Latest Movie :

Pokémon : Mewtwo Strikes Back(1998)မြန်မာစာတန်းထိုး





Pokémon : Mewtwo Strikes Back(1998)မြန်မာစာတန်းထိုး

ဒီဇာတ်�ကား�လေးဟာဆိုလို့ရှိရင်�ဖင့်ပထမဦးဆုံး Pokemon 2D Animation ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Pokemon Go ထဲမှာလည်း ပါဝင်တဲ့ Legendary Pokemonဖြစ်တဲ့ Mewtwoရဲ့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရှေးဟောင်း Legendary Pokemon ဖြစ်တဲ့ Mewရဲ့မျိုးရိုးဗီဇကို ယူကာ Team Rocketမှ ဖန်တီးလိုက်သော Mewtwoဆိုတဲ့ Lengendary Pokemon ပါ သူ့ကို လူသားတွေလို တွေးခေါ်လို့ရတဲ့ အသိညဏ်တွေပါ ထည့်သွင်းပေးထားတဲ့ အတွက် တခြားသော Pokemonတွေထက် အစစအရာရာ သာလွန်ပါတယ် ဒါပေမဲ့ Mewtwoဟာ လူသားတွေက သူ့ကို ဖိအားပေးပြီး ကျွန်ပြုချင်နေတာဟု အမှတ်မှားကာ Team Rocket လက်အောက်မှ ခွဲထွက်ပြီး လူသားတွေကို လက်စားချေနိုင်ဖို့ အတွက် Kanto Regionမှာရှိတဲ့ ထူးချွန်တဲ့ Trainerအချို့ကို သူ့ဆီကို လာရောက်ပြီး စိန်ခေါ်ပွဲယှဉ်ပြိုင်ဖို့ လိမ်ညာ ဖိတ်ခေါ်ခဲ့ပါတယ် Pokemon စီးရီးတွေရဲ့ ဇာတ်ကောင်လေးဖြစ်သလို Pikachuရဲ့ပိုင်ရှင်လေးလည်းဖြစ်တဲ့ Ash ဟာလည်း အပါအဝင်ပါပဲ ဒီလိုနဲ့ Ashတို့အဖွဲနဲ့အတူ Trainerအချို့ဟာလည်း Mewtwo နေထိုင်ရာ ကျွန်းသစ် သို့ရောက်သောအခါ လိမ်ညာမှုတွေမှန်းသိလိုက်ရပြီး Mewtwoနဲ့ ရင်ဆိုင်မိပုံကို ရိုက်ကူးထားတာပါ ဒီဇာတ်ကားရဲ့ အပိတ် OSTသီချင်းလေးဖြစ်တဲ့ We're a miracleကိုတော့ ကမ္ဘာကျော် Pop  နဲ့ R&B အဆိုတော်မလေး Christina Aguileraက သီဆိုပေးထားတာပါ..။


Translate & Review by:Aung Sid Thway
Encode by: Mg Moe Tain
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger