Latest Movie :

Ice Age: Collision Course (2016) မြန်မာစာတန်းထိုး


Ice Age: Collision Course (2016) မြန်မာစာတန်းထိုး

 ၂၀၁၂ ကတည်းက ပရိသတ် တွေနဲ့ ရင်းနှီးပြီးသား Ice Age ဇာတ်လမ်းတွဲတွေရဲ့ အဆက်အ ဖြစ် ထွက်ရှိလာတဲ့ ဒီဇာတ်ကားကို ၂၀ ရာစုမြေခွေးရုပ်ရှင်ထုတ်လုပ် ရေးကနေ ဖြန့်ချိထားတာပါ။

ဝက်သစ်ချသီးဆိုရင် ဘယ် လိုအခြေအနေမျိုးဖြစ်ပါစေ မရရ အောင် ယူလေ့ရှိတဲ့ စခရက်ဟာ အခုတစ်ခါမှာလည်း သစ်ချသီးကို ယူရင်း ဂြိုဟ်သားတွေစွန့်ပစ်ခဲ့တဲ့ ယာဉ်ပျံတစ်ခုကို ရုတ်တရက်စက် နှိုးလိုက်သလိုဖြစ်ကာ အာကာသ ထဲကို ရောက်သွားပါတော့တယ်။

ဆင်ကြီးမန်နီဟာ သူ့သမီး ပိချက်စ်နဲ့ ဂျူလီယန်တို့ရဲ့ မင်္ဂလာ ပွဲအတွက် စိတ်ပူပန်နေပြီး ဆစ်ဒ် ကတော့ သူ့ချစ်သူ ဖရန်စင်းကို လက်ထပ်ခွင့်တောင်းဖို့ လုပ်ထား ပေမယ့် ချစ်သူရဲ့စွန့်ခွာခြင်းခံခဲ့ရ ပါတယ်။ ဆင်ကြီးမန်နီနဲ့ အယ်လီ တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် အခမ်း အနား ကျင်းပနေတုန်း ကောင်း ကင်က ဥက္ကာခဲတချို့ ကျတာ ကြောင့် မန်နီတို့နဲ့ တိရစ္ဆာန်အဖွဲ့ တွေ အသက်လုပြီး ထွက်ပြေးခဲ့ ရပါတယ်။

ဒိုင်နိုဆောမုဆိုးဖြစ်တဲ့ မျက် စိတစ်ဖက်ကန်းဖျံ ဘာ့ခ်ဟာ မြေ အောက်လိုဏ်ဂူကြီးထဲကို ဒိုင်နို ဆောဥတွေ ပိုင်ရှင်ထံပြန်ထားပြီး တဲ့နောက်ရှေးဟောင်း ကျောက်ဖျာ ကျောက်တိုင်ကြီး တစ်ခုကို တွေ့ခဲ့ပြီး ဟိုလုပ်ဒီလုပ်လုပ်ရင်း မြေအောက်ကနေ အပေါ်ကိုတက် သွားခဲ့ကာ မန်နီတို့အဖွဲ့နဲ့ ဆုံခဲ့ပါတယ်။

ဥက္ကာပျံတွေက တစ်ချိန်လုံးကျနေတဲ့အတွက် တားဆီးနိုင်ဖို့ နည်း လမ်းရှာတိုင်ပင်နေတာကို ဒိုင်နို ဆောသုံးကောင်က ကြားသွားပြီး သူတို့ရဲ့ ရန်သူတော်ဘာ့ခ်ကို လက်စားချေဖို့သာမက နို့တိုက်သတ္တ၀ါ တွေအကုန်လုံးကို  သတ်ပစ်ပြီးသူ တို့မျိုးစိတ်တွေသာ ကျန်ရှိနေဖို့အ တွက် လုပ်ခဲ့ပါတော့တယ်။ မန်နီ တို့အဖွဲ့တွေ ဥက္ကာပျံတွေကို ဘယ် လိုတားဆီးကြမှာလဲ။ စခရက်နဲ့ ၀က်သစ်ချသီးကကော ဒီတစ်ခါ ဘယ်လိုပုံစံနဲ့ အဆုံးသတ်မှာလဲဆို တာ ဆက်ကြည့်လိုက်ပါဦးနော်။

Ice Age ရဲ့ ဇာတ်ကောင် တွေဖြစ်တဲ့ မန်နီ၊ ဒီဂို၊ ဆစ်ဒ်နဲ့ တိရစ္ဆာန် အဖွဲ့တွေရဲ့ တစ်ကား တစ်မျိုးမရိုးရတဲ့ ရယ်စရာ၊ ချစ်စ ရာ စွန့်စားခန်းတွေတွေ့ရမယ့် ဒီဇာတ်ကားမှာ ရေးရိုမန်နို၊ ဂျွန် လက်ဂွစ်ဇန်မို၊ ဒန်းနစ်လီရီ၊ ကွင်း လာတီဖာ၊ ရှောင်ဝီလျံစကော့၊ ဂျနီဖာလိုပက်ဇ်၊ ဆီမွန်ပက်စသူ  တွေက အသံ သရုပ်ဆောင်ပေး ထားကြပါတယ်။        ။
  (720P HD အကြည်ဖြင့် Gc ပရိတ်သတ်ကြီးအတွက် ဦးဦးဖျားဖျားကြည့်ရှု့နိုင်အောင် တင်ဆက်ပေးလိုက်ရပါသည်.။လတ်တလောတွင် HD Quality ဖြင့်သာ Download လုပ်ကြည့်ရှု့ အဆင်ပြေနိုင်မည်ဖြစ်ပါသည်.။ Small File ကို မကြာခင်မှာပဲ update ပေးသွားပါမည်. ရွှင်လန်းချမ်းမြေ့ကြပါစေ........)

Review Credit to - 7day Daily
Translated by: Aung Sid Thway 
Encode by: Eric Min Khant 

Watch & Download Here 900MB
အရုပ်အသံ အားလုံးပြင်ဆင်ပြီးဖြစ်ပါတယ်.။ အကောင်းဆုံး ရုပ်သံခံစားနိုင်ကြပါပြီ.။
Watch & Download Here SMALL FILE 500MB 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger