Latest Movie :

prince of persia (2010) မြန်မာစာတန်းထိုး




လူတိုင်းသိကြမယ့်​ source code, night crawler ဇာတ်​ကား​တွေနဲ့ နာမည်​ကြီးခဲ့တဲ့ Jake Gyllenhaal ရဲ့ အရမ်း​အောင်​မြင်​ပြီး မှတ်​တိုင်​တစ်​ခုစိုက်​ထူနိုင်​ခဲ့တဲ့ Prince of Persia ဇာတ်​ကားဟာ ၂၀၁၀ခုနှစ်​ကထွက်​ရှိခဲ့ပြီး ဇာတ်​လမ်း​အောင်​မြင်​မှုရဲ့​​နောက်​မှာ ဂိမ်း​တွေပါ တသီတတန်းကြီးထွက်​လာတဲ့အထိ လူကြိုက်​များခဲ့တဲ့ ဇာတ်​ကားပါ။ တိုက်​ရည်​ခိုက်​ရည်​ကျွမ်းကျင်​လှတဲ့ Dastan တစ်​​ယောက်​ သူ့ရဲ့ရိုးသားမှု ကြိုးစားမှုနဲ့ လုပ်​ရည်​ကိုင်​ရည်​တို့​ကြောင့်​ ချုံကြားက ဘုံဖျား​ရောက်​ရှိလာပုံ၊ မင်းသမီး​လေးကိုသာမက တိုင်းပြည်​ကိုပါ ကယ်​တင်​ရင်း အထွတ်​အထိပ်​​ရောက်​လာပုံကို မြင်​​တွေ့ရမှာပါ။ အ​ရှေ့အလယ်​ပိုင်း​ဒေသရဲ့ ​နေထိုင်​စား​သောက်​ပုံ​တွေ၊ ယဉ်​​ကျေးမှု ရိုးရာဓ​လေ့၊ ရှုခင်း​တွေနဲ့အတူ တခြား​ဟောလိဝုဒ်​ကား​တွေထက်​ထူးခြားတဲ့ ဇာတ်​လမ်းအခင်းအကျင်း​ကြောင့်​ ဒီဇာတ်​ကား​လေးဟာ အဆမတန်​​အောင်​မြင်​ခဲ့တာဖြစ်​ပါတယ်​။ ပါရှားရိုးရာ လက်​နက်​​တွေ၊ တိုက်​ကွက်​​တွေနဲ့ Prince of persia ဇာတ်​ကားကို​တော့ စထွက်​လာကတည်းက လူတိုင်းသိခဲ့ကြမှာအမှန်​ပါ။ ပြန်​ကြည့်​ချင်​သူ​တွေ​ရော မကြည့်​ရ​သေးသူ​တွေအတွက်​ပါ စိတ်​​ကျေနပ်​မှုအပြည့်​အဝရ​စေမယ့်​ ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​​ကြောင်း အာမခံလိုက်​ပါတယ်​။

Reviewed by : Scarlet Phoenix
Translated by : SS
Encoded by : Invoker

Share this article :

+ comments + 2 comments

စေတနာ ရှေ့ ထားပြီ အချိန်ကုန်ခံ ငွေကုန်ခံ လူပင်ပန်းပြီ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ 
ဇာတ်ကားကောင်းကောင်းလေးတွေကို မြန်မာစာတန်ထိုးတွေနဲ့ တင်ပေးနေတဲ့ ( GC ) မှ
အက်မင်များအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုဒီဇာတ်ကားလေးကို ကြည့်ရှုအားပေးနေပါတယ်။
အက်မင်များအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

May 3, 2018 at 12:28 AM

Prince of persia က link ပျက်နေပါတယ်
ကျေးဇူးပြုပီး ပြန်တင်ပေးစေချင်ပါတယ်

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger