Latest Movie :

Diary-Ng-Panget-2014 (မြန်မာစာတန်းထိုး)






Diary ng Panget (2014)

IMDb : 6.5
Rotten Tomatoes : 61%

Diary ng Panget ကို မြန်မာလို တိုက်ရိုက်ပြန်ရင် ရုပ်ဆိုးမလေးရဲ့ ဒိုင်ယာရီတဲ့။ ရုပ်ရှင်လေးအမည်ကို သိလိုက်တာနဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြစရာ လိုတော့မယ် မထင်ပါဘူးနော်။ ဒါဆိုရင် ထိုင်းမင်းသားလေး Mario Maurer ရဲ့ First Love ရုပ်ရှင်ကို နှစ်သက်တဲ့သူတိုင်း ဒီဇာတ်လမ်းလေးကိုလည်း သဘောကျမှာ အသေအချာပါပဲ။ ဖိလစ်ပိုင်ကားဆိုလို့ မင်းသားတွေ မင်းသမီးတွေက ချောပါ့မလားလို့ စိတ်ပူနေစရာ မလိုပါဘူး။ သူငယ်ချင်းတစ်ယောက်ကတော့ ရုပ်ရှင်ပြီးတာနဲ့ကို ဒီထဲက မင်းသားလေးအကြောင်းကို Google မှာ ရှာတော့တာပါပဲ။
အဓိက သရုပ်ဆောင်ထားတာက ဖိလစ်ပိုင် သြစတေးလျ ကပြား အဆိုတော် မင်းသားလေး James Reid နဲ့ ဖိလစ်ပိုင် မင်းသမီးလေး Nadine Lustre ပါပဲ။ ဒီဇာတ်ကားကြောင့်ပဲ James Reid ရော Nadine Lustre ပါ နာမည်ကြီးတာခဲ့တာပါ။ ၂၀၁၆ ဖေဖော်ဝါရီ ၂၀ မှာ သူတို့နှစ်ယောက်တွဲဖြစ်နေပြီလို့ လူသိရှင်ကြား ကြေငြာခဲ့တယ်ဆိုတော့ ဒီဇာတ်လမ်းလေးမှာရော သူတို့ဘယ်လောက်ထိ ချည်နှောင်မိသွားလဲ ကိုယ်က တကယ်ကြီး အကဲခတ်ရတော့မှာပေါ့နော်။  ဒီဇာတ်ကားဟာ နာမည်ကြီးဝတ္တုကို ပြန်ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲက အဖြစ်အပျက်လေးတွေက အပြင်မှာ ဖြစ်နေကျ ပုံစံမျိုးလေးတွေဆိုတော့ ကြည့်ရင်းနဲ့ ကိုယ်ပါ ပါနေသလို ခံစားမိမှာပါ။   စင်ဒရဲလားပုံပြင်လေးတွေဟာ ရိုးစင်းပေမယ့် အမြဲလှပနေတတ်တယ် မဟုတ်လား။ ပေးသွားတဲ့ message လေးကလည်း လှပါတယ်။ “အလှဆိုတာ အပြင်ပန်းကိုချည်း ပြောတာ မဟုတ်ပါ။ စစ်မှန်တဲ့ အလှတရားဟာ စိတ်ထားပါ.။

Review by: Waiyan Philip
Translate by: Thwet Ye Ywal Shin
Encode by : Invoker



Watch & Download HD 821MB   Direct Watch 
Watch & Download Small 621 MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger