Latest Movie :

Little man (2006) မြန်မာစာတန်းထိုး



little man ရုပ်ရှင်ဟာ ၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ မှုခင်းဟာသ အမျိုးအစားဖြစ်ပြီး လူပုကလေး Calvin နဲ့ သူ့ဘော်ဒါ Percy တို့ ရတနာဆိုင်တစ်ဆိုင်ကို ကမ္ဘာ့အကြီးဆုံးစိန်တစ်လုံး ခိုးယူဖို့အတွက် ဖောက်ထွင်းဓားပြတိုက်ရာကစပြီး ဇာတ်လမ်းဆင်ထားပါတယ်။ သူတို့အောင်မြင်ပြီးတဲ့နောက် အဖမ်းခံရမလိုဖြစ်ပေမယ့် အနားက အမျိုးသမီးတစ်ယောက်ရဲ့ပိုက်ဆံအိတ်ထဲကို စိန်ထည့်လိုက်ပြီး သူတို့အဖမ်းမခံရအောင်ရှောင်ရှားနိုင်ခဲ့ပါတယ်။ အဲဒီကစပြီး သူတို့ဟာ ပိုက်ဆံအိတ်ပိုင်ရှင် အမျိုးသမီးနောက်ကိုလိုက်ရင်း ကလေးယူဖို့ ဆန္ဒစောနေကြတဲ့ လင်မယားနှစ်ယောက်ကို တွေ့ခဲ့ကြပါတယ်၊ အဲဒီမှာပဲ လူပုကလေးဟာ ကလေးလိုဖြစ်နေတဲ့အတွက် အဲဒီအားသာချက်ကို အသုံးချပြီး သူတို့စိန်ပြန်ရအောင် ကြိုးစားပုံတွေကို ရယ်ကာမောကာခံစားရမှာဖြစ်ပါတယ်။ သူတို့ပဲ စိန်ပြန်ရမလား ဘယ်သူက ပိုင်ရှင်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုကြပါဦး။ ဒီရုပ်ရှင်မှာ စိတ်ဝင်စားစရာက လူပုကလေးနေရာမှာ အရပ် ၂ ပေ ၆ လက်မပဲရှိတဲ့ လူပုသရုပ်ဆောင် Linden Porco က အခြားသရုပ်ဆောင်တွေနဲ့ပေါင်းစပ်ဖန်တီးထားတာပါတဲ့၊ လူနဲ့အရင်ရိုက်ပြီးမှ မျက်နှာတွေ ခေါင်းတွေကို အသေးစိတ်ပြန်ဖန်တီးထားတာပါ။ ဟောလိဝုဒ်ဟာသကားတွေထုံးစံအတိုင်း အလွဲလေးတွေ ပေါက်ကရအဖြစ်အပျက်တွေ ဟာသတွေနဲ့ ပရိသတ်တွေရဲ့ညနေခင်းလေးကို စိုပြေစေမယ့် ဟာသကားလေးဖြစ်ပါတယ်။ ခုပဲ ဒေါင်းပြီးကြည့်လိုက်ကြရအောင်ပါ။

Translated by : Shine Hsu Hsu Naing
Encoded by : Invoker
Quality : 720P Bluray

Share this article :

+ comments + 1 comments

November 30, 2021 at 6:12 AM

Good

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. ရွှေရုပ်ရှင် - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger