Imdb - 7.2/10
ဒရာမာကားကောင်းလေးတွေ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက်ကတော့ အိန္ဒိယကားလေးတွေက လက်မလွှတ်သင့်တဲ့ကားကောင်းလေးတွေပါ
အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Man Who Knew Infinity ဆိုတဲ့ အတ္ထုပက္တိဒရာမာကားကောင်းလေးပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Slumdog Millionaire မင်းသား Dev Patel ဖြစ်ပါတယ် သူ့နဲ့ဒီလိုပါရမီရှင်ဇာတ်ရုပ်က လိုက်ဖက်ပြီးသားဆိုတာတော့ ပြောစရာမလိုတော့ပါဘူး ဒီကားဟာ IMDb rate 7.2 ထိရရှိထားပြီး ရုပ်ရှင်ပွဲတော်အများအပြားမှာ အဖွင့်ကားအဖြစ်ပြသခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်
၁၉၁၃ ခုနှစ်ကိုနောက်ခံထားရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Dev Patel ကို အိန္ဒိယသင်္ချာပညာရှင် တစ်ဦးအဖြစ်မြင်တွေ့ရမှာပါ အောက်ခြေလုပ်သားလေးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ သူ့မှာ သူများထက်ထူးခြားတဲ့ သင်္ချာစွမ်းရည်ရှိနေတာကို တွေ့ရှိတဲ့သူတွေက တက္ကသိုလ်တွေကို စာနဲ့အဆက်အသွယ်လုပ်ပေးရာကနေ အင်္ဂလန်မှာရှိတဲ့ Trinity (Cambridge) ကောလိပ်က ပရော်ဖက်ဆာ ဟာဒီက သူ့ကို သီအိုရီပိုင်းဆိုင်ရာ သင်္ချာပညာရှင်အဖြစ်ခေါ်ယူခဲ့ပါတယ် သင်္ချာပါရမီနဲ့ကောင်လေးဟာ သူ့ဇနီးနဲ့ အိန္ဒိယကိုစွန့်ခွာပြီး အင်္ဂလန်ကိုထွက်လာခဲ့ပါတယ် ကောလိပ်ကိုရောက်တဲ့အခါမှာတော့ သူထင်ထားတာထက် ပိုပြီး အခက်အခဲတွေ တွေ့ကြုံရပြီး လူမျိုးရေးခွဲခြားမှုတွေကုပါ ကြုံခဲ့ရပါတယ် စာပေမသင်ကြားခဲ့ရပဲ သက်သေပြချက် ဖော်ထုတ်ပြဖို့ အားနည်းတဲ့ သူ့မှာအလားအလာအများကြီးရှိတာကို မြင်တဲ့ ပရော်ဖက်ဆာဟာဒီကတော့ သူ့ကိုလက်မလျော့ခဲ့ပါဘူး နောက်ဆုံးမှာ သူ့ရဲ့ သီအိုရီကို ဂျာနယ်မှာထုတ်ဝေနိုင်ခဲ့ပေမယ့် Ramanujan ရဲ့ ကျန်းမာရေးကတဖြည်းဖြည်းဆိုးဝါးလာခဲ့တဲ့အပြင် အိန္ဒိယမှာရှိတဲ့ သူ့ဇနီးနဲ့အဆက်အသွယ်ပြတ်နေခဲ့ပါတယ် အခက်အခဲတွေ နှိမ့်ချဆက်ဆံခံရမှုတွေ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ပြီးတဲ့အခါမှာတော့ သူဟာ Trinity ကောလိပ်ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့မလားဆိုတာ ဆက်လက်ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်ရှင်။
Reviewed by: ဆလတ်ရွက်
Translated by: Theint Thazin Naing
Encoded by: Hein Min Htet
Quality & Size: HDRip 777MB

Post a Comment