Latest Movie :

Bride for rent (2014) မြန်မာစာတန်းထိုး




ထူးထူးခြားခြားအနေနဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ လူသိနည်းတဲ့ဖိလစ်ပိုင်ဇာတ်ကားဆိုတော့ ကောင်းတဲ့ ကားကိုပဲ ရွေးချယ်ပြီး တင်ပြပေးလိုက်တာပါနော်။ ၂၀၁၄ ခုနှစ်ထုတ် ဒီဇာတ်ကားလေးဟာ Romantic Comedy အမျိုးအစားဖြစ်ပြီး အာရှမှာသာမက မြောက်အမေရိကဘက်မှာပါ အတော်လေး လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Rocco နဲ့ Rocky တို့နှစ်ဦးဟာ ငွေအရမ်းလိုအပ်နေသူနှစ်ဦးဖြစ်ပြီး Rocco ရဲ့ အသက် ၂၅ နှစ်ပြည့်မွေးနေ့မှာ သူပိုက်ဆံတွေအကုန်လုံးကို ပိုကာဂိမ်းတစ်ခုမှာ ဆုံးရှုံးခဲ့ပါတယ်။ Rocky ဆိုတဲ့အမျိုးသမီးလေးဟာလည်း မိသားစုရဲ့အိမ်လခကိုပေးဖို့ အသည်းအသန် လိုအပ်နေပါတယ်။ Rcco ရင်းနှီးမြှုပ်နှံထားတဲ့ trust fund တစ်ခုရှိပါတယ်။ သူ့ဆီကနေလတ်တလော ငွေထုတ်ဖို့ကလည်း သူချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့လိုပါတယ်။ ဒါနဲ့ပဲ သူဟာ ရော့ကီနဲ့တွေ့ပြီး မင်္ဂလာဆောင်ဟန်ပြလုပ်ပြီးငွေထုတ်ကြဖို့လုပ်ပါတယ်။ သေချာအောင်လည်း သူတို့ဟာ အတူတူနေဖို့လိုပါတယ်။ သူတို့အတူနေတဲ့အခါမှာတော့ စရိုက်မတူသူနှစ်ယောက်ဖြစ်တဲ့အတွက် ပြသနာတွေတက်ကြ အမှားအယွင်းတွေဖြစ်ကြတာကို ဟာသအနေနဲ့ တော်တော်လေးသဘောကျဖို့ကောင်းစွာခံစားရမှာပါ။ သူတို့ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဘယ်လိုခံစားချက်တွေဖြစ်လာမလဲဆိုတာတော့ခံစားကြည့်ပါဦး။

Translated by : Koharu Yuki
Encoded by : Invoker
Quality : 720p Bluray

Share this article :

+ comments + 3 comments

ကြိုက်​တယ်​ ​ကျေးဇူးပဲ

August 14, 2016 at 11:08 AM

အရမ်းကျိ​ကောင်းပါတယ်​ရှင့်​ဒီ၂​ယောက်​စလုံးပါတဲ့တခြားကား​လေး​တွေလဲတင်​​ပေးပါဦးthank u so much

August 15, 2016 at 10:42 AM

အရမ်းကျိ​ကောင်းပါတယ်​ရှင့်​ဒီ၂​ယောက်​စလုံးပါတဲ့တခြားကား​လေး​တွေလဲတင်​​ပေးပါဦးthank u so much

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger