Latest Movie :

Seondal:The man who sells the river (2016) မြန်မာစာတန်းထိုး


ချောင်မင်းဆက်ခေတ်ကာလမှာ ဂျိုဆွန်းပြည်သူတွေဟာ ချောင်နိုင်ငံကိုရောင်းစားခြင်းခံခဲ့ရပြီးတော့ တိုက်ပွဲဝင်ဖို့အတွက် အသုံးချခြင်းခံရပါတယ်။ အင်ဟုန်လည်း စစ်သားစုဆောင်းရေးမှာပါဝင်ခဲ့ပြီး   စစ်ပွဲမှာ ဘိုဝမ်နဲ့ ဂျောင်း ဆိုသူ နှစ် ယောက်နဲ့ဆုံခဲ့ပါတယ်။ သူတို့သုံးဦး ဂျိုဆွန်းကို ပြန်ရောက်တဲ့အခါ ဘယ်လို ရှာဖွေစားသောက်ရမယ်မသိတာကြောင့် ကလိမ်ကကျစ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်ဟုန်ရဲ့ အလိမ်အညာဇာတ်လမ်းတွေစခဲ့ကြပါတယ်။ ပထမဆုံးအနေနဲ့ ကြက် တစ်ကောင်ကို မီးငှက်ပုံစံပြင်ဆင်ပြီး လိမ်လည်ရောင်းချသလို သာမန်ဓားတစ်ချောင်းကိုလည်း ကျော်ကြားတဲ့စစ်သူကြီးတစ်ယောက်ရဲ့ ဓားဆိုပြီးတော့လည်း ရောင်းချပြန်ပါတော့တယ်။ သိပ်မကြာခင်ကာလမှာပဲ နန်းတွင်းထောက်လှမ်းရေးအဖွဲ့က အလိုရှိပါတော့တယ်။ဒါပေမဲ့လည်း သူတို့အဖွဲ့ကတော့က လိမ်ဆင်ဇာတ်လမ်းတွေ ဆက်ခဲ့ပါတယ်။ အင်ဟုန်ကတော့ ရုပ်ပြောင်းရုပ်လွှဲဆရာ ဘိုဝန်၊ နတ်ကတော်ယွန်းနဲ့တပည့်လေး ဂျောင်းတို့နဲ့အတူ လှုပ်ရှားခဲ့ကြတာပါ။

နောက်ဆုံးမှာတော့ အရှိန်အ၀ါကြီးတဲ့ ဆောင်ဒယ်ယောင်းကို အကွက်ရွှေ့ဖို့လုပ်ခဲ့ကြပါတယ်။
အဲဒါကတော့ ဒယ်ဒုံမြစ် ထဲမှာ ရွှေရှိတယ်ဆိုတဲ့ ကောလာဟလ သတင်းလွှင့် မြစ်ရေကိုရောင်းစားကာ ဆောင်ဒယ်ယောင်းကို ဘယ်လိုမလိမ့်တပတ်လုပ်ကြမလဲ မထင်မှတ်ထားတဲ့ကိစ္စတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ... ရယ်ရယ်မောမောနဲ့ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။


Review by: Phyo Thant
Translate by: Phyo Thant
Encode by: Hein Min Htet
Quality 720P HD



Watch & Download HD 800MB
Share this article :

+ comments + 1 comments

October 20, 2016 at 10:57 AM

ဟာသကား​လေး​တွေလာ်းတငိ​ပေးပါဥှး

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger