Latest Movie :

ွှThe Swordman III : The East is red (1993) မြန်မာစာတန်းထိုး

Imdb - 6.3/10
မင်္ဂလာပါခင်ဗျ၊ Swordsman ဟာ အထင်ကရ Movie Sequel တစ်ခု အဖြစ် Chinese Martial Art Movies တွေထဲမှာ အရှိန်အ၀ါ ကြီးခဲ့ဖူးပါတယ်။ ဗျပ်စောင်းသံတစ်ချက်နဲ့ သိုင်းလောက စိန်ခေါ်သံကို ရူးသွပ်ခဲ့ကြဖူးတဲ့ ညီအစ်ကိုများအတွက် အတိတ်ကာလ ကို အလွမ်းပြေ ပြန်လည်ခံစားကြည့်နိုင်ဖို့ SwordsMan III ကို ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျ။ Swords Man 3 မှာ လွင်ကူချုံးရဲ့ အဓိက အခန်းကဏ္ဍ ပျောက်ကွယ်သွားပြီး တုံးဖန်းပုပေ ဟာ အဓိက ဇါတ်ကောင်ဖြစ်လာတာကို တွေ့ရှိရမှာပါခင်ဗျ။ Swords Man 3 ရဲ့ ဇါတ်ကြောင်းမှာ အင်အားကြီးခေါင်းဆောင်တစ်ယောက်မရှိတော့တဲ့ သိုင်းလောက အဖွဲ့ကျန်ဟူဟာ ပရမ်းပတာဖြစ်ပြီးတစ်စဆီပြိုကွဲသွားပါတယ် လူလိမ်အများပြားဟာ တုံးဖန်ပုပေရဲ့နာမည်ကို သူတို့ကိစ္စတွေ အာဏာရဖို့တွေကြောင့် ထောက်ခံသူတွေကိုကျီစယ်ဖို့သုံးလာကြပါတယ်။ တုံးဖန်ပုပေရဲ့ချစ်သူ ရှုကွမ်းရွှမ်ဟာ သန့်စင်သောနေလကိုးကွယ်မှုကိုပြန်တည်ထောင်ဖို့ သူ့ချစ်သူအယောင်ဆောင်ပါတယ်။
အင်ပါယာ တရားရုံးတော်ကတော့ ရေတပ်စစ်သူကြီး ကုချမ်းဖန်ကို အမည်းရောင်ကမ်းပါးမှာမြှပ်ထားတဲ့ ဒတ်ခ်ျတွေရဲ့ရေတပ်သင်္ဘောတွေကိုရှာတဲ့နေရာမှာ စပိန်တွေကိုကူညီပေးဖို့လွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာ တုံးဖန်ပုပေဟာ အဘွားကြီးအယောင်ဆောင်ပြီး အသက်ရှင်လျက်ရှိနေတာကို ကုချမ်းဖန်ဟာရှာတွေ့သွားပါတယ်။ သူ့ကိုလည်းကျန်းဟူအဖွဲ့ကိုပြန်လိုက်အောင်သိမ်းသွင်းပါတော့တယ်။ တုံးဖန်ပုပေဟာဒေါသတွေထွက်သွားပြီး သူ့အယောင်ဆောင်ခဲ့တဲ့လူတွေကိုတချိန်တည်းသတ်ပစ်ဖို့ကြံစည်ခဲ့ရာက .
သူ့ရဲ့ချစ်ရသူကလည်းအယောင်ဆောင်နေခဲ့တယ်ဆိုတာ သိလာရတဲ့အခါ အရမ်းဒေါသတွေထွက်ခဲ့ပြီး နောက်ဆုံးမှာတရုတ်ကိုလွှမ်းမိုးပြီး ကျန်းဟာကိုသူ့လက်အောက်မှာထားမယ့် အစီစဉ်ကို အကောင်ထည်ဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကုချမ်းဖန်ဟာအခြေနေမလှကြောင်းသဘောပေါက်သွားပြီး မဟာမိတ်တပ် ဖြစ်တဲ့ဂျပန် စပိန်တိုနဲ့ပူးပေါင်းကာ မင်းအင်ပါယာရဲ့ ရေတပ်ကိုဦးစီးပြီးတိုက်ပွဲချီခဲ့ပါတယ်။ ရလာဒ်ကစစ်သင်္ဘောတွေအားလုံးဖျက်စီးခံရပြီး တုံးဖန်ဟာကုချမ်းဖန်ကိုသတ် အောင်နိုင်သူအဖြစ် ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် .. တစ်ဖက်မှာကတော့ ချစ်သူ ရှုကွမ်းရွှမ် ဟာ တိုက်ပွဲအတွင်းမှာ ဆုံးရှုံးခဲ့ရခြင်းပါပဲခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Julia Wine
Translated by: May Moe Myint
Encoded by: Hein Min Htet
Quality & Size: HDRip 720p 700MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger