Latest Movie :

Kabhi_Khushi_Kabhie_Gham... (2001) မြန်မာစာတန်းထိုး







မင်္ဂလာပါခင်ဗျာ၊ Bollywood Movie fans တွေအတွက် ထိပ်တန်းမင်းသားကြီး
သုံးလက် ပါဝင်ထားတဲ့ Sometimes there's Happiness, Sometimes there's Sorrow ဆိုတဲ့ Drama ကားကြီးတစ်ကားကို ပြန်လည်ရွေးချယ်
ထားပါတယ်ခင်ဗျ။
Movie Poster ကိုကြည့်ရုံနဲ့ bollywood ပရိသတ်အသည်းစွဲ မင်းသားကြီး သုံးလက်ကို ခန့်ခန့်ညားညား တွေ့ရမှာဖြစ်သလို မင်းသမီးချောလေး Kajol နဲ့
Kareena Kapoor ကိုလဲ သတိထားမိမှာပါ။ Imdb 7.5/10 နဲ့ Rotten
tomatoes 88% အဆင့် သတ်မှတ်ထားတဲ့ ဒီ Movie ထဲမှာ.. တော်ရုံ
မခံစားတတ်တဲ့သူတွေကို ဖမ်းစားနိုင်တဲ့ Soundtrack အလန်းစား သုံးပုဒ်ကိုလဲ
နားဆင်ကြရမှာပါ။
Drama ကောင်းကောင်း ခံစားကြည့်ရှုလိုကြတဲ့သူတွေအတွက်.. Bollywood ရဲ့ အကျွမ်းကျင်ဆုံး Romantic scenes တွေနဲ့... ခါတိုင်းလို ဇါတ်ကောင်တွေ
အများအပြား မပါဝင်ဘဲ ဇါတ်အိမ်ကို ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားပါတယ်။
မိသားစု မေတ္တာဖွဲ့ ဇါတ်လမ်းတစ်ပုဒ် ဖြစ်တာမို့.. ပရိသတ်ကြီး အတွက်စဆုံး
တစ်ဆင့်ချင်း ခံစားစေလိုတဲ့စေတနာနဲ့.. ကျွန်တော်တို့ ဇါတ်လမ်းအကျဉ်းကို
ချန်လှပ်ထားခဲ့ပါ့မယ်။
မင်းသားကြီး Amitabh Bachchan ကလွဲလို့ Movie တစ်ခုလုံးရဲ့ actor တွေ actress တွေ director တွေက အစ composer တွေပါမကျန် အယောက်တိုင်းလိုလို ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့... ထိပ်တန်းစာရင်းဝင် movie တစ်ခု ဖြစ်တာကြောင့် ကြည်ရှုခံစားသင့်တဲ့ movie တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]


Review by: Gemini Sugar
Translate by: War So
Encode by: Eric Minkhant
Quality 720P HD

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger