Latest Movie :
Recent Movies
Showing posts with label Science fiction. Show all posts
Showing posts with label Science fiction. Show all posts

Buried (2010) မြန်မာစာတမ်းထိုး






Buried (2010) မြန်မာစာတမ်းထိုး
*************************************
မင်္ဂလာပါ၊ Ryan Reynolds ဒါမှမဟုတ် deadpool ရဲ့ fans တွေအတွက် Movie ခပ်မိုက်မိုက်လေးတစ်ခု တင်ပေးလိုက်ပါပြီခင်ဗျ။ ပြီးခဲ့တဲ့နှစ်က Oscar ဆွတ်ခူးသွားတဲ့ The Room (2015) လိုမျိုး.. ၊ 10 Cloverfield lane လို movie မျိုး.. ကြိုက်တတ်တယ်ဆိုရင် Buried က မလွဲမသွေ ကြည့်ရှုရမယ့်ဇါတ်ကားလို့ညွှန်းဆိုချင်ပါတယ်။
လူတွေရဲ့ အိပ်မက်တွေထဲမှာ ရံဖန်ရံခါ မက်တတ်တဲ့ အိပ်မက်ဆိုးတွေထဲက အဖြစ်မျိုး အပြင်လက်ရှိလောကမှာလဲ ဖြစ်နိုင်တယ် ဖြစ်တတ်တယ်ဆိုတာ..Director Rodrigo Cortés က ပုံဖေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
တကယ်လို့ ကျွန်တော်တို့တွေ ကိုယ်မသိဘဲ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရတယ်ဆိုရင်. ဘယ်လောက်တောင် သွေးပျက်ခြောက်ခြားစရာကောင်းနေမလဲ... ကိုယ် သတိမေ့ရာက စိတ်ပြန်လည်လာတဲ့အချိန်မှာ.. ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုနဲ့ ကိုယ်ပဲရှိမယ်. အသက်ရှုဖို့ လေနည်းနည်းပဲရှိနေမယ် ဆိုရင် ကျွန်တော်တို့ဘယ်ကနေစပြီး ဘယ်လို ဒီအခြေအနေကို တုံ့ပြန်မလဲ ဆိုတာ.. ဒီဇါတ်လမ်းလေးနဲ့ ယှဉ်ထိုးပြီး ဆုံးဖြတ်ကြည့်နိုင်ပါတယ်။
အီရတ်နိုင်ငံရောက် U.S ကားမောင်းသမား Paul ဟာ သူ့ရဲ့
ယာဉ်တန်းကို အီရတ်လက်နက်ကိုင်တစ်စုက အကြမ်းဖက်တာခံရပြီးတဲ့နောက်
သတိလစ်မေ့မျောသွားခဲ့ပါတယ်။ သူ ပြန်လည်သတိရလာချိန်မှာ
အီရတ်မြေအောက်က ခေါင်းတလားတစ်ခုထဲမှာ သူ့ကို မြှုပ်နှံခဲ့ကြပြီဆိုတာ...
သိရှီလိုက်ရတဲ့နောက်ပိုင်း.. အားကိုးစရာ ဖုန်းတစ်လုံး မီးခြစ်တစ်လုံးနဲ့ ကျွန်တော်တို့ဆိုရင် သွေးပျက် အသည်းငယ်နေမယ့်အချိန်မျိုးမှာ .. သူဘယ်လို ရင်ဆိုင်ရုန်းထွက်ပြမလဲ ဆိုတာ မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်အတွက် ဘယ်အရာက အရေးကြီးသလဲဆိုတာ ဇာတ်လမ်းကို ကြည့်ရှုရင်း ခြောက်ခြားစရာ သတိထားမိကြမှာပါ။
( ဇါတ်ကောင်ကို အရမ်းပစားပေးထားတဲ့ superhero movie တစ်ခု မဟုတ်တဲ့
အတွက်... ဘာဖြစ်ဖြစ် မင်းသား နိုင်တယ်ဆိုတဲ့ မြန်မာပေါကားများလို အစွဲထား မမျှော်လင့်ကြစေလိုကြောင်း.. သတိချပ်စေလို )
Goldchannel ရဲ့ ရွေးချယ်မှုက ရုပ်ရှင်ချစ်သူများရဲ့ အကြိုက်နဲ့ တစ်ထပ်တည်း
ကျနေမယ်လို့ ... မျှော်လင့်ရင်း...... Translator Chit mee မှ မြန်မာဘာသာ ပြန်ဆိုထားပြီး ကျွန်တော်တို့ရဲ့ admin team ထဲက Encoder ကြီး Hein Min Htet မှ quality အရည်အသွေး ပြည့်မှီအောင် အထူးကြိုးစား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Review by: Gemini Sugar
Translate by: Chit Mee
Enocde by: Hein Min Htet
Quality 720P HD
Size 800MB

Watch & Download HD 800MB

War of the worlds (2005) မြန်မာစာတန်းထိုး




တစ်​ကားဆိုတစ်​ကား ​ငွေ​ကြေးအရ​အောင်​မြင်​ရုံအတွက်​သာမကပဲ အနုပညာလက်​ရာတန်​ဖိုးအ​နေနဲ့ပါ ​ပြောစမှတ်​တွင်​ကျန်​​အောင်​ ရိုက်​ကူး​လေ့ရှိတဲ့ ဒါရိုက်​တာကြီး စတီ​ဖင်​စပီးဘာ့ဂ်ျ​ရဲ့ ဆု​ပေါင်းများစွာရရှိထားတဲ့ဇာတ်​ကား​လေးပါ။ Ray ဆိုတဲ့ သာမန်​ crane operator ​လေးတစ်​​ယောက်​။ ဇနီးနဲ့ကွာရှင်းထားပြီး သမီးတစ်​​ယောက်​ သားတစ်​​ယောက်​နဲ့ ​နေရတဲ့လက်​လုပ်​လက်​စားသမား​လေးတစ်​​ယောက်​ရဲ့ ဘဝဟာ ကမ္ဘာကြီးကိုအုပ်​စိုးချုပ်​ကိုင်​မယ့်​ ဂြိုဟ်​သား​တွေရန်​က​နေလွတ်​​အောင်​ ​ပြေးရင်းနဲ့ပဲ သူ့ရဲ့ သတ္တိနဲ့ ကြံရည်​ဖန်​ရည်​​ကြောင့်​ပဲ သူရဲ​ကောင်းတစ်​ဦးအဖြစ်​ ​ရောက်​ရှိခဲ့ပုံပါ။ လမ်းမ​တွေထက်​မှာ ဂြိုဟ်​သား​တွေရဲ့ tripod ​တွေရန်​က သားသမီး​တွေရဲ့ အသက်​​ဘေးကိုကာကွယ်​ဖို့ ​ပြေးလွှားရပုံ​တွေ၊ လက်​နက်​ဆန်း​တွေနဲ့ ကြမ်းတမ်းလှတဲ့ တိုက်​ပွဲ​တွေကြားက မိဘ​မေတ္တာနဲ့ လူသား​တွေရဲ့ ရုန်းကန်​လှုပ်​ရှားမှု​တွေကို မြင်​​တွေ့ခံစားကြရမှာပါ။ မင်းသားက Tom Cruise ၊ မင်းသမီးက Dakota Fanning ဆို​တော့ သရုပ်​​ဆောင်​​ပိုင်းအရ​ရော ရိုက်​ချက်​​တွေအယူအဆ​တွေပိုင်းမှာ​ရော ​ပြောစရာမလို​အောင်​ ​ကောင်းမွန်တဲ့ဇာတ်​ကားဖြစ်​ပါတယ်​။ ၂၀၀၅ ခုနှစ်​မှာ ​အောင်​မြင်​မှု​တွေ တပုံကြီးနဲ့ မသိသူမရှိခဲ့တဲ့ ဇာတ်​ကား​လေးကို ပြန်​ကြည့်​ချင်​သူ​တွေအတွက်​​ရော သိမ်းထားချင်​သူ​တွေအတွက်​ပါ Gold channel က တင်​ဆက်​​ပေးလိုက်​ပါတယ်​​။

Translated by : Lion Knight 
Encoded by : Invoker
Quality : 1080p

The Road (2009) မြန်မာစာတန်းထိုး


စာ​ရေးဆရာ CorMac Maccarfhy ရဲ့ဝတ္ထုကို ပြန်​လည်​ရိုက်​ကူးထားတဲ့...ဒိဇတ်​ကားဟာ ထွက်​ရှိလာစဉ်​ကတည်းက ​ဝေဖန်​​ရေးဆရာ​တွေကြား အမြင်​မတူမှူ့​တွေ များစွာရှိခဲ့ပါတယ်​....ဇတ်​လမ်းအစကို ကမ္ဘာကြီးဟာ ပျက်​ကပ်​ဆိုက်​​နေတဲ့ အ​ကြောင်းအရာနဲ့စဖွင့်​ထားပါတယ်​....လူ​တွဟာ ငတ်​မွတ်​​ခေါင်းပါးလွန်းတာ​ကြောင့်​ လူအချင်းချင်းပြန်​လည်​စား​သောက်​​နေရပါပြီ.... ဒိလိုအ​ခြေအ​နေမျိုးမှာအများမိုးခါး​ရေ​သောက်​တိုင်းလိုက်​မ​သောက်​နိုင်​တဲ့ သားအဖ နှစ်​ဦးအ​ကြောင်းကို ပုံ​ဖော်​ရိုက်​ကူးထားပါတယ်​.... IMDB. 7.3 ရထားတဲ့ ဒိ​ဇာတ်​ကားဟာ သင့်​ကို အ​တွေးတစ်​ခုရ​စေမယ့်​ ​မျှော်​လင့်​ချက်​....ကြိုးစားရုန်းကန်​မှူ့.....ကိုယ်​ကျင့်​တရား စတာ​တွေကို ပုံ​ဖော်​ထားတဲ့ ​မေတ္တာဘွဲ့ ဇတ်​ကား​ကောင်း​လေးပဲဖြစ်​ပါတယ်​....

Translated by : Pyae Phyo Zaw
Encoded by : Invoker
Quality : 720P Bluray

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger