Latest Movie :

The Monster (2016) မြန်မာစာတန်းထိုး

Imdb - 5.4/10

မင်္ဂလာပါခင်ဗျာ၊ အဆက်မပြတ် ထွက်ရှိနေတဲ့ Movie တွေကြားမှာ ဘာကို ဦးစားပေး ကြည့်ရှုရမလဲလို့ စဉ်းစားရခက်နေမယ့် ပရိသတ်ကြီးအတွက် Goldchannel မှ အမြဲလိုလို သင့်တော်မယ့် ကားကောင်းလေးတွေကို လက်မလွတ်ရအောင် ရွေးချယ်ပေးလျက်ရှိပါတယ်။ ခုတစ်ခေါက်မှာလဲ... 2016 October မှာ ထွက်ရှိလာတဲ့ Horror Movie တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ Imdb ရဲ့ PG ( Parentel Guide) rating မှာ R အဆင့်သတ်မှတ်ထားတဲ့အတွက်..  စကားလုံးအသုံးအနှုံး နဲ့...  အချို့သော ပြကွက်များဟာ အနည်းငယ် ခက်ထန်ကြမ်းတမ်းနေမယ်ဆိုတာလေး.. ကြားဖြတ်ပြောချင်ပါတယ်။
Main Character နှစ်ယောက်တည်းနဲ့..  ကျစ်ကျစ်လစ်လစ် ရိုက်ကူးထားတဲ့ The Monster ဟာ.. အထိုက်အလျောက် သင့်တင့်ကောင်းမွန်တဲ့ Movie ဖြစ်တာက တစ်ကြောင်း၊ 2016မှာ ထွက်ရှိလာခဲ့တဲ့ Horror Movie တွေ အများစု ဇါတ်ကောင်တွေလို .. ဇါတ်လမ်းအသားပေးတာထက် ဇါတ်ရုပ်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်တဲ့ .. သရုပ်ဆောင်နှစ်ဦးရဲ့ အရည်အချင်းကို ချီျးကျူးလေးစားမိတာကတစ်ကြောင်းကြောင့် .. ခုတစ်ခေါက် Horror choice အဖြစ်.. The Monster ကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။ အနောက်တိုင်းလူနေမှု စနစ်ရဲ့အောက်က..  အရက်စွဲနေတဲ့ မိခင်တစ်ယောက်နဲ့... အရွယ်ရောက် သမီးပျိုတို့ နှစ်ဦးကြားက struggle တွေနဲ့ အတူ... အထူးပြုလုပ်ချက်တွေ ထူးထူးကဲကဲ မသုံးပဲ brutal scene တွေကို ခြောက်ခြားစရာဖြစ်အောင် ရိုက်ကူးထားတဲ့ The Monster ဟာ... ဖြည်းဖြည်းချင်း ဇါတ်ရှိန်ဆွဲမြှင့်လာတဲ့အရသာကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက်.. နှစ်လိုဖွယ် Movie တစ်ခု ဖြစ်တဲ့အပြင်.  Director Bryan Bertino ရဲ့ ရိုက်ချက်တွေကလဲ အားရကျေနပ်စရာကောင်းအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ The Strangers နဲ့  ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ . Bertino ဟာ.. 2014 မှာ Mocking Bird နဲ့ သူ့ ပရိသတ်တွေကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပေမယ့်... ခု The Monster မှာတော့... သူ့ရဲ့ အနုပညာ အယူအဆအသစ်တွေနဲ့ တစ်ကျော့ ပြန်ပြီး ဖမ်းစားနိုင်လိမ့်ဦးမယ်လို့ ယူဆရပါတယ်။ စိတ်လှုပ်ရှားစရာ သဘာဝကျကျ... scene တွေနဲ့...  ပြေပြစ်တဲ့ သရုပ်ဆောင်ကောင်းတွေ ပေါင်းစပ်ထားတဲ့ The Monster ဟာ.. ပရိသတ်ကြီးကြည့်ရှုထားသင့်တဲ့ .. Dramatic Horror film တစ်ခု ဖြစ်တဲ့အကြောင်းကို ညွှန်းဆိုချင်ပါတယ်ခင်ဗျာ။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by: Phoo Phoo
Encoded by: Hein Min Htet
Quality & Size: Webrip 720p 750MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger