Latest Movie :

Batman v Superman: Dawn of Justice (2016) မြန်မာစာတမ်းထိုး






--- Brutal Batman ---
ဒီ Batman Vs Superman ဇာတ်ကားထဲမှာ Batman က အဓိကကျတဲ့အခန်းကပါနေတာမို့လို့ Batman ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားထဲမှာ Ben Affleck သရုပ်ဆောင်ထားတဲ့ Batman ရဲ့ အကြမ်းစားဝတ်စုံတွေနဲ့ တိုက်ခိုက်ပုံတွေက ပရိတ်သတ်ကို ကျေနပ်အားရစေမှာသေချာပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ Ben Affleck ရဲ့ Batman ကိုကြည့်ပြီးတာနဲ့ ပရိတ်သတ်တွေအနေနဲ့ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေမှာဖြစ်ပြီး Batman Solo Film ကိုတောင် Ben Affleck နဲ့ထပ်ကြည့်ချင်ကြမှာကြိမ်းသေတယ်လို့ ဆိုပါတယ်။
--- Wonder Woman ---
Wonder Woman အဖြစ် Gal Gadot သရုပ်ဆောင်မယ်ဆိုတာကြေညာလိုက်တုန်းက ပရိသတ်တွေအနေနဲ့ သူမနဲ့ Wonder Woman နဲ့က ဘယ်လိုမှမလိုက်ဖက်ဘူးလို့ ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ အဓိကကတော့ သူမရဲ့ ပိန်ပါးတဲ့ ခန္ဓာကိုယ်နဲ့ Wonder Woman သရုပ်ဆောင်ဖို့အတွက် ဆွဲဆောင်မှုမရှိဘူးလို့ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲမှာ သူမသရုပ်ဆောင်တဲ့ အခန်းတွေကိုကြည့်လိုက်တာနဲ့ အရင်ကဝေဖန်ခဲ့တဲ့ အသံတွေကို တိတ်သွားစေနိုင်လောက်အောင် ကြည့်ရှုသူကိုဆွဲဆောင်စေနိုင်တယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားထဲက Batman ဟာ Ben Affleck အတွက်ဖန်တီးထားသလားလို့တောင် ထင်မှတ်ရသလို Wonder Woman ဟာလဲ Gal Gadot အတွက်ဖန်တီးထားတယ်လို့ ထင်ရလောက်အောင်ကို လိုက်ဖက်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ 2017 မှာပြမဲ့ Wonder Woman Movie ကိုကိုကြည့်ဖို့ စောင့်မှာသေချာပါတယ်။
--- DCEU Setup ---
Batman Vs Superman : Dawn Of Justice ဟာ Batman နဲ့ Superman တို့ Fight ကြတဲ့ဇာတ်ကားတင်မဟုတ်ပဲနဲ့ နောက်ထပ်လာမဲ့ DCEU (DC Extended Universe) အတွက် Foundation ချထားပြီး တံခါးဖွင့်ထားတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Easter Eggs တော်တော်များများနဲ့ နောက်ထပ်လာမဲ့ Justice League အတွက်ပါ ဇာတ်လမ်းခင်းထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီဇာတ်ကားကိုကြည့်လိုက်ရင်တော့ 2017 မှာလာမဲ့ Justice League Part 1 အတွက် အစပျိုးပြီးသားဖြစ်သွားမှာသေချာတယ်လို့ဆိုပါတယ်။
--- Beautiful Soundtrack ---
ဇာတ်ကားဘယ်လောက်ကောင်းကောင်း Soundtrack မကောင်းရင်ကြည့်ရတာ ရသမပြည့်ဝပါဘူး။ ဒီဇာတ်ကားထဲမှာတော့ Epic Scene တွေကို သူတို့နဲ့လိုက်ဖက်အောင် ခပ်ကြမ်းကြမ်းအလန်းစား Soundtrack တွေသုံးထားတာကြောင့် ကြည့်ရတာ အင်မတန်ရသပြည့်ဝတယ်လို့ဆိုပါတယ်။ တီးလုံးတွေဖန်တီးထားတဲ့ အနုပညာရှင်တွေကတော့ Hans Zimmer နဲ့ Junkie XL တို့ဖြစ်တာကြောင့် တကယ့်ဒိတ်ဒိတ်ကြဲ အသံဖန်တီးရှင်တွေရဲ့ Soundtrack တွေကိုခံစားနားဆင်နိုင်ဦးမှာဖြစ်ပါတယ်။ သူတို့ပြောတာကတော့ The Dark Knight Trilogy ထဲက Soundtrack တွေကို သဘောကျတယ်ဆိုရင် Batman Vs Superman ထဲမှာပါမဲ့ Soundtrack တွေကိုလဲ သဘောကျနှစ်ခြိုက်မှာသေချာပါတယ်လို့ဆိုထားပါတယ်။
--- Batman Vs Superman ---
ကျွန်တော်တို့ စောင့်မျှော်ခဲ့တဲ့ Batman နဲ့ Superman တို့ရဲ့အကြမ်းစား Fight ကြတဲ့ အခန်းတွေကလဲ ပရိတ်သတ်တွေကိုပါးစပ်အဟောင်းသားနဲ့ နှစ်ခြိုက်စေမှာဖြစ်ပါတယ်။ Trailer ထဲမှာပါတဲ့ Batman နဲ့ Superman တို့ ဖိုက်ကြတယ်ဆိုတာ တကယ့်ဇာတ်လမ်းထဲမှာ ဖိုက်တဲ့ အခန်းနဲ့ ယှဉ်လိုက်ရင်ဘာမှမပြောပလောက်ပါဘူးလို့ဆိုပါတယ်။ ဒီဇာတ်ကားကိုသွားကြည့်တဲ့အခါကြရင် ကျွန်တော့်ရဲ့ ဆိုလိုရင်းကို သဘောပေါက်မှာပါ။ Batman နဲ့ Superman တို့ Fight တဲ့အခန်းကြရင် မျက်တောင် တောင်မခတ်မိပါစေနဲ့။ မျက်တောင်ခတ်မိလိုက်ရင် ကောင်းခန်းတွေလွတ်သွားမှာစိုးလို့ လို့ဆိုပါတယ်။ ဒီဇာတ်ကားကိုစောင့်မျှော်နေကြတာလဲ အဲ့ဒီအခန်းကို အဓိကကြည့်ချင်ကြလို့မဟုတ်လား။
ဘယ်သူတွေဘာပဲပြောပြော ၊ Rating တွေဘယ်လောက်နည်းနည်းပါ။ ဒီလိုဇာတ်ကားမျိုးကတော့ သွားကြည့်သင့်တာအသေချာပါပဲ။ Budget $250 million အထိအသုံးပြုထားတဲ့ Batman Vs Superman ဇာတ်ကားဟာ ယခုအခါမှာ နိုင်ငံတကာ Box Office စာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး စုစုပေါင်းဝင်ငွေ $420 million အထိရရှိနေပြီဖြစ်ပါတယ်။ ဘယ်လိုလဲ ပရိတ်သတ်ကြီးကောသွားကြည့်ကြမှာလား။
Ref : Google , MoviePilot , Wikipedia

Translated by : Win Kyan
Share this article :

+ comments + 2 comments

August 25, 2016 at 10:58 PM

မရပါဘူးဗျာ မပြင်သေးပါဗျာ

August 25, 2016 at 10:58 PM

မရပါဘူးဗျာ မပြင်သေးပါဗျာ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger