Latest Movie :

Phantom Detective (2016) မြန်မာစာတန်းထိုး

Imdb - 6.5/10
ကိုရီးယား ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂျိုဆောင်ဟီးဟာ သူ့ရဲ့ ဘဝကို ရုပ်ပြစာအုပ်တွေကနေ စတင်ခဲ့ပါတယ်။
၂၀၁၀ မှာ End of Animal အောင်မြင်ပြီးတဲ့နောက် ၂၀၁၂ မှာ ဂျို ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှု့ တို့နဲ့
A werewolf boy(မြေခွေးလူသား)ကို ရိုက်ကူးခဲ့ပြီးနောက် အခု Phantom Detective ကားကို ရိုက်ကူးခဲ့ပါတယ် ဒီကားလေးဟာ ရုပ်ပြစာအုပ်ကနေ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ Rating 6.5/10 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း လေးကတော့  စုံထောက် ဟုန်ကီဒုံဟာ သူငယ်စဉ်ဘဝက သူ့ရှေ့မှာတင် အမေဖြစ်သူကို သတ်သွားတဲ့ တရားခံကို လိုက်ရှာနေတဲ့သူပါ။
ဥက္ကဌဟွန်နဲ့အတူ အလွတ်စုံထောက်အဖွဲ့ ဖွဲ့စည်းပြီး ဥက္ကဌဟွန်ရဲ့ အဖေဆန္ဒအတိုင်း လူဆိုးတွေကို နှိမ်နင်းဖို့ ကြိုးစားကြပါတယ်။ ဟုန်ဟာ လူဆိုးတစ်ယောက်ကို တစ်ရက်အတွင်းရှာနိုင်ပေမယ့် သူ့အမေကို သတ်သွားတဲ့ ကင် ဆိုတဲ့သူကို နှစ်၂၀ လောက်ကြာအောင် ရှာခဲ့ရတယ်။ လူသတ်သမားရဲ့ အိမ်ကို ရောက်တော့...သူ မလာခင်မှာပဲ ကင် ကို တစ်စုံတစ်ဦးက ဖမ်းခေါ်သွားတယ်။ ဟုန်ဟာ ကင် ကိုသတ်ဖို့အတွက် ကင့်ရဲ့ မြေးလေးနှစ်ယောက်ကို ခေါ်လာခဲ့တယ်။ ကင် လက်ထဲမှာ အရေးကြီးတဲ့ လျို့ဝှက်ချက်တွေကို သိပြီး စုံစမ်းကြည့်တဲ့အခါမှာ နာမည်ဆိုးနဲ့ အဆုံးစွန် ကျော်ကြားတဲ့ ဟွန်ဆောင်းဟီး ဆိုတဲ့ အဖွဲ့အစည်းက ကြိုးကိုင်ချယ်လှယ်နေမှန်း သိလိုက်ရချိန်မှာတော့....ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှု့ကြပါဦးလို့
Review & Translated by: Khin Ni Ni Shein
Encoded by: Hein Min Htet
Quality & Size: HDRip 720p 900MB

Share this article :

Post a Comment

Pages (10)1234567 Next
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger