Latest Movie :
Recent Movies
Showing posts with label West. Show all posts
Showing posts with label West. Show all posts

The Hobbit Trilogy (Extended Edition) မြန်မာစာတန်းထိုး



Spoiler Alert!
(Hobbit ရဲ့ Extended Edition အကြောင်း အနည်းငယ်ဖော်ပြပေးထားတာဖြစ်တဲ့အတွက် Hobbit မကြည့်ရသေးသူတွေအတွက် Spoiler အနည်းငယ်ပါပါတယ်)

ဒီတစ်ခေါက် ညွှန်းချင်တာကတော့ Hobbit ကားတွေရဲ့ Extended Edition တွေပါ။ Hobbit ကို ကျော်တို့ဆီမှာ ဒုတိယကား နဲ့ တတိယကားကို ရုံတင်ပြသခဲ့ပါတယ်။ ဒါကြောင့် တော်တော်များများလည်း ကြည့်ဖူးကြသိကြမှာပါ။ ကျွန်တော် မနေ့ကလည်း Teen Radio မှာ အနည်းငယ်ပြောပြခဲ့ပါသေးတယ်။

ရုပ်ရှင်ကြီးတော်တော်များများဟာ ပြသချိန်နဲ့ Age Rating တွေကြောင့် ရုံမှာပြရင် အကုန်မပြဘဲ Theatrical Version ဆိုပြီး ဖြတ်ပြတတ်ကြပါတယ်။ နောက် DVD/Blu-Ray တို့ထွက်မှ Extended Edition ဘာညာဆိုပြီး ဇာတ်လမ်းအရှည်နဲ့ ပြန်ထွက်တတ်ပါတယ်။ The Lord of the Rings တုန်းကလည်း အဲလိုပဲလုပ်ခဲ့သလို အခု Hobbit ကားတွေကလည်း အဲလိုပဲ Extended Edition ပြန်ထွက်ပါတယ်။

Extended Edition က သုံးကားလုံးမှာ ပြန်ထွက်တာဆိုပေမဲ့ ပထမကားနဲ့ ဒုတိယကားတွေဖြစ်တဲ့ An Unexpected Journey နဲ့ The Desolation of Smaug တို့မှာတော့ သိပ်အများကြီးမပါပါဘူး။ ဒုတိယကားမှာတော့ Thorin ရဲ့ အဖေ Thrain ကို ပြန်မြင်ရမှာဖြစ်ပြီး Sauron ရဲ့ One Ring အပြင် Dwarf Lord တွေကိုပေးထားတဲ့ လက်စွပ်တွေ၊ Elf တွေကိုပေးထားတဲ့ လက်စွပ်တွေအကြောင်းလည်း အနည်းအကျဉ်းမြင်ရမှာဖြစ်ပါတယ်။ ဒါတွေက သိပ်မကြီးသေးပါဘူး။ အကြီးဆုံးနဲ့ အကြမ်းဆုံးကတော့ နောက်ဆုံးကားဖြစ်တဲ့ Battle of the Five Armies ပါ။ ဘာတွေပါလဲဆိုတော့ Dwarf နဲ့ Elf တို့ အမှန်တကယ်ဗြင်းကြတဲ့အခန်းပါ။ ဟိုမှာက ချမယ်လုပ်တုန်း Orc တွေရောက်လာလို့ပွဲပျက်သွားတယ်လေ။ ဒီမှာက တကယ် အမှန်အကန်ကျွေးကြတာ။ အဲအပြင် Dwarf စစ်တပ်ရဲ့ လက်နက်ဆန်းတွေ ပညာသားပါပုံတွေကိုလည်း ဟာခနဲဟင်ခနဲ အံသြတကြီးမြင်ရပါလိမ့်မယ်။ အဲ့အပြင် Orc တွေနဲ့ Elf, Dwarf တွေ တိုက်ကြတဲ့အခန်းမှာလည်း အားပါးပါး ဆိုပြီးဖြစ်လောက်အောင် တော်တော်ကြမ်းပါတယ်။ Rating က R လေ။ သွေးထွက်သံယိုတွေ၊ ခြေပြတ်လက်ပြတ်သွားလို့ အရိုးတွေငေါထွက်လာတာတွေဆိုတာ တော်တော်များပါတယ်။ CGI တွေကလည်း တော်တော်ကြီးကောင်းသလို ဇာတ်ဝင်ခန်းအပိုတွေကလည်း တော်တော်လေးများလို့ ရုံမှာပြထားတဲ့ Theatrical Version နဲ့ တခြားစီပါပဲ။ ဥပမာ Theatrical Version ထဲမှာ Thorin တို့အဖွဲ့ တောင်ဆိတ်တွေစီးပြီး Azog ကိုသတ်ဖို့ တောင်ထိပ်ကိုတက်သွားတာ ချက်ချင်းပဲလေ။ Extended မှာ အဲနေရာရောက်ဖို့ တော်တော်ကြီးကိုလုပ်ကြရပါတယ်။

အဲဒါမို့ Hobbit တို့ The Lord of the Rings တို့ကို ကြည့်ကြ ကြိုက်ကြတဲ့ ပိတ်သတ်ကြီးဟာ ပထမနှစ်ကား Extended မကြည့်ဖြစ်ရင်တောင် နောက်ဆုံး Battle of the Five Armies ရဲ့ Extended Edition ကိုတော့ ကြည့်သင့်တယ်လို့ ထင်ပါတယ်။

(Battle of the five armies Extended ဟာ Theatrical ထက် ၂၅ မိနစ်စာလောက်ပိုရှည်ပါတယ်)

Photos from Google

Review Credit to -Admin KPK(Datshin.com)
Encode by: Kayit ,Zaw Htet Naing
Quality Blue-Ray
Size 900/800MB

In The Heart Of The Sea (2015) မြန်မာစာတန်းထိုး

Imdb - 6.9/10

~~ မိုဗီဒစ်ရဲ့ လှောင်ရယ်သံ ~~
အမေရိကန်နာမည်ကျော်စာရေးဆရာ ဟာမင်းမဲလဗီး၏ မိုဗီဒစ် (Moby-Dick) ဝတ္ထု ကို ပြန်လည်ပြု ပြင်၍ အသက်သွင်းထားသည့် ယခု ရုပ်ရှင်မှာ ပင်လယ်ပြင်စွန့်စားခန်း ဇာတ်လမ်းဟု ပြောလို့ရပါမည်။ မူရင်း မိုဗီဒစ် ဝတ္ထု ကို အသက်သွင်းထားတဲ့ စာရေးဆရာ ဟာမင်းဖြစ်သူကလည်း သဘောင်္သားတစ်ယောက်ဖြစ်သောကြောင့် ယခု ဝတ္ထု မှာဇာတ်အိမ်ပီပြင်၍ ကမ္ဘာကျော်ခဲ့သည်။မိုဗီဒစ်ဆိုတာ ဝေလငါးဖြူ ကြီးတစ်ကောင်ဖြစ်ပြီး ဝေလငါးဖမ်းသဘောင်္များကို ဖျက်ဆီးသည့် ရေသတ္တဝါကြီးဖြစ်သည်။သဘောင်္သား နစ်ရှေးက သူတွေ့ကြုံ ခဲ့ရသည့် သဘောင်္ကပ္ပတိန် အဟတ်နှင့် မိုဗီဒစ်တို့ ယှဉ်ပြို င်တိုက်ခိုက်ပုံ ။ပြီးနောက်တွင် ပင်လယ်ပြင်ထဲတွင် ဒုက္ခရောက်ပုံကို ဇာတ်ကြောင်းပြောပြတဲ့ ပုံစံဖြင့် ဝတ္ထု ကို ရေးသားထားသည်။မီးအလင်းရောင်အတွက် ဝေလငါးဆီမှာ အဲဒီခေတ်ကာလတွင် အထူးအရေးပါအဖိုးတန်သောအရာတစ်ခုဖြစ်ပြီး ဝေလငါးဖမ်းဆီးပုံကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။မူရင်း မိုဗီဒစ် ဝတ္ထု မှာ စာရေးဆရာဟာမင်း အာဘော်အတွေ့ဆုံး ဝတ္ထု တစ်ပုဒ်ဖြစ်ပေမယ့် လူကြို က်များမှု မရှိခဲ့ပေ။သူကွယ်လွန်ပြီးမှသာအောင်မြင်လာသည်။သူအဓိကဖွဲ့ထားသော မိုဗီဒစ်မှာ ဒဏ္ဍာရီဆန် နိမိတ်ပုံတစ်ခုဖြစ်ပြီး ဆိုးရွာသောဘုရားသခင် တမန်တော်လိုမျိုးဖြစ်သည်။လူသားများ၏ရက်စက်မှု ကို ဝေလငါးများဘက်ကနေ ပြန်လည်တိုက်ခိုက်သော သတ္တဝါကြီးအဖြစ်မြင်ကြရသည်။
ယခု ရုပ်ရှင်တွင်မူ စာရေးဆရာ ဟာဗေးက ဆင်းရဲနေတဲ့ သဘောင်္သားအိုကြီး Thomas Nickerson ဆီ အခငွေကြေးပေး၍ မိုဗီဒစ်သတ္တဝါကြီးအကြောင်း မေးမြန်းပြီး ဇာတ်လမ်းပြောပြပုံဖြင့် ဇာတ်လမ်းကိုတည်ဆောက်ထားသည်။Thomas သည် မာလိန်မှုး Owen Chase ၏ သဘောင်္ပေါ်တွင် သဘောင်္သားဝင်လုပ်ပြီး ဝေလငါးဖမ်းခဲ့ကြသည်။သဘောင်္ပေါ်တွင် အရပ်ဘက်ကပ္ပတိန် Pallardလည်း ပါဝင်အုပ်ချု ပ်သည်။သူတို့အလုပ်က ဝေလငါးဖမ်း၍ အဆီထုတ်မည်။အဆီလုံလုံလောက်လောက်ရရှိပြီးပါက အိမ်ပြန်ကြမည်။
ထိုသို့ရွက်လွှင့်နေကြရာကနေ ကျွန်းတစ်ကျွန်းကပ်မိရာက မိုဗီဒစ်အကြောင်းကို ကြားခဲ့ရခြင်းဖြစ်သည်။ကပ္ပတိန်သည် မိုဗီဒစ်နောက်ကို လိုက်ခဲ့သည်။နောက်တော့ မိုဗီဒစ်၏ တိုက်ခိုက်မှု ကိုခံရပြီး ဒုက္ခရောက်ကုန်တော့သည်။
မိုဗီဒစ်သည် သူတို့၏ မျှော်လင့်ချက် ယုံကြည်ချက်တွေကို ဖျက်ဆီးပစ်ခဲ့သည်။ပျက်ရယ်ပြု ခဲ့သည်။ဒေါသကိုဆွခဲ့သည်။ထို့နောက်တွင် အသက်ရှင်ရပ်တည်ဖို့အတွက် ပင်လယ်ပြင်ထဲမှာ ကြံ့ကြံ့ခိုင်ဖြတ်သန်းရတော့သည်။
မိုဗီဒစ်ကို သူတို့အနိုင်ယူနိုင်ပါ့မလား။
ပင်လယ်ပြင် စွန့်စားခန်းဇာတ်လမ်းဖြစ်သဖြင့် စိတ်ပျက်ဖွယ် ဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ကြီးသုံးထားသည်။ အစာရေစာငတ်ပြတ်တာတွေ။ လူသားစားတာတွေ စသဖြင့်ပေါ့။ သို့ရာတွင်မူ မလိုအပ်သော ဇာတ်ကြောင်းပြန်ပြောခန်းနှင့် ဇာတ်ဝင်ခန်း အချို့ ကြောင့် ဇာတ်ကားမှာ အီသွားရပါသည်။ ထင်သလောက် ရုပ်ရှင်၏ ထိရှမှု Tempo ကို မခံစားရခဲ့။အထူးသဖြင့် မိုဗီ ဒစ်၏ အခန်းကဏ္ဍမှာ မှေးမှိန်နေသလိုခံစားရပါသည်။
ဇာတ်၏ ခြုံ ငုံမှု အောက်တွင် ကပ္ပတိန် Chase ၏ ဇာတ်ရုပ်ကလည်း ထင်သလောက် ကြွတက်မလာတာကို တွေ့ရပါသည်။
မည်သို့ပင်ဖြစ်စေ ရုပ်ရှင်ကားကောင်းတစ်ကား၏ အငွေ့အသက်တွေ့ကိုတော့ အားပါးတရ ခံစားကြရပါမည်။
Review Credit to- Admin E (International Movie News - IMN)
Encode by: Kayit
Quality 720P Blue Ray
Size 800MB

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger