Imdb - 6.1/10
မင်္ဂလာပါခင်ဗျာ၊ Small Soldier ဟာ 1998 မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ရုပ်ရှင်ချစ်သူတွေအကြား ရေပန်းစားခဲ့တဲ့ Movie လေး တစ်ခုဖြစ်ပါတယ်။ အရာရာတိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတာ အမြဲဒွန်တွဲတည်ရှိနေတတ်သလို... ဘယ်လိုမှ ထင်မှတ်ထားစရာမရှိတဲ့ သက်မဲ့အရုပ်ကလေးတွေမှာတောင်မှ လူသားတွေရဲ့ ပယောဂကြောင့် အချင်းချင်း တိုက်ခိုက်ကြပုံတွေကို စိတ်ကူးယဉ်ဆန်စွာ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ခေတ်ဟောင်းအရုပ်ဆိုင်တစ်ဆိုင်က. ၁၅ နှစ်အရွယ် လူငယ်လေး Alan ဟာ.. လူစိတ်ဝင်စားမှု မရှိတော့တဲ့ သူ့အဖေရဲ့ အရုပ်ဆိုင်နဲ့ ပါတ်သက်ပြီး... ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ သူဖြစ်ပါတယ်။ အဲဒီလို အခိုက်အတန့်မှာ နာမည်ကျော် electronic ထုတ်ကုန်တွေ ဖြန့်ဖြူးတဲ့ ကုမ္ပဏီတစ်ခုက အရုပ်ဒီဇိုင်းပညာရှင်နှစ်ယောက်ဟာ အဆင့်မြင့်နည်းပညာတွေနဲ့ ကစားစရာအရုပ်ကလေးတွေ တီထွင်ဖန်တီးပြီး ဖြန့်ဖြူးလိုက်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ကွဲပြားတဲ့ စိတ်နေသဘောထားအရ... ထွက်ရှိလာခဲ့တဲ့ အရုပ်ကလေးတွေလဲ သွင်ပြင်တွေ ကွဲပြားခြားနားလို့နေပါတယ်ခင်ဗျ။ အရုပ်တွေကို ကလေးတွေအတွက် လိုသလို ခိုင်းစေဆော့ကစားနိုင်ဖို့ ရည်ရွယ်ပြီးထုတ်လုပ်ခဲ့ပေမယ့်.. အတွင်းမှာထည့်သွင်းထားတဲ့ Microchip ဟာ... အဆင့်မြင့် နိုင်ငံတော်အဆင့်ကွန်ပျူတာ တွေမှာအသုံးပြုဖို့ ကန့်သတ်ထုတ်လုပ်ထားတဲ့ Super Microchip ဖြစ်နေတဲ့အခါ... ကျွန်တော်တို့ ငယ်စဉ်က... ဒီ Movie Poster ကို မြင်မြင်ချင်းတွေးမိသလို Commandos အရုပ်လေးတွေက Good toys လို့ ထင်ခဲ့ပြီး အရုပ်ဆိုးဆိုး Gorgonite လို့ ခေါ်တဲ့ အရုပ်ကိုတော့ Bad toys အဖြစ်ထင်မှတ်မှားခဲ့တာတွေ တက်တက်စင်အောင်လွဲခဲ့ရပါတော့တယ်။ မြင်မြင်ရာ ချက်ခြင်း အတုမြင် အတတ်သင်နိုင်စွမ်းရှိပြီး.. လူသားတွေလောက် နီးနီး စဉ်းစားတွေးခေါ်တတ်တဲ့ အရုပ်ကလေးတွေရဲ့ အန္တရာယ်ဟာ ... မြို့နေလူထု ရဲ့ အသက်အန္တရာယ်ကိုပါ ထိပါးလာတဲ့အခါ.. . ဘယ်သူက ဒီ ခပ်ဆိုးဆိုး အရုပ်ကလေးတွေရဲ့ ရန်က ကာကွယ်ပေးမှာလဲ.. အရုပ်ဆိုင်ကို ဆွဲဆောင်မှု အသစ်တစ်မျိုး ဖြစ်စေဖို့... Small Soldiers တွေ အမြောက်အမြား ဆိုင်ထဲမှာထားမိခဲ့တဲ့ Alan လေးရဲ့ အခန်းကဏ္ဍကရော ဘယ်လိုပါဝင်လာမှာလဲ.. အဓိက... small soldiers တွေက တိုက်ခိုက်သောင်းကျန်းနေတတ်တဲ့အရုပ်တွေဆိုရင် Gorgonite တွေက ဘာအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့သလဲ ဆိုတာကို... ရှုစားကြရမှာဖြစ်ပါတယ်။ စုဆောင်းတတ်တဲ့ ရုပ်ရှင်ဝါသနာအိုးများနဲ့.... 90's Kids တွေရဲ့ hit movie တစ်ခုကို ယနေ့ခတ်လူငယ်များနဲ့ မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ရွက်ချက်နဲ့ ပြန်လည်ရှာဖွေ တင်ဆက်လိုက်ကြောင်းပါခင်ဗျာ။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by:Waiyan Philip
Encoded by:Hein Min Htet
Quality & Size: 720P BR-RIp , 800MB

+ comments + 1 comments
ဒေါင်းမရဘူးခင်ဗျ
Post a Comment