Latest Movie :

Erased (2016) မြန်မာစာတန်းထိုး


Erased Live Action (2016)

Erased (2016) ဟာဂျပန်မှာ လက်ရှိလူကြိုက်များခဲ့တဲ့ Anime ဖြစ်တဲ့
Erased (Boku Dake ga Inai Machi) ကို အခြေခံပြီးရိုက်ကူးထားတဲ့ Live Action  ဖြစ်ပါတယ် ..
.
ဇာတ်လမ်းလေးကတော့
မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုရင် အချိန်နောက်ပြန်ရောက်သွားနိုင်တဲ့အစွမ်းပိုင်ဆိုင်ထားတဲ့
ဆာတိုယုဖူဂျီနာမာဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်..
သူ့အစွမ်းကဘယ်ကနေရပြီး ဘယ်လိုရလာတယ်ဆိုတာတော့ သူမသိပါဘူး ..
သူသိတာကအဲ့ဒီအစွမ်းကို သုံးပြီး လူတွေကို သူကူညီနိုင်ဖို့ပါ ..
တစ်ရက်မှာတော့ သူနဲ့တိုက်ရိုက်ပတ်သက်လာတဲ့ မူခင်းတစ်ခုအတွက် သံသယအ၀င်ခံရတာကြောင့်
ရှောင်ရင်းတိမ်းရင်းနဲ့ခါတိုင်းလို အချိန်တွေ နောက်ပြန်ရောက်သွားပါတယ် ..
ဒီတစ်ခါမှာတော့ခါတိုင်းလို မိနစ်ပိုင်း လောက်ပဲ နောက်ပြန်ရောက်သွားတာမဟုတ်ဘဲ
လွန်ခဲ့တဲ့၁၈နှစ် .. မူလတန်းအရွယ်ထိ ပြန်ရောက်သွားခဲ့တာပါ ..
ဖူဂျီနာမာတစ်ယောက် အသက် ၁၁နှစ်ခန္ဓာထဲမှာ ၂၉နှစ်အရွယ်စိတ်နဲ့ ..
လက်ရှိအချိန်ကမူခင်းကို တားဆီးဖို့ အတိတ်မှာ ဘာတွေကို ပြင်ဆင်ရမလဲ ..
အတိတ် က ဖြစ်စဉ်တွေ ရာဇ၀တ်မှုတွေကလက်ရှိအချိန်နဲ့ ဘာတွေ ပတ်သက်နေမလဲ ..
ဖူဂျီနာမာတစ်ယောက် အတိတ်ကို ပြင်ဆင်ရင်း လက်ရှိအချိန်က မှုခင်းကို ကာကွယ်နိုင်မှာလား ..
အတိတ်ကိုပြင်ဆင်လိုက်ရင်းနဲ့ အနာဂတ်မှာ ဘာတွေများ ပြောင်းလဲ သွားဦးမလဲ ..
.
.
သင့်ဘ၀မှာမေ့ပျောက်ပစ်ချင်တဲ့ အမှတ်တရတွေ ရှိခဲ့ဖူးမလား ….
Erased ကိုကြည့်ရင်း အတွေးတစ်ခုခု ဆွဲထုတ်ကြည့်လိုက်ရအောင်လား …..

Reviewed & Translated by: Maung Kaung
Encoded by : Ka Yit


Share this article :

Post a Comment

Pages (10)1234567 Next
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger