Latest Movie :

Ugly Duckling - Perfect Match (2015) မြန်မာစာတန်းထိုး


Ugly Duckling - Perfect Match (2015) မြန်မာစာတန်းထိုး

မင်္ဂလာပါ၊ K-Drama series တွေနဲ့ လုံးချာလည်လိုက်နေကြတဲ့ ပရိသတ်ကြီးအတွက် ကြားဖြတ်အရသာအသစ်ကလေး အနေနဲ့ Thai Drama Series လေးတစ်ခုကို ရွေးချယ်ထားပါတယ်။ ဇါတ်လမ်းဇါတ်အိမ် ရိုးရှင်းပြီး ခပ်ပြေပြေပြစ်ပြစ် တင်ဆက်လေ့ ရှိတဲ့ T-Drama တွေဟာ .. K-drama ပရိသတ်ကြီးအတွက်.. တမျိုး ဆွဲဆောင်မှု ရှိမျာ အမှန်ပါပဲ။ တကယ်လို့ ပရိသတ်ကြီးဟာ အားလပ်ချိန်မှာ စိတ်ကို မပင်ပန်းစေပဲ.. တစိမ့်စိမ့် ကြည်နူးရမယ့်.. Series ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တယ်ဆိုရင်..  Ugly Duckling ဟာ. သင့်တော်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ကြောင်း.. အသိပေးလိုပါတယ်ခင်ဗျ။
Ugly Duckling ရဲ့ Perfect Match episode မှာ..   Joo ဆိုတဲ့ သူဌေးသမီးလေးတစ်ယောက်ကို အခြေခံဇါတ်အိမ်တည်ထားပါတယ်။ သူမရဲ့ ငယ်ရည်းစားလေးရဲ့ ဝေဖန်ချက်တစ်ခုတည်းနဲ့..  အရှက်သည်းတဲ့ မင်းသမီးကလေး Joo ဟာ.. မျက်နှာကို ကုသမှု ခံယူဖို့.. ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တော့ အရမ်းကြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာလဲ မဟုတ်ခဲ့ပါဘူး။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ...  ဓါတုပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်..  သူမရဲ့ နဂိုနေမျက်နှာလှလှကလေးမှာ..  အကျည်းတန်သွားခဲ့ရပါတော့တယ်။
လူပုံအလယ်မှာ မျက်နှာ မပြရဲတော့တဲ့ joo တစ်ယောက် မိခင်ဆီခွင့်ပန်ပြီး ကျေးလက်ဒေသလေးတစ်ခုဆီမှာ ပညာသင်ကြားဖို့ ပြောင်းရွှေ့ခဲ့ပါတယ်.. ။ ဇါတ်လမ်းလေးရဲ့ အချိုးအကွေ့ကတော့..  အဲ့ဒီနေရာမှာ စတော့တာပါပဲ။ သူမရဲ့ စိတ်ဒါဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို အကောင်းဆုံး ကုသပေးနိုင်မယ့် သူတစ်ယောက် က သူမရဲ့ ဘ၀ထဲကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ Series ရဲ့ Title လို ဘဲရုပ်ဆိုးကလေးတစ်ယောက်
နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြန်ပြီး ချောမော လှပလာမှာလား၊ သူမရဲ့ ဖူးစာရှင်အစစ်က ဘယ်သူဖြစ်လာမှာလဲ.. သူမ ဘ၀ထဲမှာ နောက်ထပ် ဘယ်လို ပြောင်းလဲမှုတွေ ကြုံတွေ့လာရဦးမလဲဆိုတာရယ်
Thai တွေရဲ့ Movie ပိုင်းဆိုင်ရာ အယူအဆလေးတွေရယ်.. သူတို့ ရဲ့ လူနေထိုင်မှု စရိုက်လေးတွေ ထင်ဟပ်ပြထားတာလေးတွေကို ရှုမြင်သုံးသပ်ကြပါဦးလို့...  တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။
GC ရဲ့ Best Translator တွေဖြစ်တဲ့ Scarlet Phoenix နဲ့  Shwesin yamonenar Oo  မှ ဘာသာပြန်ဆိုထားပေးပြီး Encoder မ Sinn Sinn မှ တင်ဆက်ပေးထားပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by - Sugar
Translated by - Scarlet Phoenix/ Shwesin yamonenar Oo
Encoded by - Sinn Sinn

Episode 9

BELOW IS VIP LINK 
Share this article :

+ comments + 1 comments

June 28, 2021 at 2:52 AM

ဘယ်လို downရတာလဲ ခင်ဗျ ကြော်ငြာတွေပဲတက်နေလို့

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger