Latest Movie :

THE ASIAN CONNECTION (2016) မြန်မာစာတန်းထိုး



ဒီနေ့ခံစားရမယ့် ရုပ် ရှင်ကတော့ အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂဲ ပါဝင်သရုပ်ဆောင် ထားတဲ့ အက်ရှင်ဇာတ်ကားပဲဖြစ် ပါတယ်။ စတီဗင်ဆီးဂဲ ရုပ်ရှင် တွေကြိုက်တဲ့ ပရိ သတ်တွေအနေ နဲ့ အသက်ကြီးသွားပေမယ့် အ စဉ်အလာမပြတ် သရုပ်ဆောင် ချက်အတိုင်းတွေ့ရမှာဖြစ်လို့ သ ဘောကျမယ်ထင်ပါတယ်။

အမေရိကန်ဓားပြနှစ်ယောက်ဖြစ်တဲ့ ဂျက်နဲ့ဆမ်တို့ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ ဓားပြတိုက်မှု၊ လုယက်မှုတွေကို ကျူးလွန်ကြသူတွေဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သူတို့ဓားပြ တိုက်ဖို့ရွေးတာ အမှားကြီးမှားခဲ့ပါတယ်။ အဲဒီလူက အကြင်နာ တရားကင်းမဲ့တဲ့ မူးယစ်ရာဇာတစ် ယောက်ဖြစ်လို့ပါပဲ။

အဲဒီလူရဲ့ ငွေတွေကို ခိုးယူမိ ပြီးတဲ့နောက်မှာတော့ ကိုယ့်သေ တွင်းကိုယ်တူးမိသလို ပြဿနာ တွေ ဆက်တိုက်ကြုံရပါတော့ တယ်။ စတီဗင်ဆီးဂဲကိုတော့ နှုတ် ခမ်းမွေးတကားကားနဲ့ အကြမ်းပတမ်း မူးယစ်ရာဇာကြီးတစ်ယောက်အနေနဲ့တွေ့ရမှာဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်ချက်အတိုင်း ချိုးခနဲချွတ်ခနဲတီးထည့်လိုက်တဲ့ အက်ရှင်တွေမြင်ရမှာပါ။

ချမ်းသာဖို့အတွက် ဓားပြ တိုက်သူနှစ်ဦးရဲ့ဘ၀ဟာ အသက် ရှင်ဖို့အတွက် တိုက်ခိုက်ရတဲ့အ ခြေအနေကို ပြောင်းသွားခဲ့ပြီး မူး ယစ်ရာဇာရဲ့ပစ်မှတ်ဖြစ်ကာ လက်စားချေနှိပ်စက်ခံခဲ့ရပါတယ်။ အဲဒီနောက် မူးယစ်ရာဇာရဲ့အဖွဲ့တွေနဲ့ တိုက်ကြခိုက်ကြရင်း ဆမ် သေဆုံးသွားပါတယ်။ နောက်တော့ ဂျက်က သူ့ချစ်သူပွန်မ်နဲ့ပေါင်းပြီး မူးယစ်ရာ ဇာရဲ့အဖွဲ့တွေရန်က လွတ်အောင်ကြိုးပမ်းခဲ့တဲ့အကြောင်း အပစ်အခတ်တွေ၊ အတိုက်အခိုက်တွေနဲ့ ရှုစားရမယ့်ဇာတ်ကားလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ စတီဗင်ဆီးဂဲ၊ မိုက်ကယ်ဂျိုင်ဝှိုက်၊ ရွန်စမူရန် ဘာ့ဂ်စတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။

Review Credit to -7day Daily
Translate by: Min Htet
Encode by: Sai Ko Ko
Quality 720P BR-RIP
Size 750MB


Pcloud Download HD 650MB BR-RIP
Share this article :

+ comments + 2 comments

October 24, 2016 at 1:36 AM

action ကားသစ်လေးတွေ စောင့်နေတာကြာပီ
ကျေးဇူးပါ GC admin team

ကုလားကား မျက်​၇ည်​ကျ​လောက်​​အောင်​ ​ကောင်းတဲ့ ဇာတ်​ကား​လေး​တွေလဲ တင်​​ပေးပါဦးGC

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger