လူတစ်ယောက်စီရဲ့ဘဝထဲမှာ နေ့စဉ်လိုအပ်ချက်တွေ၊ စိတ်ဆန္ဒတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ Sex ဆိုတာကိုလည်း ယဉ်ကျေးမှုရှုထောင့်ကနေကြည့်ရင် မသင့်တော်ဘူးလို့ ဘယ်လိုပြောပြော လူသားတိုင်းရဲ့လိုအပ်ချက်တွေထဲကတစ်ခုဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ Shame ဇာတ်ကားထဲမှာတော့ လူနဲ့ လူ့သဘာဝကို လိင်မှုရေးရာကိစ္စရှုထောင့်ကနေ အနုပညာမြောက်စွာ ချပြထားပါတယ်။ sex addict တစ်ယောက်ဖြစ်တဲ့ Brandon ရဲ့ဘဝ၊ သူနဲ့ သူ့သူဌေး David တို့မိန်းကလေးတစ်ယောက်ကို အပြိုင်ချစ်မိပုံ၊ သူတို့ရဲ့ ရင်းနှီးမှုကနေဖြစ်လာတဲ့ sex ကိစ္စတွေနဲ့ကြားမှာ Brandon ရဲ့ ညီမဝင်ရောက်လာတဲ့အခါ ကြုံရတဲ့ အဖြစ်အပျက်တွေကို စိတ်လှုပ်ရှားဖွယ်ရသတွေ၊ ကြည်နူးဆွတ်ပျံ့ဖွယ်ရသတွေအပါအဝင် တခါတရံကြမ်းတမ်းတဲ့အချစ်ရဲ့ အခြားတစ်ဖက်မျက်နှာစာကို လှစ်ပြထားတာကြောင့် ဆုပေါင်း ၄၈ ဆုရရှိထားပြီး Masterpiece တစ်ခုလို့ပါ သုံးသပ်ခံထားရတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဆန္ဒတွေ သိက္ခာတွေနဲ့ လူ့ဘဝရဲ့ ချိန်ခွင်လျှာကို နေ့စဉ်ထိန်းညှိနေရသူတိုင်းအတွက် နေ့စဉ်ဘဝရဲ့လိုအပ်ချက်တစ်ခု၊ စိတ်ဆန္ဒရဲ့ တပ်မက်မောမှုတွေကို မီးမောင်းထိုးပြထားတဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့အတွက် ခံစားကြည့်ကြပါဦး
Review by : Scarlet Phoenix
Translated by : Arkar Hein
Encoded by : Invoker
Quality : 1080p Bluray
Post a Comment