Latest Movie :

Ode To My Father (2014) မြန်မာစာတန်းထိုး


Ode To My Father Rating-7.7/10-1541 votes အဖေသို့တမ်းချင်း မြောက်ကိုရီးယားစစ်ပွဲအတွင်းမှာမိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံးစွန့် လွှတ်အနစ်နာခံပေးဆပ်သွားတဲ့လူငယ်တစ်ယောက်အ ကြောင်းကို ရိုက်ကူးထားတာပါ... #ဇာတ်လမ်းအကျဉ်း မြောက်ကိုရီးယားစစ်ဖြစ်နေချိန်မှာ...ဒေါ့ဆူ ဆိုတဲ့ကောင်လေးဟာ အဖေနဲ့ညမလေးကို ကွဲသွားပြီးနောက် မိသားစုကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်... အကိုကြီးအဖရာဆိုတဲ့အတိုင်း မိသားစုရဲ့လိုအပ်ချက်မှန်သမျှကို ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးတဲ့သူမျိုးပါ... စစ်ကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေ၊ စစ်ဘေးကြောင့် ဖြစ်သွားရတဲ့ ဘဝဆိုးတွေကို ဒေါ့ဆူ ဘဝမှာ မမေ့နိုင်အောင် ဖြစ်ခဲ့ရပါတယ်... နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် စစ်ပွဲတွေပြီးလို့အေးချမ်းသွားတဲ့အချိန်မှာ စစ်အတွင်းမှာပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်များကို ရှာဖွေရေး အစီအစဉ် ပေါ်လာခဲ့ပါတယ်... ဒေါ့ဆူလည်း ပျောက်ဆုံးသွားတဲ့ အဖေနဲ့ ညမလေးကို ရှာဖွေပါတော့တယ်.... ဘဝတစ်လျှောက်လုံး သူ လွမ်းဆွတ်တမ်းတသတိရခဲ့တဲ့ သူ့အဖေနဲ့ ညမလေးကို ပြန်ရှာတွေ့ပါ့မလား... သူဖြစ်ချင်တဲ့ မိသားစုဘဝလေးကို ပြန်ရနိုင်ပ်ါမလား ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု့လိုက်ပါတော့နော်... ကြည့်ပြီးသွားရင်တော့ မိသားစု ဆိုတဲ့အဓိပ္ပါယ်ကို သေချာနားလည်ပြီး တန်ဖိုးထားတတ်သွားမယ်လို့ ယုံပါတယ်... မျက်ရည်မခိုင်တဲ့သူတွေကတော့ ကြည့်ပြီးရင် ငိုရဖို့က အသေအချာပါပဲ... ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေနော်...

Reviewed & Translated by : May Satt Thu
Encoded by : Eric Min Khant
Quality : 720P HD


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger