Latest Movie :

Princess Mononoke (1997) မြန်မာစာတန်းထိုး


Princess Mononoke (1997) မြန်မာစာတန်းထိုး



ဒီနေ့တော့ GC ပရိတ်သတ်ကြီးကို Studio Ghilbi ရဲ့animation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။  Studio Ghilbi ဆိုတာနဲ့ သူ့ဆီကထွက်သမျှကားတွေအားလုံးအနုပညာအရည်အသွေးမြင့်မားရုံမက နိုင်ငံတကာမှာတန်းတစ်ခုရှိတဲ့ studio တစ်ခုကိုပြေးမြင်မိကြမှာပါ။
ဟုတ်ပါတယ် ခုလည်း Princess Momonoke ဆိုတဲ့ဇာတ်ကားလေးကိုပရိတ်သတ်ကြီးကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။

ဒီဇာတ်ကားဟာ 1997 ခုနှစ်ထွက်ဇာတ်ကားဆိုပေမဲ့သူ့ပေးတဲ့မက်ဆေ့ဟာခုခေတ်ခုချိန်ခါထိကိုလူသားတိုင်းကိုသတိပေးနေတုန်းပါပဲ။  IMDB 8.4/10 ရခဲ့တဲ့ဒီဇာတ်ကားဟာလူသားတွေရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့်အတိဒုက္ခရောက်ခဲ့ရတဲ့ တောနေသတ္တဝါတွေအကြောင်းရိုးရှင်းစွာရိုက်ကူးထားပေမဲ့ ခိုင်မာတဲ့ဇာတ်အိမ် ဇာတ်လမ်းဇာတ်ကွက်နဲ့ ဒီနေ့ခေတ်လိုသစ်တောတွေပြုန်းတီးနေတဲ့အခြေနေမျိုးကိုမီးမောင်းထိုးပြထားတာတွေ့ရမှာပါ။
လူသားတွေရဲ့အကျိုးစီးပွားတွေကြောင့်ပြုန်းတီးခဲ့ရတဲ့သစ်တောတွေဘယ်လောက်များပြီလဲ။ လူသားတွေနဲ့သစ်တောတွေကြားငြိမ်းချမ်းစွာအတူတကွနေထိုင်လို့မရဘူးလား။
ဒီပညာပေးဇာတ်ကားလေးကိုအပျင်းပြေပဲကြည့်ကြည့် စိတ်ဝင်စားလို့ပဲကြည့်ကြည့် ဘာကြောင့်ပဲကြည့်ကြည့် သင့်ရဲ့အချိန်တွေကိုဖြုန်းတီးမိတာမျိုးမဖြစ်စေရပါဘူး။

Translated & Review by /  Kyaw Zayar Myint
Encode by: Mg Moe Tain

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger