မှာဆိုရင် Brokeback Mountain ခုနောက်ပိုင်းမှာ Blue is the warmest color လို ဇါတ်ကားမျိုးတွေ၊ အရှေ့တိုင်းမှာ ဆိုရင်..Korea မှာ. Boys Over Flower၊ Thailand မှာ 1448 Love among Us. Love Love you, Love is coming အစရှိတဲ့ဇါတ်ကားတွေဟာ အထင်ကရ ဖြစ်ခဲ့ပါတယ်။
ခု The King and The Clown ဇါတ်ကားဟာ.. 2005 ခုနှစ်မှာ.. ထွက်ရှိခဲ့ပြီး
Best Selling film တစ်ခု အဖြစ် အခိုင်အမာရပ်တည်ခဲ့ပါတယ်။ ရက်သတ္တပါတ် ၇ ပါတ် ကျော်တဲ့အချိန်အထိ လက်မှတ်အစောင်ရေ.. 12သန်းကျော်ထိ ရုံဝင်အားကောင်းခဲ့ပြီး Korea ရုပ်ရှင်သမိုင်းကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ထိပ်တန်း ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်။ အနောက်တိုင်းမှာ Brokeback Mountain ၊ အရှေ့တိုင်းမှာ The King and The Clown လို့ ဆိုရမှာပါပဲ။
၁၄ ရာစု အချိန်ကာလကို နောက်ခံထားပြီး.. Jang-Sang နဲ့ Gong-jil ဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဟာ နယ်လှည့်လူရွှင်တော်တွေအဖြစ် ဘ၀ကို ထိန်းကျောင်းနေရတဲ့သူတွေ ဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ကနေ ခပ်နွဲ့နွဲ့ နေထိုင်တတ်တဲ့ Gong-jil ကြောင့် သူတို့ရဲ့ Relationship ဘယ်လို ကူးပြောင်းသွားတယ်ဆိုတာကို လှလှပပလေးရိုက်ကူးပြထားပါတယ်။ အတတ်နိုင်ဆုံး အတိုချုံးပြောရရင်... သူတို့နှစ်ယောက်ရဲ့ ဘုရင်ကို သရော်တော်တော် ပျက်လုံးတွေကြောင့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတော့တယ်။ အခြားသော တိုင်းသူပြည်သားတွေကို.. ရွှင်မြူးလာအောင် လုပ်နိုင်သလို.. ဘုရင်ကို ဟဒယဆေး မတိုက်ကျွေးနိုင်ရင်.. သေစားသေစေ ဆိုတဲ့သဘောနဲ့ ပြစ်ဒါဏ်ချမှတ်ခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အင်မတန်ချစ်ခင်တဲ့ သူတို့ couple အတွက်.. ဒီအပြစ်ဒါဏ်က လွတ်အောင်ရုန်းနိုင်ပါ့မလား၊ သူတို့ နှစ်ယောက်ကြားထဲမှာ ဘုရင်ကြီးက ဘယ်လို အခန်းကဏ္ဍက ပါဝင်လာမလဲ ဆိုတာ ... ဆက်လက်ခံစားကြည့်ရှုကြပါခင်ဗျ။ ဒီ Movie ဟာ Romantic movie တစ်ခုထက်သာမက လူ့အသိုင်းအ၀ိုင်းရဲ့ တုံ့ပြန်မှု အသွားအလာတွေ၊ စိတ်လှုပ်ရှားစရာ လူ့စိတ်သဘာဝ တွေ နဲ့ ယက်ဖောက်ထားတာမို့ ... သူတို့ နိုင်ငံမှာ Best selling စာရင်းဝင်ခဲ့တာ ဇါတ်လမ်းကို ကြည့်ရှုပြီးရင် ထူးပြီးအံ့သြနေတော့မှာ မဟုတ်ပါဘူး။
Korea ဇါတ်လမ်းတွဲတွေ၊ Movie တွေကို သိပ် နှိုက်နှိုက်ချွတ်ချွတ် ကြည့်လေ့ မရှိတဲ့သူတွေဆိုရင် ဒီကားလေးက စပြီး လေ့လာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံး သရုပ်ဆောင်မှုနဲ့.. ပညာသားပါပါ ရိုက်ချက်တွေကို အတုယူစရာ ရှုမြင်ကြရမှာဖြစ်ပါတယ်။ ယောက်ျားလေးတွေအတွက် သိပ်မထူးဆန်းတဲ့ scene တွေ ဖြစ်နေပေမယ့် မိန်းကလေးတွေအတွက်ဆိုရင်တော့ ၁၈+ scence တွေ ပါဝင်တယ်ဆိုတာကိုတော့ စကားချပ်အနေနဲ့ ထည့်သွင်းအသိပေးလိုက်ပါတယ်ခင်ဗျာ။
ဇါတ်လမ်းရဲ့ မူရင်း Diaglogue တွေဟာ လှပပြီး အရမ်းအနုစိတ်တာမို့ .. GC ပရိသတ်ကြီး အနှစ်သာရမပျက်ရအောင် ကျွန်တော်တို့ရဲ့ Translator hTaG မှ.. ရင်နင့်ခံစားပြီးကျကျနန ဘာသာပြန်ဆိုထားပေးတာမို့... မူရင်းအရသာမပျက်ခံစားရမှာပါ။
အကောင်းဆုံးအရည်အသွေးအဖြစ် တင်ဆက်ပေးသူကတော့ Encoder ကြီး
Sai Ko Ko ဖြစ်ပါတယ်ခင်ဗျ။..
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Imdb Rating - 7.5/10
Reviewed by - Sugar
Translated by - hTaG
Encoded by - Sai KO KO
Quality & Size -720P HD Rip 



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger